Wednesday, February 15, 2012

ပြည်ပရောက်မြန်မာများ နိုင်ငံမဲ့မဖြစ်စေရဟု သူရဦးရွှေမန်း ပြောကြား

ပြည်သူု့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်၊ ဒုတိယအတွင်းရေးမှူး ချုပ်မစ္စတာ ဗီဂျေနမ်ဘီးယား အား ပြည်ထောင်စုလွှတ်တော် အဆောက်အအုံတွင် ယနေ့ နေ့လယ်ပိုင်းက လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာကို စီးပွားရေးအတွက်သာ မရှုမြင်ရန် တရုတ်အား ဒေါ်အောင်ဆန်းစုကြည် ပြော

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်အနေဖြင့် မြန်မာနိုင်ငံအား စီးပွားရေး လုပ်ကွက် တခုအဖြစ်သာ မရှုမြင်ရန် ပြောဆိုလိုက်သည်။
                         Southern People Weekly မဂ္ဂဇင်း မျက်နှာဖုံး
တရုတ်နိုင်ငံ Guangdong အခြေစိုက် Southern People Weekly မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုထားခြင်းဖြစ်သည်။

ပဒိုမန်း​ငြိမ်း​မောင်အမှုတွင် တာဝန်ရှိသူများ​၏ ​ပြောကြား​ချက်သည် တရား​ရုံး​ကို မထီမဲ့​မြင် ပြုလုပ်ဟုဆို

ပဒိုမန်း ငြိမ်း မောင်


ပဒိုမန်း​ ငြိမ်း​မောင်အမှုနဲ့​ ပတ်သက်လို့​ သက်ဆိုင်ရာ တာဝန်ရှိသူ​တွေရဲ့​ ဂျာနယ်​တွေမှာ ​ပြောဆိုချက်​တွေဟာ တရား​ရုံး​ကို မထီမဲ့​မြင်ပြုလုပ်ချက်​တွေ ဖြစ်တယ်လို့​ ပဒိုမန်း​ငြိမ်း​ဘက်က လိုက်ပါ​ဆောင်ရွက်တဲ့​ ဥပ​ဒေအကြံ​ပေး​ ဦး​အောင်သိန်း​က ​ဝေဖန် ​ပြောဆိုလိုက်ပါတယ်။

စစ်တပ်လွှမ်းမိုးမှု လျှော့ချရေး လွှတ်တော်တွင်း ဆွေးနွေး

တပ်မတော်နှင့် ပြည်သူအကြား နားလည်မှု ပြန်လည် တည်ဆောက်၍ ပြည်သူ၏ ယုံကြည် အားထားမှု ရယူနိုင်ရေးနှင့် ပတ်သက် ပြီး လွှတ်တော် ကိုယ်စားလှယ်များကဆွေးနွေး တောင်းဆိုကြကြောင်း သိရသည်။

                                                                                                         
စစ်တပ်၏ အခန်းကဏ္ဍ လွှမ်းမိုးကြီးစိုးနေခြင်းကို လျှော့ချပြီး ပြည်တွင်းစစ်ရပ်စဲ၍ ပြည်ပရန် ကာကွယ်ရေး အတွက်သာ ဦး တည်ရေး၊ ကြည်း၊ ရေ၊ လေ တပ်မတော်သုံးရပ် စလုံးကို တပြေးညီ ကျစ်လျစ်ခေတ်မီရေး စသည်တို့ကို ကိုယ်စားလှယ်များက တင်ပြဆွေးနွေး ခဲ့ကြကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်  ဒေါက်တာ အေးမောင် က ပြောသည်။

