Saturday, February 18, 2012
ဆောင်းဦးလှိုင် ONE MAN SHOW အနှောက်အယှက်အဟန့် အတားများနဲ့ ကြုံခဲ့ရ
ယနေ့(၁၇-၂-၂၀၁၂)ည ၇း၃၀ မှ ၁၁း၀၀ အထိ တေးသံရှင်ဆောင်းဦးလှိုင်ရဲ့
နှလုံးသားတွေလှူမယ့်ည ဆိုတဲ့ ONE MAN SHOW ကို ရန်ကုန်မြို့၊မြို့မကျောင်း
လမ်းမှာရှိတဲ့အမျိုးသားဇာတ်ရုံမှာပြုလုပ်ခဲ့ပါတယ်-ဥက္ကာဦးသာဦးစီးတဲ့ Plus Three Band ကတီးခပ်ပေးပါတယ်။ ဥက္ကာဦးသာဆိုတာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ထင်ရှားခဲ့တဲ့(ရွှေသံစဉ်)အဖွဲ့မှာ Keyboard တီးခဲ့ဖူးသူပါ။
ပါကစ္စတန်ဝန်ကြီးချုပ် ရုံးတော်မထီမဲ့မြင်ပြုမှုဖြင့် တရားစွဲခံရ

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အစ္စလမ္မာဘတ်မြို့ တရားရုံးချုပ်သို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဟီနာရာဘာနီ ရောက်ရှိလာစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
လှိုင်သာယာ အလုပ်သမားသပိတ် တရားရုံး ရောက်မည်
တပတ်ကျော်
ပြေလည်မှု မရသေးတဲ့ ရန်ကုန်လှိုင်သာယာ အလုပ်သမားတွေရဲ့ ဆန္ဒပြမှုဟာ
ဥပဒေကြောင်းအရ ကြိုးစားမယ့် ပုံစံပြောင်းလဲသွားပြီး နောက်ထပ်
မရေမရာ အခြေအနေမှာ ရှိနေပါတယ်။
လုပ်အား
ခ တိုးမြှင့်ပေးရေးမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား
ဆွေးနွေးညှိနှိုင်းလို့ မရတော့တာကြောင့် ဥပဒေကြောင်းအရ
ဖြေရှင်းဖို့ ကြိုးစားတာလို့ တိုင်ရီဖိနပ်စက်ရုံမှာ ၈ နှစ်ကြာ
အလုပ်လုပ်ခဲ့တဲ့ ဆန္ဒပြအလုပ်သမား ခေါင်းဆောင် တဦးဖြစ်တဲ့
ဒေါ်မိုးဝေက ပြောပါတယ်။အီရန်ဆွေးနွေးဖို့ ကမ်းလှမ်းချက် ကန်နဲ့ အီးယူ သတိနဲ့ကြို
အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး
နိုင်ငံတွေနဲ့ ဆွေးနွေးပွဲတွေ ပြန်ပြီး လုပ်ဆောင်သွားမယ် ဆိုတဲ့ အီရန်ရဲ့
ကမ်းလှမ်းချက်ကို အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က သတိကြီးကြီးနဲ့
အကောင်းမြင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary
Clinton) နဲ့ ၀ါရှင်တန်ဒီစီ မြို့တော်ကို ရောက်ရှိနေတဲ့ ဥရောပသမဂ္ဂရဲ့
နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်းအက်ရှ်တွန် (Catherine
Ashton) တို့က ပြောပါတယ်။
ရွေးကောက်ပွဲအောင်နိုင်ရေး မတ်လအတွင်း ဒေါ်အောင်ဆန်းစုကြည် လားရှိုးသွားမည်
မတ်လအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ လားရှိုးခရီးစဉ်နောက်ပိုင်းမှသာ
တခြားမြို့နယ်သို့ စည်းရုံးရေးခရီးဆင်းမည် ဖြစ်ကြောင်း
လားရှိုးမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဝင်ပြိုင် မည့် စိုင်းမြင့်မောင် က
ပြောသည်။
