Tuesday, January 31, 2012

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်ပါဝင်ရန် လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်ပါဝင်ရန်လိုအပ်ကြောင်းနှင့် တပ်မတော်ပါဝင် ရန် လိုလားကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့သည်။

ထိုသို့ပြောဆိုမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေသောဒီလှိုင်းစာစောင် အတွဲ(၁)၊ အမှတ်(၂) ဇန်န၀ါရီလ ၂၃ ရက်နေ့ထုတ်စာစောင်တွင် ဖော်ပြခဲ့သည့်အင်တာဗျူး၌ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မန္တလး - မြစ်ကြီးနား မီးရထား လမ်းပေါ်တွင် မိုင်းတစ်လုံး ပေါက်ကွဲ

မန္တလေး-မြစ်ကြီးနားရထား ဓါတ်ပုံ(ဖေ့စ်ဘုတ်)
မြန်မာနိုင်ငံ၏ အထက်ပိုင်းသို့ ပို့ဆောင် ဆက်သွယ်ရေး လမ်းတစ်ခု ဖြစ်သော မန္တလေး - မြစ်ကြီးနား မီးရထားပေါ်တွင် ဇန်နဝါရီလ ၂၉ ရက်နေ့ ည ရနာရီ ၄၅ မိနစ်အချိန်က မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ဌာနဆိုင်ရာများနှင့် ဒေသခံများက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။ယင်းပေါက်ကွဲမှုမှာ

စင်္ကာပူက မြန်မာအစိုးရကို ကူညီမည်

ကုန်သွယ်ရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ မြို့ပြစီမံခန့်ခွဲမှု ကဏ္ဍတွေမှာ မြန်မာနိုင်ငံကို နည်းပညာ အကူအညီပေးဖို့ မြန်မာနဲ့ စင်္ကာပူ နှစ်နိုင်ငံခေါင်းဆောင်တွေ ဒီကနေ့ သဘောတူခဲ့ကြပါတယ်။
AFP PHOTO/ROSLAN RAHMAN
သမ္မတ ဦးသိန်းစိန် (ယာ) နှင့် စင်္ကာပူ ၀န်ကြီးချုပ် လီရှန်လုံး (၀ဲ)တို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့က စင်္ကာပူနိုင်ငံတွင် တွေ့ဆုံဆွေးနွေးနေစဉ်။
သမ္မတ ဦးသိန်းစိန်၊ ဇနီး ဒေါ်ခင်ခင်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က စင်္ကာပူနိုင်ငံကို ရောက်ရှိခဲ့တာပါ။ ဒီကနေ့ ကျင်းပတဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကေ ရှန်မူဂမ်တို့က လက်မှတ် ရေးထိုးခဲ့ပါတယ်။

မြန်မာ့​စီး​ပွား​ရေး​ ​ခေတ်မီရန် စင်ကာပူက ကူညီမည်

မန်မာ့​စီး​ ပွား​ရေး​ကို ​ခေတ်မီ​အောင်လုပ်​ရေး​ စင်ကာပူက အကူအညီ​ပေး​ဖို့​ စင်ကာပူကို ​ရောက်​နေတဲ့​ မြန်မာသမ္မတ ဦး​သိန်း​စိန်နဲ့​ စင်ကာပူဝန်ကြီး​ချုပ် လီရှန်လွန်း​တို့​ သ​ဘောတူခဲ့​ကြပါတယ်။
                ဦးသိန်းစိန် (ဓာတ်ပုံ - ရိုက်တာ)
စင်ကာပူနိုင်ငံကို မ​နေ့​က ​ရောက်​နေတဲ့​ မြန်မာသမ္မတ ဦး​သိန်း​နဲ့​ စင်ကာပူ ဝန်ကြီး​ချုပ် လီရှန်လွန်း​တို့​ ဒီက​နေ့​ သ​ဘောတူတဲ့​အထဲမှာ စင်ကာပူက မြန်မာပြည်ကို တရား​ရေး​စနစ်၊​ ဘဏ်စနစ်နှင့်​၊​ ဘဏ္ဍာ​ရေး​ကဏ္ဍမှာ သင်တန်း​တွေ ​ပေး​ဖို့​၊​ စင်ကာပူရဲ့​ အ​ကောင်း​ဆုံး​ ကုန်သွယ်​ရေး​စနစ်၊​ ခရီး​သွား​လုပ်ငန်း​နဲ့​ မြို့​ပြစီမံကိန်း​ကို မျှ​ဝေ​ပေး​ဖို့​ အစီအစဉ်​တွေ ပါဝင်ပါတယ်။

လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့စီးပွားရေး ခြောက်ရာခိုင်နှုန်း တိုးတက်ကာ အာရှဒေသ၏ စီးပွားရေး မျက်နှာစာသစ်တစ်ခု ဖြစ်လာနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ သုံးသပ်

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေး တိုးတက်မှုနှုန်း ၅ ဒသမ ၅ ရှိခဲ့သော မြန်မာ့စီးပွားရေး  သည်လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ခြောက်ရာခိုင်နှုန်း တိုးတက်ကာ အနာဂတ်အာရှဒေသ၏ စီးပွားရေး မျက်နှာစာသစ်တစ်ခု ဖြစ်လာနိုင်သည်ဟု အိုင်အမ်အက်ဖ် (အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့)မှ မြန်မာနိုင်ငံဆိုင်ရာ အဖွဲ့ခေါင်းဆောင် Meral Karasulu က ဇန်န၀ါရီလ ၂၅ ရက် နေ့တွင် သုံးသပ်ပြောကြားခဲ့ပါသည်။

မွန်ပြည်သစ် ကိုယ်စားလှယ်အဖွဲ့ သံဖြူဇရပ်ရောက်


စံခလပူရီ (မဇ္ဈိမ) ။        ။ ဗုဒ္ဓဟူးနေ့တွင် အစိုးရ ကိုယ်စားလှယ်များနှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ အတ္ထရံဟိုတယ်၌ ငြိမ်းချမ်းရေး ဆွေးနွေးမည့် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့သည် သံဖြူဇရပ်မြို့သို့ တနင်္လာနေ့က ရောက်ရှိပြီ
ဖြစ်သည်။

နံနက်ပိုင်းတွင် ဗဟိုဌာနချုပ် ရှိရာ ရေးချောင်းဖျားမှ စတင်ထွက်ခဲ့သည့် ဒု-ဥက္ကဋ္ဌ နိုင်ရော့စ ဦးဆောင်သည့် ဗဟို
ကော်မတီ ၇ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် နေ့လည်ပိုင်းတွင် မွန်ပြည်နယ် ရေးမြို့သို့ ရောက်ရှိရာမှ ညနေ ၃ နာရီကျော်တွင် သံဖြူဇရပ်မြို့သို့ ရောက်ရှိကာ ကြံ့ခိုင်ရေးရပ်ကွက်ရှိ ဟံသာထော ဘုန်းတော်ကြီးကျောင်းတွင် တည်းခိုမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဇန်နဝါရီလ ၃၁ ရက်နေ့ (မနက်ဖြန်) တွင် ပခုက္ကူသို့ နေ့ချင်းပြန် ခရီးစဉ် သွားရောက်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၃၁ ရက်နေ့ (မနက်ဖြန်) တွင် ပခုက္ကူသို့ နေ့ချင်းပြန် ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ခရီးစဉ်သို့ ပြည်တွင်း ပြည်ပမီဒီယာများ တစ်ပါတည်း လိုက်ပါ သတင်းရယူမည် ဖြစ်သည်။
The Voice (Facebook)

" လာမယ့် ရွေးကောက်ပွဲမှာ မဲဘယ်လို ပေးကြမလဲ "

ပြည်သူ့ခေတ် ဂျာနယ်က စီစဉ်သည့် တရားရုံးချုပ် ရှေ့နေ မောင်ကိုနီ ၏ " လာမယ့် ရွေးကောက်ပွဲမှာ မဲဘယ်လို ပေးကြမလဲ " စာအုပ် မိတ်ဆက်ပွဲနှင့် လှူဒါန်းပွဲ အခမ်းအနားကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။
The Voice Weekly

ငါးထောင်တန် SIM ကဒ် ရောင်းချနိုင်ရန် ရွှေပြည်တံခွန်ကုမ္မဏီက ဆက်လက်လုပ်ဆောင်သွားမည်