စင်ကာပူ စီး​ပွား​ရေး​ကုမ္ပဏီများ​ မြန်မာပြည်တွင် အခွင့်​အလမ်း​ရှာ

မြန်မာပြည်မှာ လာ​ရောက်ရင်း​နှီး​မြှုပ်နှံဖို့​ ရည်ရွယ်ချက်နဲ့​ စင်ကာပူ စီး​ပွား​ရေး​ကုမ္ပဏီ ၇၀ ​ကျော်က ကိုယ်စား​လှယ်​တွေ ၁၀၀ ​ကျော် ပါဝင်တဲ့​ အဖွဲ့​ဟာ အစိုး​ရ ရုံး​စိုက်တဲ့​ ​နေပြည်​တော် ကို ​ရောက်​နေပါတယ်။
ခရီး​သွား​ဝန် ​ဆောင်မှု ကုမ္ပဏီ၊​ ​ငွေ​ကြေး​စီမံခန့်​ခွဲမှုလုပ်ငန်း​၊​ ကုန်သွယ်​ရေး​၊​ စက်မှုလုပ်ငန်း​၊​ ​ရေနံနဲ့​ သဘာဝဓာတ်​ငွေ့​ထုတ်လုပ်မယ့်​ စွမ်း​အင်ကုမ္ပဏီ​တွေက ကိုယ်စား​လှယ်​တွေဟာ ဒီက​နေ့​ သမ္မတဦး​သိန်း​စိန်၊​ ဝန်ကြီး​ဌာန​တွေက အရာရှိ​တွေနဲ့​ သီး​ခြား​ ​တွေ့​ဆုံခဲ့​တယ်လို့​ သိရပါတယ်။

ဒေါ်စု မရမ်းကုန်းနဲ့လှည်းကူး မဲဆွယ် စည်းရုံးရေးဆင်း

ဓာတ်ပုံ ASSOCIATED PRESS
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှည်းကူး စည်းရုံးရေးခရီးစဉ်မှာ ပြည်သူလူထုကို မဲဆွယ်စည်းရုံးနေစဉ်။ ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၁၂။



ကြားဖြတ်ရွေးကောက်ပွဲအတွက် မရမ်းကုန်းမြို့နယ်နဲ့ လှည်းကူးမြို့နယ်တွေကို ပါတီစည်းရုံးရေးခရီး ဒီကနေ့ သွားရောက်ခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က - လူထုတွေအနေနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်ပြီးတော့ - လစ်လပ် မဲဆန္ဒနယ်မြေအားလုံးမှာ NLD အနိုင်ရဖို့အတွက် - NLD ကိုယ်စားလှယ်လောင်းတွေကို မဲပေးထောက်ခံကြဖို့ အတွက် တိုက်တွန်းပြောဆိုသွားပါတယ်။

မြန်မာပြည်မှာ အထင်ကြီး​စရာ အ​ခြေအ​နေ ​တွေ့​ခဲ့​ရဟု ဂျိုး​ဇက်စတစ်ဂလစ် ​ပြော

မြန်မာပြည်ကို စီး​ပွား​ရေး​အကြံ​ပေး​ဖို့​ သွား​ရောက်ခဲ့​တဲ့​ ထင်ရှား​တဲ့​ စီး​ပွား​ရေး​ပညာရှင် ဂျိုး​ဇက်စတစ်ဂလစ်က မြန်မာပြည်မှာ အရင်နဲ့​မတူ အထင်ကြီး​လောက်စရာ အ​ခြေအ​နေ​တွေကို ​တွေ့​ခဲ့​ရတယ်လို့​ ​ပြောပါတယ်။
ဂျိုး​ဇက်စတစ်ဂလစ်(ဓာတ်​ပုံ-​ရိုက်​တာ)
မြန်မာသမ္မတ ဦး​သိန်း​စိန်၊​ အစိုး​ရပိုင်း​က ဝန်ကြီး​တွေ၊​ အရပ်ဘက် အဖွဲ့​အစည်း​တွေနဲ့​ ​တွေ့​ဆုံခဲ့​တဲ့​ ဂျိုး​ဇက်စတစ်ဂလစ်က အခုခရီး​စဉ်မှာ ၂၀၀၉ ခုနှစ် ခရီး​နဲ့​ မတူတဲ့​ တိုး​တက်မှု​တွေကို ​တွေ့​ခဲ့​ရတဲ့​အ​ကြောင်း​ ဒီဗွီဘီနဲ့​ သီး​သန့်​ ​မေး​မြန်း​ခန်း​မှာ ​ပြောပါတယ်။

တာချီလိတ်တွင် စိတ်ကြွဆေးပြား ၈ သန်းကျော်နှင့် လက်နက်များ ဖမ်းမိ

ရှမ်းပြည်အရှေ့ပိုင်း ထိုင်းနိုင်ငံ နယ်စပ် တာချီလိတ်မြို့တွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၈ သန်း ၇ သိန်းကျော်နှင့် လက်နက်များကို တနင်္လာနေ့က ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့နယ် မူးယစ်အာဏာပိုင် အသိုင်းအဝိုင်းထံမှ သိရသည်။

