နိုင်ငံတော် ပုန်ကန်မှုအပါအဝင်
ပြစ်မှုကြီးများဖြင့် တရားစွဲဆိုခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး KNU
ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် အမှုအတွက် ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းကို
သက်သေအဖြစ် ခေါ်ဆိုပေးရန် ပဒိုမန်းငြိမ်းမောင်၏ ရှေ့နေက တရားရုံးသို့
ကြာသပတေးနေ့က လျှောက်ထားလိုက်သည်။
Thursday, February 16, 2012
ကုလ အထူးကိုယ်စားလှယ်နဲ့ ဒေါ်စု တွေ့ဆုံ
မြန်မာနိုင်ငံတွင်း စစ်မှန်တဲ့ တွေ့ဆုံမှု့တွေရှိမှ
တိုင်းရင်းသားတွေကြား ပိုပြီး သွေးစည်းခိုင်မာမှုတွေ ရလာမှာဖြစ်သလို
ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်ပြီးနောက်ပိုင်း
မြန်မာ့နိုင်ငံရေးအခြေအနေတွေဟာ ပိုပြီးကောင်းလာမယ်လို့
မျှော်လင့်တဲ့အကြောင်း မြန်မာနိုင်ငံကိုရောက်နေတဲ့
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနို်င်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ
Vijay Nambia ကပြောပါတယ်၊ မစ္စတာ Vijay Nambia ဟာ ဒီကနေ့မှာတော့ ရန်ကုန်မှာ
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံသလို တိုင်းရင်းသားအဖွဲ့တချို့ နဲ့လည်း
တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြတာပါ၊ ဒီသတင်းကိုတော့ မသင်းသီရိက
အပြည့်အစုံ ပြောပြပေးထားပါတယ်၊
ဖျာပုံမြို့သို့ လာရောက်မည့်ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ်
(၁၇.၂.၂၀၁၂) ရက် ၊ သောကြာနေ့ ဖျာပုံမြို့သို့ ပါတီစည်းရုံးရေးခရီးလာရောက်မည့်
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ်များ (အပိုင်း-၁)
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း အားကစားကွင်း
(ဘောလုံးကွင်း) အသုံးပြုခွင့် ပိတ်ပင်ခံရပြီးတဲ့နောက်မှာ ... ငိုရခက်
ရယ်ရခက်ဖြစ်ရပ်တစ်ခု မနေ့က ထပ်မံဖြစ်ပျက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ်များ (အပိုင်း-၁)
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း အားကစားကွင်း (ဘောလုံးကွင်း) အသုံးပြုခွင့် ပိတ်ပင်ခံရပြီးတဲ့နောက်မှာ ... ငိုရခက် ရယ်ရခက်ဖြစ်ရပ်တစ်ခု မနေ့က ထပ်မံဖြစ်ပျက်ခဲ့ပါတယ်။
လယ်သိမ်းခံရသူတွေ တိုင်နိုင်တယ်၊ မီဒီယာတွေက ဝိုင်းရပ်တည်ပေးပါ
လယ်သိမ်း
ခံရတဲ့ လယ်သမားတွေအနေနဲ့ အမှုဖွင့်တိုင်ကြားလိုရင် ကူညီပေးမယ်လို့
မတူကွဲပြားခြားနားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက
ဖိတ်ခေါ်လိုက်ပါတယ်။
ရန်ကုန်တိုင်း
မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ လယ်သမားတွေအမှုမှာ
လယ်သမားတွေကိုယ်စား ဇေကမ္ဘာကုမ္ပဏီကို မကြာခင်တရားစွဲဆိုမယ့်
ဦးနေမျိုးဝေကို မြန်မာပြည်က လယ်ယာမြေသိမ်းဆည်းမှုတွေနဲ့ပတ်သက်လို့
မေးမြန်းထားပါတယ်။
အာဏာပိုင်များ ကတိချိုးဖျက်သည့်အတွက် ပဒိုမန်းငြိမ်းမောင် စိတ်မကျန်းမာ ဖြစ်နေ

