Thursday, February 9, 2012

မိလ္လာကန်အတွင်း ဆင်းရာမှ လူ ၄ ဦးသေဆုံး

မကွေးတိုင်း ပွင့်ဖြူ မြို့နယ်ရှိ လယ်မကျေးရွာ၌ ရေဆိုးထုတ်ရန် မိလ္လာ ကန်အတွင်း ဆင်းသူ ၄ ဦး သေဆုံးမှု တခု ဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီ ၇ ရက်နေ့က လွန်ခဲ့သော ၁၀နှစ် ခန့်ကတည်းက အသုံးပြုခဲ့သည့် ယင်းမိလ္လာကန်အတွင်းသို့ အိမ်ရှင် ဦးတင်ငွေ ဆိုသူနှင့် အဖော် ၅ ဦး ဆင်းသက်ခဲ့ရာ ကန်အတွင်းရှိ ပြင်းထန်သော အနံ့ဆိုးများကြောင့် အောက်ဆီဂျင်ပြတ်လပ်၍ ဦးတင်ငွေ အပါအ၀င် ၄ ဦး သေဆုံးပြီး ကျန်၂ ဦးမှာ ဆေးကုသမှု ဆက်လက် ခံယူနေရဆဲ ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြ သည်။ 

မိလ္လာကန်ထွက် ဘိုင်ဂက်စ်မှာ ပြင်းထန်သော အဆိပ် ဓာတ်ငွေ့ဖြစ်သည်ဟုလည်း ဆိုသည်။

ရှမ်းပြည်တပ်မတော် ထိန်းချုပ် နယ်မြေတွင် တိုက်ပွဲဖြစ်ပွား

မြန်မာအစိုးရနဲ့  မကြာသေးခင်ကမှ  အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားတဲ့  ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (အာစီအက်စ်အက်စ်) တပ်တွေနဲ့ အစိုးရတပ်တွေ အကြား တိုက်ပွဲတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားနေပါတယ်။

ရှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ် (ဓာတ်ပုံ - အံ့ဘုန်းမြတ်)
ရှမ်းပြည်တပ်မတော် အမှတ် ၁ စစ်ဒေသထိန်းချုပ်နယ်မြေ တခုဖြစ်တဲ့ တာချီလိတ်မြို့နယ် အနောက်မြောက်ဘက်မှာ အစိုးရ တပ်ရင်း ခလရ ၂၁၁၊ ခမရ ၅၇၀ ၊ ၅၇၂ က တပ်ဖွဲ့ဝင်တွေနဲ့ ရှမ်းပြည်တပ်မတော်တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ ဆုံဆွေးနွေး


 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးတို့ ယနေ့ညနေ ၆ နာရီ ၂၀ မိနစ် ဝန်းကျင်က တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။  
From သစ်ထူးလွင်(MNN)

လှိုင်သာယာအလုပ်သမားအရေး အိုင်အယ်အိုကို တင်ပြမည်

ရန်ကုန်၊ လှိုင်သာယာစက်မှုဇုန်ထဲက တိုင်ရီ ဖိနပ်စက်ရုံမှာ ၄ ရက် ဆက်တိုက် ဆန္ဒပြနေတဲ့ အလုပ်သမားတွေက သူတို့ရဲ့ နစ်နာမှုတွေကို ဥပဒေကြောင်းကနေ တောင်းဆိုသွားဖို့ စီစဉ်နေပါတယ်။
အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)၊ အစိုးရ တာဝန်ရှိသူတွေကို တင်ပြသွားမယ်လို့ ဆန္ဒပြ အလုပ်သမားတွေကို ကူညီပေးနေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးက ပြောပါတယ်။