စက်မှုဝန်ကြီး​ဌာနပိုင်ကား​ မိုင်း​နင်း​မိ၊​ ၁ ဦး​သေ ၃ ဦး​ ဒဏ်ရာရရှိ

ရှမ်း​ပြည်နယ် ​မြောက်ပိုင်း​ နမ့်​ခမ်း​မြို့​နယ်မှာ မ​နေ့​က စက်မှုဝန်ကြီး​ဌာနပိုင် ကား​တစီး​ မိုင်း​နင်း​မိပြီး​ လူ ၁ ဦး​ ​သေဆုံး​ကာ ၃ ဦး​ ဒဏ်ရာ ရရှိခဲ့​တယ်လို့​ နမ့်​ခမ်း​ ​ဆေး​ရုံ တာဝန်ရှိသူတဦး​က ​ပြောပါတယ်။

အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းဖို့ ပြင်ဆင်ပြီးဖြစ်ဟု ဒေါ်စုပြော

 မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းရန် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အကူအညီ ရယူ၍ ဆောင်ရွက်ရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား​ ဆန္ဒပြပွဲ ပြီး​ဆုံး


ရန်ကုန်တိုင်း ​ လှိုင်သာယာမြို့​နယ်က တိုင်ဝမ်နိုင်ငံသား​ပိုင် တိုင်ရီ ဖိနပ်စက်ရုံမှာ အလုပ်သမား​တွေက လုပ်အား​ခတိုး​ပေး​ဖို့​ဆန္ဒပြ​တောင်း​ဆိုချက်ကို သီတင်း​ တပတ်​ကျော် အကြာမှာ အလုပ် ရှင်ဘက်က လိုက်​လျောလိုက်ပြီဖြစ်ပါတယ်။

လယ်သမား​က ​ဇေကမ္ဘာဦး​ခင်​ရွှေကို တရား​စွဲ​တော့​မည်

န်ကုန်တိုင်း ​ မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ​ကျေး​ရွာ လယ်သမား​တွေက ​ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦး​ခင်​ရွှေကို နိုင်ငံ​တော် အခွင့်​အာဏာ အလွဲသုံး​စား​မှုနဲ့​ တရား​စွဲဆိုဖို့​ ပြင်ဆင်​နေပါတယ်။
 ဇေကမ္ဘာကုမ္ပဏီက ​ရွှေနံ့​သာ​ကျေး​ရွာလယ်သမား​တွေရဲ့​ ​မြေ​တွေ​ပေါ်မှာ စက်မှုဇုန် အ​ကောင်အထည်​ဖော်​နေတာ ဖြစ်ပြီး​ လတ်တ​လောမှာ ရပ်နား​ထား​ပါတယ်။

 မြန်မာနိုင်ငံမှာ တရုတ်ဘာသာစကားက တရားဝင် ဒုတိယ နိုင်ငံခြား ဘာသာစကား ဖြစ်လာတော့မှာလား

cl1
မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းပိုင်း တစ်နေရာကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ်


မြန်မာနိုင်ငံတွင်  မိခင်ဘာသာ စကားဖြစ်သော မြန်မာစာပြီးပါက အင်္ဂလိပ်စာသည် အဓိကသုံးစွဲသော နိုင်ငံခြား ဘာသာစကားဖြစ်ပြီး ယခုနှစ်များအတွင်းတွင်မူ တရုတ်ဘာ သာစကားမှာ ဒုတိယ နိုင်ငံခြား ဘာသာစကားသဖွယ် ဖြစ်လာကြောင်း သတင်းရရှိပါသည်။

လစဉ်သွင်းငွေ ကျပ်ငါးသောင်းတန် အိမ်ခန်းများ ပါဝင်သည့် အိမ်ရာစီမံကိန်းကြီး တည်ဆောက်ရန် အဆိုပြုထား

လူဦးရေ သိပ်သည်းလာမှု ဖြေရှင်းနိုင်ရန် လစဉ်သွင်းငွေ ကျပ်ငါးသောင်းဖြင့် အိမ်တစ်ခန်း ရရှိစေနိုင်မည့် အခန်းပေါင်း ၆၀၀၀၀ ရှိ ဧက ၂၀၀ ကျော် ကျယ်ဝန်းသော စင်ကာပူစတိုင် အဆင့်မြင့် အိမ်ရာစီမံကိန်းကြီး တစ်ခုကို  ဆောက်လုပ်ရေးကုမ္ပဏီကြီး တစ်ခုက စတင် လုပ်ဆောင်နိုင်ရန် အဆိုပြုထားပြီး ဖြစ်ကြောင်း ၈-၂-၂၀၁၂ ရက်က သိရသည်။