ရွှေပြည်တံခွန်ကမ္မဏီအနေဖြင့် ငါးထောင်တန် SIM ကဒ်ရောင်းချပေးနိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြာင်း ယနေ့နေ့လည် ထရိတ်ဒါးဟိုတယ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ပြောဆိုလိုက်သည်။

“ကျွန်တော်တို့သတင်းထုတ်ပြန်ထားတဲ့ အချက်အမှတ်ငါး မှာပါထားတဲ့ အတိုင်းဆက်လုပ်မှာ ဖြစ်ပါတယ်”ဟု ရွှေပြည်တံခွန် ကုမ္မဏီ၏ စီမံချက်ဒါရိုက်တာ ဦးရဲထွဋ်ဝင်းက ပြောသည်။

ရွှေပြည်တံခွန်ကုမ္ပဏီမှ တာဝန်ရှိသူတို့ကို ယနေ့သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်

ယင်း ရွှေပြည်တံခွန်ကုမ္ပဏီ၏ ထုတ်ပြန်ချက် အမှတ် STPG002  အမှတ် ငါးတွင် ရွှေပြည်တံခွန်မှ မူလကပေးခဲ့သည့်အတိုင်း လူတစ်ဦးမှတ်ပုံတင်တစ်ခုလျှင် SIM Card တစ်ခု (ကျပ် ၅၀၀၀)  နှုန်းဖြင် ရောင်းချနိုင်ရန် နိုင်ငံတော်၏ မူဝါဒနှင့်အညီ အောင်မြင်အောင်စီမံကြိုးပမ်းဆောင်ရွက်တော့မည် ဖြစ်သည်ဟုပါရှိသည်။

ထားဝယ်မြို့ မှာဟောပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း (အသံဖိုင်)



                                           
Lecture of AungSanSuuKyi  [Dawei] by MOE THOUT PAN
ထားဝယ်မြို့မှာ ဟောပြောခဲ့တဲ့ အမေစုရဲ့ ဟောပြောချက်လေးပါ..
နေရာ - ဗိုလ်ချုပ်လမ်း တော်ဝင်ဦးဘေဘီစတိုး / အချိန် - မွန်းလွဲ ၄း၀၀
မိတ်ဆွေများအားလုံး လွတ်လပ်စွာ Sharing လုပ်နိုင်ပါတယ်....
မိုးသောက်ပန်း

ငွေလဲလျှင် စာရွက်ပြစရာမလိုတော့ပါ

(၁-၂-၂၀၁၂) မှစတင်ပြီး အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ မည်သည့် ငွေလဲကောင်တာ (Money Changer)တွင်မဆို အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့်ညီမျှသော အမေရိကန်ဒေါ်လာ၊ စင်္ကာပူဒေါ်လာ၊ ယူရိုငွေကြေးများကို မည်သည့်စာရွက်စာတမ်းမျှ တင်ပြစရာမလိုဘဲ လွတ်လပ်စွာ လဲလှယ်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ရွေးကောက်ပွဲဝင်ခြင်း အဓိကရည်ရွယ်ချက်မှာ အခြေခံဥပဒေကိုပြင်ဆင်ရန်ဟု ဟု ဒေါ်အောင်ဆန်းစုကြည်ကဆို

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ရွေးကောက်ပွဲ မဲဆွယ်ခရီးစဉ် အဖြစ် ထားဝယ် မြို့သို့ရောက်ရှိစဉ်အတွင်း ပြောကြားသည့် မိန့်ခွန်း၌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်သည့် အဓိကဦးတည်ချက်မှာ

ဒေါ်စုရဲ့နေ့ချင်းပြန် ထားဝယ်ခရီး

ဓာတ်ပုံ REUTERS

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့နယ် ရေဖြူကျေးရွာမှာ မိန့်ခွန်းပြောကြားနေစဉ်။ (ဇန်န၀ါရီလ ၂၉၊ ၂၀၁၂)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့ချင်းပြန်ခရီးနဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အနီးတ၀ိုက်မှာရှိတဲ့ မြို့နယ်တွေကို စည်းရုံးရေးခရီး ထွက်ခဲ့ပါတယ်။ လမ်းတလျှောက်မှာ ထောင်သောင်းချီတဲ့ လူအုပ်ကြီးက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး

သမ္မတ ဦးသိန်းစိန် စင်္ကာပူနိုင်ငံကို ချစ်ကြည်ရေးခရီးထွက်ခွာ

သမ္မတ ဦးသိန်းစိန်နဲ့ မိသားစုဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ခရီးစဉ်အဖြစ် နေပြည်တော်ကနေ စင်္ကာပူနိုင်ငံကို ဒီကနေ့ ထွက်ခွာသွားပါတယ်။
 
AFP
Burmese President Thein Sein (C) arrives in Indonesia's Bali island resort to attend an ASEAN summit, Nov. 16.
ပြီးခဲ့တဲ့ မတ်လ သမ္မတအဖြစ် အာဏာရယူပြီးကတည်းက စင်္ကာပူနိုင်ငံကို သမ္မတ ဦးသိန်းစိန် ပထမဆုံး ချစ်ကြည်ရေး ခရီးစဉ် သွားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက သမ္မတ ဦးသိန်းစိန်ဟာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး K Shanmugam နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်က စင်္ကာပူ အစိုးရက နာဂစ်မုန်တိုင်းသင့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က ကျေးရွာ ၂၅ အတွက် အ၀ီစိတွင်း တွေလှူဒါန်းခဲ့ပါတယ်။

Sunday, January 29, 2012

အိမ်ထောင်ကျခြင်း

၁။အိမ်ထောင်မပြုမီ အမျိုးသားက အမျိုသမီးလက်ကိုကိုင်၍
   လမ်းလျှောက်ခြင်းမှာ အချစ် ဖြစ်သည်။
    အိမ်ထောင်ပြုပြီး အမျိုးသမီးလက်ကိုကိုင်၍ လမ်းလျှောက်
    ခြင်းမှာ မိမိကိုယ်ကိုကာကွယ်ထားခြင်း ဖြစ်သည်။
၂။အိမ်ထောင်ပြုခြင်းမှာ ရန်သူနှင့်အတူအိပ်ရသော တစ်ခုတည်း
    သောစစ်ပွဲဖြစ်သည်။
၃။အိမ်ထောင်ပြုပြီးပါက ယောင်္ကျားက မိန်းမနှင့်စကားစမည်
    ပြောချင်သည်။မိန်းမက ကွက်စိပ်ဆရာလိုပြောချင်သည်။
၎။ အိမ်ထောင်ပြုချိန်ဆိုသည်မှာ ယောင်္ကျားကဘွဲ့တစ်ခုရရှိပြီး
    မိန်းမကမဟာဘွဲ့ရရှိချိန်ဖြစ်သည်။
၅။လက်ထပ်ထိမ်းမြားခြင်းမှာ ချစ်ခြင်းမေတ္တာပင် ဖြစ်သည်။
    အချစ်မှာ မျက်စိမရှိ၊ ထို့ကြောင့် လက်ထပ်ထိမ်းမြားခြင်းမှာ
    မျက်မမြင်တို့ ခိုကိုးရာဖြစ်သည်။

(7Day News မှ ကူးယူဖြော်ပပါသည်။)

အလုပ်နှင့်ထောင်

၁။သင်ထောင်ကျနေပါက ရှစ်ပေ၊ဆယ်ပေအခန်းထဲတွင်နေရသည်။
   အလုပ်ထဲတွင်မှု ခြောက်ပေ၊ရှစ်ပေအကန့်လေးထဲတွင် အလုပ်လုပ်ရသည်။
၂။ထောင်ထဲတွင် တစ်နေ့သုံးကြိမ် ထမင်းအဆင်သင့် စားရသည်။
   အလုပ်ထဲတွင် နေ့လည်စာစားဖို့ အချိန်လုနေရသည်။
၃။ထောင်ထဲတွင် ကောင်းကောင်းနေပါက လျှော့ရက်ရသည်။
   အလုပ်ထဲတွင် ကောင်းကောင်းလုပ်ပါက အလုပ်များများပိုလုပ်ရသည်။
၎။ထောင်ထဲတွင် တီဗီကြည့်ပြီးတီဗီဂိမ်းကစားနှိင်သည်။
   အလုပ်ထဲတွင် တီဗီကြည့်၊ဂိမ်းကစားပါက အလုပ်ပြုတ်သွားလိမ့်မည်။

(7Day News မှ ကူးယူဖော်ပြပါသည်။)