Wednesday, February 22, 2012

ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံးနိုင်ငံခြားခရီးအဖြစ် နော်ဝေနိုင်ငံသို့သွားရောက်လို

ရန်ကုန်၊ ဖေဖော်ဝါရီ- ၂၂

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် နော်ဝေနိုင်ငံသို့ သွားရောက်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များသို့ ပြောသည်။

အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေး


                                            အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုကိုယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး
မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံတကာ အသိုင်းအ၀န်း၏ အမြင်များ၊ အစိုးရအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် အကြား ပူးပေါင်း ဆောင်ရွက်နိုင်ဖွယ်ကိစ္စရပ်များနှင့်
လူထုအားလုံး အကျိုး သက်ရောက်မှု ခံစားရရှိစေနိုင်မည့် လုပ်ဆောင်မှုများ ဆောင်ရွက်နိုင်ရန် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်ဟု ဒေါက်တာ ဆူရင်ပစ်ဆူဝမ်က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

ရန်ကုန်- မန္တလေး လမ်းတွင် ယာဉ်တိုက်မှုဖြစ်၊ လူ ငါးဦး ဒဏ်ရာရ (သတင်းတို)

ဒီနေ့ ညနေ ၄ နာရီက  ရန်ကုန်- မန္တလေး ကားလမ်းမပေါ်မှာ  တောင်မှ မြောက်ကို မောင်းနှင်လာတဲ့ လိုက်ထရပ်ကားတစီး ပလက်ဖောင်းခုံကို ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့တဲ့အတွက် ၅ ဦး ဒဏ်ရာရခဲ့ပြီး  ၂  ဦးမှာ စိုးရိမ်ရတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။
ကားတိမ်းမှောက်မှုကြောင့်  ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့သလို အခြား ဟိုင်းလတ်ကားတစီးလည်း  ရှေ့မှန်ကွဲပြီး ယာဉ်မောင်းမှာ ဒဏ်ရာ အနည်းငယ်ရခဲ့တယ်လို့ ပြောပါတယ်။
 

နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာ အလွဲသုံးစားမှုကြီးကို ဒုတိအကြိမ် ရုံးတင်စစ်ဆေး

ရန်ကုန် ဖေဖဝါရီ ၂၁
နိုင်ငံ ပိုင် မြန်မာ့ အလင်းသတင်းစာ တိုက်မှ ဝန်ထမ်းအချို့ကျပ်ငွေပေါင်း သိန်း ၂ထောင်ကျော် အလွဲသုံးစားပြူခဲ့သည်ဆိုသော အမှုကြီးကို ရန်ကုန်မြို့ပန်းဆိုးတန်းရှိ အနောက်ပိုင်းခရိုင် တရားရုံး တွင် ဖေဖော်ဝါရီလ၂၁ ရက်နေ့က ဒုတိယအကြိမ်ဖြစ် ရုံးတင်စစ်ဆေးခဲ့ကြောင်း ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းရှိ ဗဟိုတရားရုံးရှေ့နေများ အသိုင်းဝိုင်းထံမှ သိရှိရသည်။

၅၀၀၀ ကျပ်တန် ဆင်းမ်ကတ် အမြန်ဆုံး အသုံးပြုခွင့်ပေးရန် တောင်းဆို

၅၀၀၀ ကျပ်တန် ဆင်းမ်ကတ် အမြန်ဆုံး သုံးစွဲခွင့်ပေးဖို့ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြခေါင်းဆောင် ကိုထင်ကျော်က သမ္မတဦးသိန်းစိန်ကို တောင်းဆိုလိုက်ပါတယ်။
ကိုထင်ကျော်
အများသူငါ တယ်လီဖုန်း သုံးစွဲနိုင်အောင် စီစဉ်ပေးခြင်းအားဖြင့်  ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှု တစိတ်တဒေသ လျော့ပါးရေးကို အထောက်အကူပြုစေလိမ့်မယ်လို့ သမ္မတရုံးထံ ပေးပို့ တောင်းဆိုတဲ့ စာမှာ ရေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မြစ်ကြီးနားတွင် ဒေသခံတိုင်းရင်းသားခေါင်းဆောင်၊ဘာသာရေးခေါင်းဆောင်များနှင့်အတူ ညစာစားသုံးမည်

မြစ်ကြီးနား၊ ဖေဖော်ဝါရီ-၂၂
ကချင်ပြည်နယ်သို့ မဲဆွယ်စည်းရုံးရေးခရီးစဉ်သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ် ပထမည(ဖေဖော်ဝါရီ၂၃ည) တွင် မြစ်ကြီးနားမြို့ ဆီတာပူမနောပွဲ၊ မဂျွယ်ခန်းမတွင် ဒေသခံတိုင်းရင်းသားခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့်အတူ ညစာစားသုံးမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တရုတ်စီမံကိန်းကို နေရာဖယ်ပေးရမည့် ရွာသားများ မပြောင်းဘဲငြင်းဆန်

တရုတ်ကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားတဲ့ စစ်ကိုင်းတိုင်းထဲက ကြေးနီစီမံကိန်း ဧရိယာထဲမှာ  ပါဝင်နေတဲ့  ရွာတရွာက မိသားစု ၅၀ နီးပါး အဓမ္မပြောင်းရွှေ့တာကို လက်မခံဘဲ ငြင်းဆန်နေပါတယ်။
မုံရွာမြို့ တဖက်ကမ်း ချင်းတွင်းမြစ် အနောက်ဘက်မှာ ရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီးတူးဖော်ရေး စီမံကိန်းအတွက် ဆားလင်းကြီးမြို့နယ်အတွင်းက ရွာလေးရွာ ပြောင်းရွှေ့ခိုင်းထားတာ ဖြစ်ပြီး၊ ၀က်မှေးရွာက မိသားစုတွေက ငြင်းဆန်နေကြတာပါ။

ဒေါ်နေရီဗဆွေ ဒီချုပ်သို့ ဝင်ပြီ

ဒေါ်နေရီဗဆွေ
 ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏သမီး ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ အတွင်းရေးမှူး
ဒေါ်နေရီဗဆွေအား ပါတီသို့ လာရောက် လျှောက်လွှာတင်စဉ်ကတည်းက ပါတီဝင်အဖြစ် လက်ခံထားပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ဝ ရက် ဒီချုပ်ရုံး၌ ပြုလုပ်သော သတင်း စာရှင်းလင်း ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောသည်။ ''သူ့ကို လက်ခံပြီးပြီ။

 ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က အရပ်ဖက်အဖွဲ့အစည်းများမှ စီမံခန့်ခွဲသူများနှင့် တွေ့ဆုံလစာတိုးရန်ပြောသည့်ကိစ္စသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီအတွက် မဲဆွယ်ခြင်း မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းပြောကြား

 

ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က အရပ်ဖက်အဖွဲ့အစည်းများ နယ်ပယ်အသီးသီးမှ ပညာရှင်များ မီဒီယာသမားများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ပြည်လမ်းရှိ လွှတ်တော်အဆောက်အအုံတွင် ဖေဖော်ဝါရီလ ၂၂ ရက် နေ့ နံနက် ၉နာရီက ကျင်းပခဲ့ကြောင်း သိရသည်။