ရင်မောစရာ Valentine’s Day



နိုင်ငံခြားအသံလွှင့်ဌာနတစ်ခုက ကျွန်တော့်ကို လှမ်းဆက်သွယ်ပြီး မေးမြန်းပါရစေလို့ ခွင့်တောင်းလာပါတယ်။ မေးလိုတဲ့အကြောင်းအရာကတော့ Valentine’s Dayလို့ ခေါ်တဲ့ ချစ်သူများနေ့နဲ့ ပတ်သက်လို့ပါတဲ့။
ပြောချင်နေတာကြာပြီဖြစ်တာမို့ ပြောဖြစ်ခဲ့ပေမယ့် လက်တန်းပြောတာမို့ အချက်အလက်အပြည့်အစုံ ပါမသွားဘူး။ အချိန်ကလည်းတိုတာကိုး။ ဒါနဲ့ကျွန်တော့်ရဲ့ မန္တလေးအက်(ဖ်)အယ်(မ်)က ရေဒီယိုအစီအစဉ်မှာ တင်ဆက်ဖို့ရည်ရွယ်ပြီး စာမူရေးဖြစ်ခဲ့ပါတယ်။ အဲဒီ့စာမူလေးကိုပဲ ရေဒီယိုနားမထောင်ဖြစ်သူ ဂျာနယ်ပရိသတ်များအတွက် အနည်းငယ်တည်းဖြတ် တင်ဆက်ပေးပါရစေလားခင်ဗျာ။

ကျောင်း​သား​တပ်မ​တော်နှင့်​အစိုး​ရ ငြိမ်း​ချမ်း​ရေး​ ပဏာမ​ဆွေး​နွေး




                          ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် (ဓာတ်ပုံ - အေဘီအက်စ်ဒီအက်ဖ်)

 အစိုး​ရကို လက်နက်ကိုင် တိုက်ပွဲဝင်​နေတဲ့​ ​ကျောင်း​သား​တပ်မ​တော်နဲ့​အစိုး​ရငြိမ်း​ချမ်း​ရေး​အဖွဲ့​ ဒီက​နေ့​ ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ပါတယ်။

မြန်မာနိုင်ငံလုံး ​ဆိုင်ရာ ​ကျောင်း​သား​များ​ဒီမိုကရက်တစ်တပ်ဦး​ (​အေဘီအက်စ်ဒီအက်စ်) က ကိုယ်စား​လှယ်အဖွဲ့​နဲ့​ မြန်မာအစိုး​ရရဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ရေး​အဖွဲ့​၊​ အဖွဲ့​ဝင် သီရိပျံချီ ဦး​စောခင်စိုး​ ဦး​ဆောင်တဲ့​ ကိုယ်စား​လှယ်အဖွဲ့​တွေ ဒီက​နေ့​မွန်း​လွဲပိုင်း​က ထိုင်း​-မြန်မာ နယ်စပ်မဲ​ဆောက်မြို့​မှာ ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ပါတယ်။

မတ်လအတွင်း ချပေးမည့် ဂျီအက်စ်အမ်ဖုန်းမှာ ကျပ်နှစ်သိန်းအထက်တွင်သာ ရှိမည်ဟုဆို

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ မတ်လအတွင်း ချပေးဖွယ်ရှိသည့် ဂျီအက်စ်အမ်ဖုန်းများနှင့် ပတ်သက်၍ ကျပ်တစ်သိန်းခွဲခန့်ဖြင့်သာ ရောင်းချမည်ဟု သတင်းအချို့ ထွက်ပေါ်လာပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်းဌာနသို့ ဆက်သွယ်မေးမြန်းရာ ယင်းမှာမဖြစ်နိုင်ကြောင်း၊ ဈေးနှုန်းအတိအကျ မသတ်မှတ်ရသေး သော်လည်း ကျပ်နှစ်သိန်းနှင့် ကျပ်သုံးသိန်းကြားတွင်သာ ဈေးနှုန်း သတ်မှတ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အမ်အေအိုင် လေကြောင်းလိုင်း လုံခြုံရေးတိုးမြှင့်

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (အမ်အေအိုင်) ကို ဖေဖော်ဝါရီလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ဗုံးခွဲဖို့ ခြိမ်းခြောက်တဲ့ သတိပေးစာကြောင့် အမ်အေအိုင် လေကြောင်းလိုင်းရဲ့ လုံခြုံရေး တိုးမြှင့်လုပ်ဆောင်နေတယ်လို့ လေကြောင်းလိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ရန်ကုန်ကနေ ဘန်ကောက်ကို  ပျံသန်းမယ့် အမ်အေအိုင် လေကြောင်း ခရီးစဉ်တခုကို ဗုံးခွဲမယ့် သတင်းတွေ လူမှုကွန်ရက် ၀က်ဆိုဒ်တွေမှာ ခုရက်ပိုင်းအတွင်း ပျံ့နှံ့နေတာပါ။

