Saturday, February 11, 2012
ကော့မှူးမြို့နယ်တွင် အဓိက အရေးကြီးဆုံးအရာမှာ အလုပ်အကိုင် ဖန်တီးပေးရေး ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို
ကော့မှူးမြို့နယ်
မှ ၀င်ရောက်အရွေးခံမည့် ဒေါ်အောင်ဆန်းစုကြည်မှာ ၀ါးသင်္ခကျေးရွာတွင်
သန်းခေါင်စာရင်း ၀င်လိုက်သဖြင့် ၀ါးသင်္ခကျေးရွာစာရင်တွင်
ပါဝင်သွားခြင်းအတွက် ၀ါးသင်္ခကျေးရွာသားများက ဂုဏ်ယူလျက်ရှိကြသည်ဟု
ပြောဆိုသည်။
ယင်းကျေးရွာတွင်
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းဟောပြောရာသို့ ကျေးရွာနှင့်
အနီးအနားကျေးရွာများမှ လူပရိတ်သတ် အနည်းဆုံး ၇၊ ၈ ထောင်ကျော်
လာရောက်ခဲ့ကြသည်။
နေပြည်တော်တွင် ဓာတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့
နေပြည်တော်၊
ဇမ္ဗူသီရိမြို့နယ်၊ ရာဇသဂ်ဟလမ်းမအနီးရှိ၊ ဓာတ်ဆီဆိုင်အမှတ်(0345)တွင်
(11.2.2012)ရက်နေ့ (13း00)နာရီခန့်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ
ဆီဘောက်ဆာကားတစ်စီးမီးလောင်ပျက်
စီးခဲ့ပြီး လူ(1)ဦးဒဏ်ရာရရှိခဲ့ကြောင်းနှ
င့် (13း42)အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရပါသည်။
Myanmar News Now
Myanmar News Now
ဘားကမ့်ပရန်ကုန်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း
![]() |
| ဓါတ်ပုံ(MRTV-4) |
ဖေဖေါ်ဝါရီ ၁၁၊ ၂၀၁၂ (YPI)
"ဘာပညာမဆိုကောင်းတဲ့ ဘက်ရှိသလို ဆိုးတဲ့ဘက်ရှိပါတယ် အခု
နည်းပညာလူငယ်ရှင်များဟာ ကောင်းတဲ့ဘက်ကို သုံးသွားကြပါ။
barcamp 2012 yangon သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အားပေး (ဓါတ်ပုံ)
![]() |
| barcamp 2012 သို့  ၇း၄၅ မိနစ်တွင် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ ရစဉ်။ |
မလေးရှားကနေ ဧရာဝတီဘဏ်ကို တိုက်ရိုက်ငွေလွှဲနိုင်ပြီ
![]() |
| မလေး ( May )ဘဏ် |
မလေးရှားနိုင်ငံကနေ
မြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံကို ၉ ရက်နေ့ကစပြီး ဧရာဝတီဘဏ်ခွဲတိုင်းက
တစ်ဆင့်ငွေလွှဲလို့ရပြီလို့ သိရတယ်။
မလေးရှားကနေ သည်ကိုငွေလွှဲတဲ့အခါ
ငွေလွှဲခနှုန်းက မလေးငွေရင်းဂစ် ၁၅၀၀ ထိလွှဲရင် ငွေလွှဲပို့ခ ၁၂ ရင်းဂစ်ယူမှာပါ။
ရင်းဂစ် ၁၅၀၀ ကနေ ၃၀၀၀ ထိဆိုရင် ၁၅ ရင်းဂစ်ပါ။ ၃၀၀၀ ကနေ ၆၀၀၀
ထိလွှဲမယ်ဆိုရင်တော့ ၂၀ ရင်းဂစ်ကျတယ်လို့ ဧရာဝတီဘဏ်မှ မန်နေးဂျင်း ဒါရိုက်တာ
ဦးသန်းဇော်က ပြောပါတယ်။
ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့
မြန်မာအစိုး
ရနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ငြိမ်းချမ်းရေး သဘောတူညီမှု ရထားတဲ့
ကေအန်ယူ / ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဟာ ဒီကနေ့
ညနေပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ
သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ငြိမ်း
ချမ်ရေးကောင်စီ ဥက္ကဋ္ဌ စောဌေးမောင်နဲ့အတူ အဖွဲ့ဝင် ၁၄ ဦး
လိုက်ပါသွားပြီး ဒေသဖွံ့ဖြိုးရေးကိစ္စတွေနဲ့ တိုင်းရင်းသားအရေး
ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။အရှင်ဂမ္ဘီရ ပြန်လွတ်
သောကြာနေ့မနက် ၂ နာရီ ပတ်ဝန်းကျင်မှာ အာဏာပိုင်တွေက လာခေါ်သွားတဲ့
အရှင်ဂမ္ဘီရကို သောကြာနေ့ညဘက်မှာ မဂ္ဂင်ကျောင်းတိုက်ဆီ ပြန်ပို့ပေးခဲ့ပါတယ်။
အာဏာပိုင်တွေက ဘာ့ကြောင့် လာပင့်သွားတယ်၊ ဘယ်ကိုခေါ်သွားတယ်၊
ဘာတွေပြောဆိုခဲ့ကြတယ် ဆိုတာတွေကို တိတိကျကျ မသိရသေးပေမဲ့ သူ့ကို
ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ကျန်းကျန်းမာမာလည်း ရှိနေပါတယ်လို့
ပြန်ရောက်လာပြီးတဲ့နောက် အရှင်ဂမ္ဘီရက ဖုန်းဆက် မိန့်ကြားခဲ့ကြောင်း
အစ်မတော်ဖြစ်သူ မခင်သူဌေးက ပြောပါတယ်။
ယူနက်စကိုဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံယူ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို (UNESCO) ကုလသမဂ္ဂ ပညာရေး၊
သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ကြီးက ယူနက်စကို မဒမ်ဂျတ်ဆင်းဂ်ဆု
(UNESCO-Madanjeet Singh Prize) လာရောက် ချီးမြှင့်လိုက်ပါတယ်။
(UNESCO-Madanjeet Singh Prize) လာရောက် ချီးမြှင့်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆုလက်ခံရယူနေစဉ် (ဓာတ်ပုံ - ရိုက်တာ)
ပြင်သစ်အခြေစိုက်
ယူနက်စကို ညွှန်ကြားရေးမှူးချုပ်ရုံးက အမှုဆောင်ညွန်ကြားရေးမှူး မစ္စတာ
ယူဟေးဟိုဆိုယာနဲ့ အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဒီကနေ့
မနက်ပိုင်းမှာ သွားရောက်ပြီး ဆုပေးအပ်လိုက်တာပါ။