အင်တာနက်ဆိုင်များ ည ၁၁ နာရီ နောက်ဆုံးထား ပိတ်ရမည်

အင်တာနက်ဆိုင်
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်ကာလ နီးကပ်လာသောကြောင့် ည ၁၁ နာရီနောက်ဆုံးထား၍ အင်တာနက်ဆိုင်နှင့် ဂိမ်းဆိုင်များ ပိတ်သိမ်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။

ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံ​ရေး​ပါတီများ​နှင့်​ ​တွေ့​ဆုံ

ဦးတင်အေး


ပြည်​ထောင်စု​ရွေး​ကောက်ပွဲ ​ကော်မရှင် ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး​ဟောင်း​ ဦး​တင်​အေး​ဟာ နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။
ဧပြီ ၁ ရက်​နေ့​ ကျင်း​ပမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်​ရောက် ယှဉ်ပြိုင်ကြမယ့်​ နိုင်ငံ​ရေး​ပါတီ ၁၇ ပါတီက တာဝန်ရှိသူ​တွေနဲ့​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ ဦး​တင်​အေး​တို့​ ​နေပြည်​တော်မှာ ဒီက​နေ့​ ​တွေ့​ဆုံ ​ဆွေး​နွေး​ကြတာပါ။

ဘန်ကောက်မှာ ဗုံးခွဲသူ အီရန်နိုင်ငံသား ပြင်းထန်စွာဒဏ်ရာရ

ဓါတ်ပုံ(AP)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အီရန်နိုင်ငံသားတယောက်က ဗုံးတလုံးဖောက်ခွဲခဲ့ရာမှာ သူ့ခြေထောက် နှစ်ချောင်းစလုံးပြတ်သွားပြီး၊ တခြားသူ လေးဦး ဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ခမရ ၃၂၁ အား တရားစွဲဆိုမှု ရုံးချိန်းရွှေ့ဆိုင်း

 မိုးမောက်မြို့နယ်၊ ခိုင်ဘန်ကျေးရွာသူ မရွယ်ဂျာ အား လေးလကြာ မတရား ဖမ်းဆီးထား
ခြင်းနှင့် ပတ်သက်၍ ခမရ ၃၂၁ အား တရားစွဲဆိုထားမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ သုံးရက်တာ ကြားနာအပြီး ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့သို့ ရုံးချိန်း ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ဥ​ရောပ ​ကော်မရှင်အဖွဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ​တွေ့​ဆုံ

အန်ဒရစ်ပိုင်းဘောက်စ့် နှင့် ဒေါ်အောင်ဆန်းစုကြည်


မြန်မာနိုင်ငံမှာ ၃ ရက်ကြာ ခရီး​ရောက်ရှိ​နေတဲ့​ ဥ​ရောပ ဖွံ့​ဖြိုး​ရေး​ကော်မရှင်မင်း​ကြီး​ အန်ဒရစ် ပိုင်း​ဘောက်စ့်​ (Andris Piebalg) ဟာ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် လူမှု​ရေး​အဖွဲ့​အစည်း​တွေနဲ့​ ဒီက​နေ့​ ​တွေ့​ဆုံခဲ့​ပါတယ်။

တာမွေ မီးလောင်မှု ၆၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်

 အင်္ဂါနေ့မနက်ပိုင်းက တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း တာမွေ မီးသတ်တပ်ဖွဲ့ရုံးအနီး တာမွေကြီး (ခ) ရပ်ကွက် အတွင်း မီးလောင်မှု ဖြစ်ပွားရာ အိမ်လေးလုံးမှာ လုံးဝလောင်ကျွမ်းသွားပြီး အခြားလေးလုံးမှာ တဝက်စီ မီးလောင်ပျက်စီးသွားသည်။

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လှည်း​ကူး​ခရီး​စဉ် ​ရွေး​ကောက်ပွဲ​ကော်မရှင်က ညှိနှိုင်း​ပေး​သဖြင့်​ အဆင်​ပြေ