ပဒိုမန်း ငြိမ်း မောင်
အာဏာပိုင်
တွေက တရားမစွဲပါဘူးဆိုတဲ့ ကတိပေးပြီး သူ့ကို သေဒဏ်ကျနိုင်တဲ့
အမှုနဲ့ တရားစွဲဆိုထားတဲ့အတွက် ကေအန်ယူခေါင်းဆောင်တဦးဖြစ်သူ
ပဒိုမန်းငြိမ်းမောင် စိတ်မကျန်းမာ ဖြစ်နေတယ်လို့ သူ့ရဲ့ရှေ့နေ
ဦးကြီးမြင့်က ပြောပါတယ်။
တာမွေဈေးကို ပြောင်းရွှေ့ရန် အစီအစဉ် ဈေးသူဈေးသားများ မကျေနပ်

photo - google map
ရန်ကုန်
တာမွေမြို့နယ် ကျိုက္ကဆံလမ်းပေါ်က တာမွေဗလီအနီးမှာ ယာယီ တာမွေဈေးကို
ရွှေ့ပြောင်းပြီးတော့ ဈေးသည်တွေကို အခွန်လွတ်ဈေးမှာ
နေရာချထားပေးဖို့ ဈေးတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့နဲ့ ဒီကနေ့အပါအဝင် နှစ်ကြိမ် ဈေးတာဝန်ရှိသူတွေက လာရောက် ပြောဆိုခဲ့တာပါ။
အစားထိုး
ပြန်လည် ရောင်းချခွင့်ရမယ့် နေရာသစ်ဟာ ကျဉ်းသလို
အဝင်အထွက်လမ်းကလည်း ကျဉ်းမြောင်းတာကြောင့် ဈေးသူဈေးသားတွေက
မရွှေ့ပြောင်းချင်ကြဘဲ ဖြစ်နေကြတာပါ။
CDMA 800mhz Phone များ၏ Miss Call အသုံးပြုမှုအား Phone Bill ၃၀၀ကျပ် ဖြတ်တောက်ခံနေရ
CDMA 800mhz Phone များ၏ Miss Call အသုံးပြုမှုအား Phone Bill ၃၀၀ကျပ် ဖြတ်တောက်ခံနေရကြောင်း အသုံးပြုနေသူများထံမှ ကြားသိနေရပါသည်။
(''ဒီနေ့ သူငယ်ချင်းတစ်ယောက်မှ ပြောပြသဖြင့် မိမိကိုယ်တိုင်ပင်စမ်းသပ်အသုံးပြုကြည့်ပါသည်။
အသုံးမပြုမှီက ဖုန်းတွင်းမှလက်ကျန်ငွေအား စစ်ထားလိုက်ပါသည် ၆၁၇၅ကျပ်ကျန်ရှိပါသည်။
မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ် သတင်းထုတ်ပြန်ရေးစခန်း ဖွင့်မည်

ဦးထွန်းလွင်
ထွန်းလွင်
ဖောင်ဒေးရှင်းနဲ့ အန်ဂျီအို အဖွဲ့အစည်းတခုဖြစ်တဲ့ Ecodep တို့
ပူးပေါင်းပြီး ဧရာဝတီတိုင်းမှာ မိုးလေဝသနဲ့ သဘာဝဘေးအန္တရာယ်
သတင်းထုတ်ပြန်ရေးစခန်း တခု မတ်လမှာ စတင် ဆောင်ရွက်သွားမယ်လို့
ဦးထွန်းလွင်က ပြောပါတယ်။
မုံရွာ ဘူတာရုံအနီး စစ်ကျန်ဗုံး အမြောက်အများတွေ့ရှိ
မုံရွာမြို့ ၊ ဘူတာရုံအရှေ့ဘက် ချမ်းမြသာစည် ရပ်ကွက်၊
မီးရထားလိုင်းခန်းတွင် အိမ်သာကျင်းတူးရာမှ ဒုတိယကမ္ဘာစစ်ကျန်ဗုံး
အလုံးပေါင်း (၁၃၀)တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ဒုတိယ ကမ္ဘာစစ်ကျန်ဗုံးများအား တွေ့ရှိရစဉ်
ဒုတိယ ကမ္ဘာစစ်ကျန်ဗုံးများအား တွေ့ရှိရစဉ်
ပဲခူးတွင် မဇ္ဈိမလှိုင်း စတိတ်ရှိုး အခမဲ့ပြသ
ပဲခူးတိုင်း
ပဲခူးမြို့မှာ ဒီကနေ့ည နာမည်ကြီးအဆိုတော် ခင်မောင်တိုး ပါဝင်တဲ့
မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့ စင်တင်ဖျော်ဖြေပွဲကို အခကြေးငွေ မယူဘဲ
ပြသမယ်လို့ ပဲခူးမြို့ခံတွေက ပြောပါတယ်။
ရွှေမော်
ဓောဘုရားရဲ့ အနောက်ဘက်မုခ်ကကွင်းမှာ ကျင်းပမယ့် ဒီစတိတ်ရှိုးကို
အဆိုတော် ခင်မောင်တိုး၊ ကိုရဲလွင်၊ ကိုနေဝင်း၊
ကိုသားထွေးတို့နဲ့အတူ အမျိုးသမီးအဆိုတော် တော်တော်များများလည်း
သီဆိုဖျော်ဖြေမယ်လို့ ကြေညာထားတယ်လို့ ဆိုပါတယ်။