ရင်းနှီးမြုပ်နှံမှု ဥပဒေအရ အကာအကွယ်ပေးမှု မြန်မာ အားနည်းလွန်း

မြန်မာနိုင်ငံဟာ ရင်းနှီးမြုပ်နှံမှုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဥပဒေအရ အကာအကွယ်ပေးမှု အနည်းဆုံး နိုင်ငံတနိုင်ငံဖြစ်တယ်လို့ အင်္ဂလန်အခြေစိုက် Maplecroft စီးပွားရေးလုပ်ငန်းများဆိုင်ရာ သုတေသနအဖွဲ့တခုရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ရှိပြီးသားဖြစ်ပြီး၊ ဒီ ဥပဒေတွေကို လက်တွေ့အကောင်အထည်ဖော်မှုပိုင်း အားနည်းချက်သာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တဦးကတော့ သုံးသပ်ပြပါတယ်။

MAX ဇော်ဇော် နှင့် တတိယမြောက်ဓါတ်ပုံ

မယ်လိုဒီ ၊ ဂျင်းနီး ၊ ချောရတနာ ၊ MAXဇော်ဇော်

မြန်မာနိုင်ငံပညာရေးကို ပြန်လည်ဆန်းစစ်၍ ပြုပြင်ပြောင်းလဲဆောင်ရွက်ရန်အဆိုကို လွှတ်တော်အတည်ပြု



မြန်မာနိုင်ငံပညာရေးကို ပြန်လည်ဆန်းစစ်၍ ပြုပြင်ပြောင်းလဲဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ ဒေါက်တာမြင့်ကြည်ကအဆိုပြုခဲ့ရာ အတည်ပြုခဲ့ကြောင်း သိရှိရသည်။

 နိုင်ငံခြားငွေများအား ဘဏ်စာရင်းပြောင်းနည်းဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှစကာ ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်တွင် ရောင်းဝယ်နိုင်

ပြည်တွင်းရှိ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းများ၊ တစ်ဦးချင်း နိုင်ငံခြားငွေစာရင်းပိုင်ရှင်များအနေဖြင့် မိမိတို့ စာရင်းတွင်ရှိသော နိုင်ငံခြားငွေများကို ဘဏ်စာရင်းပြောင်းနည်း (Account Transfer) ဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှစကာ ရောင်းဝယ်နိုင်ကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။

ကမ္ဘာလှည့်ခရီးသွား အမြောက်အမြား ၀င်ရောက်လာခြင်းကြောင့် ၀န်ဆောင်မှုပိုင်းတွင် အားနည်းချက်များ ကြုံတွေ့လာ

ပုဂံဒေသသို့ ယခုနှစ်ခရီးသွားရာသီအတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် အမြောက်အမြား ၀င်ရောက်လာရာ ခရီးသွားလုပ်ငန်း၏ ၀န်ဆောင်မှုကဏ္ဍအသီးသီးတွင် အားနည်းချက်များဖြင့် ကြုံတွေ့ခဲ့ရကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရှိရပါသည်။

''ပုဂံတစ်ခုတည်း မဟုတ်ပါဘူး။ ဒီနှစ်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ အားနည်းချက်တွေက နေရာတိုင်းပဲ။ ကုမ္ပဏီတွေအနေနဲ့ လေယာဉ်လက်မှတ်ကစလို့ ဟိုတယ်၊ ကား၊ ဂိုက်ဖြစ်သလို စီစဉ်ပေးလိုက်ရတာ အများကြီး။ Last minute  မှ စီစဉ်ရတဲ့ ခရီးသွားတွေ ပိုဆိုးတယ်''ဟု ရန်ကုန်မှ လာသော ကုမ္ပဏီဧည့်လမ်းညွှန်တစ်ဦးက ပြောပါသည်။

ရန်ကုန်လေဆိပ်ခြိမ်းခြောက်စာ ဘန်ကောက်သံရုံးရရှိ

ဒီနေ့ ဖေဖော်ဝါရီလ ၈ ရက်နဲ့ မနက်ဖြန် ၉ ရက်နေ့တွေမှာ ရန်ကုန်လေဆိပ်ကို တိုက်ခိုက်မှုလုပ်မယ် ဆိုတဲ့ ခြိမ်းခြောက်စာတစောင်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှု တန်ပြန်ရေး ကျွမ်းကျင်သူတွေက အလာရဲ့သားတော်များလို့ဆိုတဲ့ဆီက စာဟာ ခြိမ်းခြောက်စာ အစစ်အမှန်မဟုတ်ဘူးလို့ ပြောပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က စုံစမ်းတင်ပြထားပါတယ်။