ဒေါ်​ အောင်ဆန်း​စုကြည်ရဲ့​ ရန်ကုန်တိုင်း​ လှည်း​ကူး​မြို့​ ခရီး​စဉ်မှာ ​ဟော​ပြောမယ့်​ လှည်း​ကူး​မြို့​ လူထုအား​ကစား​ကွင်း​ကို အသုံး​ပြုခွင့်​ ပြန်ရသွား​လို့​ နဂိုစီစဉ်ထား​တဲ့​ အတိုင်း​ပဲ မနက်ဖြန်မှာ ခရီး​ထွက်ဖြစ်မယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ပြောပါတယ်။
လှည်း ​ကူး​မြို့​ လူထုအား​ကစား​ကွင်း​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က မိန့်​ခွန်း​ပြောဖို့​ စီစဉ်ထား​တာကို ပြည်​ထောင်စု အား​ကစား​ဝန်ကြီး​ အမိန့်​နဲ့​ ပိတ်လိုက်ပြီး​ နာရီပိုင်း​အတွင်း​မှာ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က ပြန်လည် ညှိနှိုင်း​ပေး​လိုက်တာ​ကြောင့်​ ​ပြေလည်မှု ရသွား​တာပါ။

တရုတ် ဓာတ်​ငွေ့​ပိုက်လိုင်း​ ၂၀၁၃ တွင် တင်ပို့​နိုင်​တော့​မည်

တရုတ်-မြန်မာ ​ရေနံနဲ့​ သဘာဝဓာတ်​ငွေ့​ပိုက်လိုင်း​ဟာ ​ရှေ့​နှစ် ၂၀၁၃ မှာ စတင် စမ်း​သပ်တင်ပို့​နိုင်​တော့​မယ်လို့​ တရုတ်အမျိုး​သား​ရေနံ​ကော်ပို​ရေး​ရှင်း​ စီအန်ပီစီရဲ့​ ကုမ္ပဏီခွဲ တခု ဖြစ်တဲ့​ အ​ရှေ့​တောင်အာရှပိုက်လိုင်း​ကုမ္ပဏီက စီစီတီဗွီရုပ်သံဌာနကို ​ပြောကြား​လိုက်ပါတယ်။
မြန်မာနိုင်ငံကို ဖြတ်ပြီး​ ​ဖောက်လုပ်တဲ့​ အဲဒီစီမံကိန်း​ဟာ တရုတ်နိုင်ငံအတွက် စတုတ္ထ​မြောက် အကြီး​ဆုံး​ ပိုက်လိုင်း​လည်း​ ဖြစ်ပါတယ်။ အဲဒီ ပိုက်လိုင်း​ဟာ မြန်မာနိုင်ငံ ရခိုင်ကမ်း​ရိုး​တန်း​ မ​ဒေး​ကျွန်း​က​နေ စတင်ပြီး​ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ​ရွှေလီမြို့​အထိ သွယ်တန်း​ ​ဖောက်လုပ်ထား​တာပါ။

ပြည်သူများ​၏ လူ​နေမှုအဆင့်​အတန်း​ မြင့်​မား​အောင်လုပ်ရန် ကုလတိုက်တွန်း

မြန်မာနိုင်ငံမှာ ၅ ရက်ကြာ ​ရောက်ရှိ​နေတဲ့​ ကုလသမဂ္ဂ အတွင်း​ရေး​မှူး​ချုပ်ရဲ့​ မြန်မာပြည်ဆိုင်ရာ အထူး​အကြံ​ပေး​ပုဂ္ဂိုလ် မစ္စတာ ဗီ​ဂျေး​ နမ်ဘီယာက မြန်မာပြည်မှာ ​ရေရှည်တည်တံ့​တဲ့​ ဖွံ့​ဖြိုး​ရေး​ကို ​ဇောက်ချလုပ်ဖို့​ အ​ရေး​ကြီး​တယ်လို့​ ​ပြောကြား​လိုက်ပါတယ်။
မစ္စတာ ဗီ​ဂျေး​ နမ်ဘီယာ
“ဖွံ့​ဖြိုး​ ရေး​ဖြစ်စဉ်တခုလုံး​ ​ရေရှည်တည်တံ့​ဖို့​ဆိုရင် နယ်စပ်​ဒေသမကျန်၊​ ​တော​နေ၊​ မြို့​နေ ပြည်သူ​တွေ အား​လုံး​ ဖွံ့​ဖြိုး​ရေး​ကို အညီအမျှ ခံစား​ခွင့်​ရဖို့​က အ​ရေး​ကြီး​တယ်။