“ဒီနေ့မှ ကျနော်က လားရှိုးမြို့တွင်း စည်းရုံးရေးဆင်းခွင့် စာတင်တာ။ ၇ ရက် ကြိုတင် တင်ရတယ်လေ။ ၂၇ ရက် နေ့ လောက်မှ စဆင်းရမယ့်သဘောပေါ့။ မတ်လထဲမှာ ဒေါ်အောင်ဆန်းစုကြည် လားရှိုးလာလည်ပြီးပြန် သွားမှ တခြားကျန်တဲ့ တန့်ယန်း၊ မိုင်းရယ် ၊ သိန္နီဘက် စဆင်းမယ်” ဟု စိုင်းမြင့်မောင်ကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏လွှတ်တော်ကိုယ်စားလှယ်လောင်းများစာရင်း
“ဒီနေ့မှ ကျနော်က လားရှိုးမြို့တွင်း စည်းရုံးရေးဆင်းခွင့် စာတင်တာ။ ၇ ရက် ကြိုတင် တင်ရတယ်လေ။ ၂၇ ရက် နေ့ လောက်မှ စဆင်းရမယ့်သဘောပေါ့။ မတ်လထဲမှာ ဒေါ်အောင်ဆန်းစုကြည် လားရှိုးလာလည်ပြီးပြန် သွားမှ တခြားကျန်တဲ့ တန့်ယန်း၊ မိုင်းရယ် ၊ သိန္နီဘက် စဆင်းမယ်” ဟု စိုင်းမြင့်မောင်ကပြောသည်။
အမေရိကန် လွှတ်တော်ကို တိုက်ခိုက်မဲ့သူကို လက်ရဖမ်းမိ
ဝါရှင်တန်ဒီစီ မြို့တော် အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ အနားမှာ
အကြမ်းဖက် တိုက်ခိုက်မှုကို စီစဉ်နေတယ်လို့ မသင်္ကာရသူ အသက် (၂၉) နှစ်အရွယ်
မော်ရိုကို နိုင်ငံသား Amine El Khalifi ကို လက်ရ ဖမ်းဆီး မိလိုက်ကြောင်း၊
ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အမေရိကန် လုံခြုံရေး အရာရှိတွေက ပြောကြပါတယ်။
ရွှေညဝါဆရာတော်နှင့် သံဃာများ ဆွမ်းခံအလှူပစ္စည်း မီးဘေးဒုက္ခသည်များကို စွန့်ကြဲ
“၇၀၀
ဝန်းကျင်လောက် ရှိမယ်လို့ သီလရှင်တွေရော၊ သံဃာတော်တွေရော။
သီလရှင်တွေက ၁၉၀ ကျော်လောက်ရှိတယ်။ သံဃာက ၅၀၀ လောက် ရှိတယ်။
ကြည့်မြင်တိုင်၊ ကမာရွတ် အကုန်လုံးကို အလှည့်ကျနဲ့
ပုံမှန်အတိုင်းကြွတာလေ။ ဒီနေ့ ၇ ရက် ရှိသွားပြီလေ။
မီးဘေးဒုက္ခသည်တွေကိုလည်း သွားလှူတာ၊ ပြည် သွားလှူဦးမယ် ၇
ရက်မြောက်ပေါ့။”ပါတီများ အသံလွှင့် ဟောပြောခွင့် ချုပ်ချယ်လွန်း
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ရေဒီယိုနဲ့
ရုပ်မြင်သံကြား တို့ကနေ နိုင်ငံရေး ပါတီတွေ ဟောပြော တင်ပြခွင့်နဲ့
ပတ်သက်တဲ့ ကန့်သတ်ချက်တွေဟာ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေနဲ့ ဆန့်ကျင်ဘက်
ဖြစ်နေသလို လက်ခံနိုင်စရာ မရှိဘူးလို့ ၀ါရင့် သတင်းစာဆရာကြီး ဦးဝင်းတင်က
ပြောလိုက်ပါတယ်။
NLD ကို မဲပေးဖို့ ဖျာပုံလူထုကို ဒေါ်စု တိုက်တွန်း
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို လာရောက်
နားထောင်ကြတဲ့ ဖျာပုံမြို့က လူထု။ (ဖေဖော်ဝါရီလ ၁၇၊ ၂၀၁၂)
မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်ဖို့ အတွက် ပညာရေးကဏ္ဍ တိုးတက်ဖို့ဟာ
အန်မတန် အရေးတကြီး လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ ပါတီစည်းရုံးရေးအဖြစ်
ဖျာပုံမြို့ကို သွားစဉ်အတွင်း လူထုကို ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ
ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်း ပြောကြားသွားတာ ဖြစ်သလို
လုံခြုံလွတ်လပ်တဲ့ ဘ၀တွေကို ပေးနိုင်မယ့် ဒီမိုကရေစီစနစ် ကြိုးပမ်းမှုတွေမှာ
လူထုအားလုံး ပါဝင်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါသေးတယ်။
အဲကမ္ဘောဇလေယာဉ် ရှေ့ဘီးချွတ်ယွင်း၊ ၀မ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရ
ရှမ်းပြည်နယ်
တောင်ပိုင်း ဟဲဟိုးကနေ ရခိုင်ပြည်နယ် သံတွဲကို ထွက်ခွာလာတဲ့ အဲကမ္ဘောဇ
လေယာဉ်ဟာ ဒီနေ့ နံနက်ပိုင်းက သံတွဲမြို့က လေယာဉ်ကွင်းမှာ
ရှေ့ဘီးကျိုးသွားခဲ့ပြီးတော့ ၀မ်းဗိုက်နဲ့ ဆင်းသက်ခဲ့ရပါတယ်။
စီးနင်းသူ
၅၇ ဦး လိုက်ပါလာတဲ့ အဲကမ္ဘောဇ ဟာ ဒီနေ့ မနက် ၁၀ နာရီခွဲ ကျော်လောက်မှာ
ဘီးချွှတ်ယွင်းသွားပြီးတော့ လေယာဉ်ပြေးလမ်းကြောင်းပေါ်ကနေချော်ထွက်ကာ
ကိုက် ၁၀၀ အကွာမှာ ၀မ်းဗိုက်နဲ့ ဆင်းသက်ခဲ့ရတယ်လို့ သံတွဲမြို့နယ်
မီးသတ်ဌာနက အရာရှိတဦးက ပြောပါတယ်။တောင်ဒဂုံ နှင့် လှိုင်သာယာ မီးလောင်မှု
![]() |
| တောင်ဒဂုံ ၅၆ ရပ်ကွက် မီးလောင်မှု |
အလားတူ ယနေ့ မွန်းလွဲပိုင်းက လှိုင်သာယာ ၂၀ ရက်ကွက် မင်းရဲကျော်စွာ ၁ လမ်းတွင်လည်း မီးလောင်မှု ဖြစ်ပွားရာ လူနေအိမ် ၇ လုံးလောင်ကျွမ်းသွားသည်ဟု သိရသည်။
From MNN
ဒေါ်အောင်ဆန်းစုကြည် ဖျာပုံအားကစားကွင်းတွင် ဟောပြောခွင့် မရ
ဧရာဝတီတိုင်း
ဖျာပုံမြို့ ဘောလုံးကွင်းမှာ ဒီကနေ့ ကျင်းပဖို့ ပြင်ထားတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်ဟောပြောပွဲကို ပြည်ထောင်စု
အားကစားဝန်ကြီးက ခွင့်မပြုတဲ့အတွက် မြို့ကနေ နှစ်မိုင်အကွာက
သဲကွင်းမှာ ပြောင်းရွှေ့ခဲ့ရပါတယ်။
ဖျာပုံမြို့
နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ကိုသိန်းဆွေက “ဖျာပုံမြို့နယ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က
တရားဟောတယ်။ တရားဟောတဲ့အခါကျတော့ ဒီက အဲဒီရုံးရှေ့မှာ လာပြီး
နားထောင်တဲ့ လူတွေ ရှိတယ်လေ။မြန်မာအစိုးရခေါင်းဆောင်ပိုင်း အီးယူ ပြည်ဝင်ခွင့် ပိတ်ပင်မှု ရုပ်သိမ်း
အထီးကျန်ဖြစ်နေတဲ့ မြန်မာနိုင်ငံထဲမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ
ဖြစ်ပေါ်နေတဲ့ အတွက်ကြောင့် ဥရောပသမဂ္ဂ ကနေ အရေးယူ ပိတ်ဆို့ထားမှု တချို့ကို
သောကြာနေ့မှာ ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။
ဝန်ထမ်းများကို ၂၀၁၂ ခုနှစ်တွင် လစာမတိုးပေးရန် ၀န်ကြီး မေတ္တာရပ်ခံ
ဧပြီ ၁
ရက်နေ့ကစမယ့် ဘဏ္ဍာရေးနှစ်မှာ ၀န်ထမ်းတွေကို လစာတိုးပေးဖို့
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အဆိုကို ပြန်ရုပ်သိမ်းပေးဖို့
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက တောင်းဆိုလိုက်ပြီး မလိုက်လျောရင်
မဲခွဲဖို့ အလားအလာ ရှိနေပါတယ်။