ဝန်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို နိုင်ငံတော်အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူရန် ညွှန်ကြားထားကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
ဝန်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို
နိုင်ငံတော်အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူသွားရန် ညွှန်ကြားထားကြောင်း
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက
ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် ပထမအကြိမ်အမျိုးသားလွှတ်တော်
တတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဦးရွှေမန်း၏ ဝန်ထမ်းလစာတိုးရေး အဆို ဘဏ္ဍာရေးဝန်ကြီး ငြင်း
နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးရန်
သူရဦးရွှေမန်း၏ အဆိုကို ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်း က ငြင်းဆိုလိုက်ပြီး
ဝေးလံခေါင်သီသည့် ဒေသများမှ ဝန်ထမ်းသုံးသောင်းကျော်ကိုသာ ဒေသတွင်း
အသုံးစရိတ်နှုန်းထားများ တိုးမြှင့်ပေးရန်ရှိသည်ဟု လွှတ်တော်တက် အမတ်များက ပြောသည်။
"ဝန်ကြီးကတော့
ပေးရမယ့်လူဆိုတော့ ငြင်းတာပေါ့ဗျာ
ဒေါ်အောင်ဆန်းစုကြည် မတ်လဆန်းတွင် မန္တလေးသွားမည်
ဒေါ်အောင်ဆန်းစုကြည် လာမယ့် မတ်လဆန်းပိုင်းမှာ မန္တလေးကို
ပါတီစည်းရုံးရေး ခရီးထွက်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ပြောပါတယ်။ရန်ကုန်မှာ မိုးပျံနဲ့ မြေအောက် ရထားလိုင်း တည်ဆောက်ရေး လေ့လာနေ
ရန်ကုန်မြို့လယ်ရှိ ဆူးလေ စေတီတော်ပုံ ဖြစ်ပါသည်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဖြစ်နိုင်မယ့် နည်းလမ်းတွေကို နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ ဆွေးနွေး ကြည့်နေတယ်လို့ မီးရထားဝန်ကြီး ဦးအောင်မင်းက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး(ဟောင်း)ဦးသန်းရွှေ ရဲ့  အမိန့်ကို နာခံစရာ မလိုတော့ပါဘူးလို့  ၀န်ကြီးဦးအောင်မင်း ပြောကြား
ဗိုလ်ချုပ်မှူးကြီးအဖြစ် နှစ် ၂၀ နီးပါး တန်ခိုးထွားခဲ့တဲ့ ဦးသန်းရွှေ စာဖတ်နေတယ် လို့ အစိုးရ၀န်ကြီး ဦးအောင်မင်းက ဒီကနေ့ ပြောလိုက်ကြောင်း Reuters သတင်းတပုဒ်မှာ ရေးထားပါတယ်။
ကျောင်းကနေခွာရမည့် ရွှေညဝါဆရာတော် သစ်ပင်အောက် သီတင်းသုံးမည်
ရွှေညဝါဆရာ
တော် ဘဒ္ဒန္တ ဦးပညာသီဟဟာ လာမယ့် ၁၉ ရက်နေ့ကျရင် လက်ရှိ
သီတင်းသုံးနေထိုင်တဲ့ ရန်ကုန်တိုင်းဒေသကြီး
ကြည့်မြင်တိုင်မြို့နယ်တွင်းက သာဓု ပရိယတ္တိစာသင်တိုက်ကနေ
ထွက်ခွာမှာဖြစ်ပြီး မှော်ဘီမြို့နယ်က ခြံတခြံရဲ့ သစ်ပင်အောက်
သီတင်းသုံးမှာ ဖြစ်ပါတယ်။OSS အဖွဲ့၏ ကား CIF ဈေးနှုန်းသတ်မှတ်ချက်အချို့ မှားယွင်းနေကြောင်း ဝေဖန်လာကြ Alphard အမျိုးအစားကားတစ်မျိုးတည်း၏ ဈေးကွဲလွဲမှုသည်ပင် နိုင်ငံအတွက်အခွန်ကျပ် ၁၀ ဘီလျံနစ်နာနိုင်
အနိမ့်ဆုံး
အမေရိကန်ဒေါ်လာ ၁၅၀၀၀ မှ ၂၀၀၀၀ အထိတန်ကြေးရှိပြီး နိုင်ငံတော်မှ အခွန် ကျပ်
၁၀ ဘီလျံဝန်းကျင်အထိ နစ်နာသွားနိုင်သည့် Toyota Alphard 2002အမျိုးအစားကား

