Friday, February 17, 2012

နှစ်သိန်းတန် GSM ဖုန်းများ မတ်လပထမပတ်အတွင်း အတိအကျ ချထားပေးမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်တွင်းကုမ္ပဏီ (၂၃)ခုမှ ပူးပေါင်း၍ တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်း သန်း ၄၀ စီမံကိန်းမှ ပထမအရစ်ဖုန်းအလုံးပါ တစ်သန်းခွဲကို မတ်လ ပထမပတ်အတွင်း ချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

အဲကမ္ဘောဇ လေယာဉ် ပြေးလမ်းချော်ပြီး တောင်ပံကျိုး

Breaking News: Air Kanbawza flight derailed in Than Dwe airport
: February 17, 11:29 am
ကြားဖြတ်သတင်း၊ အဲကမ္ဘောဇ လေယာဉ် ပြေးလမ်းချော်ပြီး တောင်ပံကျိုး (YPI news)
ဖေဖေါ်ဝါရီ ၁၇၊ နံနက်၁၁နာရီ ခွဲ

ယနေ့နံနက်ပိုင်းက သံတွဲ (မဇင်)လေဆိပ်တွင် အဲကမ္ဘောဇ လေကြောင်းလိုင်းပိုင် လေယာဉ်ပြေးလမ်းချော်ကာ လေယာဉ်တောင်ပံ တဖက်ကျိုးသွားသည်ဟု သံတွဲမြို့မှ သတင်းပေးပို့သည်။ ထပ်မံသိရှိရသမျှ ဖေါ်ပြပေးသွားပါမည်။(YPI news)
  From MNN

ရွေး​ကောက်ပွဲလွတ်လပ်မျှတရန် ​ဒေါ်​အောင်ဆန်း​စုကြည် ကုလသမဂ္ဂကို ​ဆွေး​နွေး


မစ္စတာ ဗီ ဂျေနမ်ဘီယာ နှင့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ရိုက်တာ)


အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်က လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲဟာ ​စောင့်​ကြည့်​ရမယ့်​ကိစ္စတခုဖြစ်တယ်လို့​ ကုလသမဂ္ဂကို ​ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူး​သံတမန် မစ္စတာ ဗီ​ဂျေနမ်ဘီယာနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​နေအိမ်မှာ မ​နေ့​ ည​နေက တနာရီကြာ ​တွေ့​ဆုံစဉ် ​ပြောဆိုလိုက်တာပါ။

ရွေး​ကောက်ပွဲဝင်မည့်​ပါတီများ​ နိုင်ငံပိုင်မီဒီယာများ​တွင် ၁၅ မိနစ် မဲဆွယ်ခွင့်​ရမည်

ကြား​ဖြတ်​ ရွေး​ကောက်ပွဲဝင်မယ့်​ နိုင်ငံ​ရေး​ပါတီ​တွေကို အစိုး​ရပိုင် ​ရေဒီယိုနဲ့​ရုပ်မြင်သံကြား​က​နေ မဲဆွယ် စည်း​ရုံး​ ​ဟော​ပြောခွင့်​ပေး​မယ်လို့​ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင်က ဒီ​နေ့​ ရက်စွဲနဲ့​ထုတ်ပြန်​ကြေညာလိုက်ပါတယ်။

ဒေါ်စု ဖျာပုံပါတီစည်းရုံးခရီးစဉ် စတင်ထွက်ခွါ(ဓါတ်ပုံ)


ရေခရီးက လှေစီးပြီး ဒေါင်းအလံ တလူလူ လွှင့်လို့ .......... ဧရာဝတီရေ ..
အမေစု လာနေပြီ ။