Friday, February 24, 2012

မန္တလေး မြို့တော်ဝန် အကူအညီဖြင့် ဒေါ်စု ဟောပြောရန် နေရာရ

မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်၏ ကူညီမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးတိုင်း စည်းရုံးရေး ခရီးစဉ်အတွင်း လူထုသို့ ဟောပြောရန် နေရာရရှိသွားပြီ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောသည်။

ကိုရမ် (Qur’an) မီးရှို့မှု အိုဘားမားတောင်းပန်


အာဖဂန်နစ္စတန် နိုင်ငံမှာရှိတဲ့ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) စစ်စခန်းတခုမှာ အစ္စလာမ် ကိုရမ်ကျမ်းစာတွေကို မီးရှို့ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တမင်သက်သက် မရည်ရွယ်ဘဲ ဘာသာရေးပစ္စည်းတွေကို ထိခိုက်မိတဲ့ အဖြစ်အပျက်တခုအဖြစ် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက တောင်းပန်စာတစောင် ပေးပို့ခဲ့ကြောင်း အာဖဂန် သမ္မတ Hamid Karzai ရဲ့ ရုံးက ပြောပါတယ်။

လက်ကျန် ယုံကြည်ချက်အကျဉ်း​သား​များ​ လွှတ်​ပေး​ရန် ​တောင်း​ဆိုမှု အဆင့်​ဆင့်​ ပြုလုပ်​တော့​မည်ဟုဆို

အရှင်ဝီရသူ သင်္ကန်းအဖြူ ဆင်းမြန်းထားစဉ် (ဓာတ်ပုံ-ashinmettacara.net)


 အကျဉ်း​ ထောင်အသီး​သီး​မှာ ကျန်ရစ်ခဲ့​ကြတဲ့​ ယုံကြည်ချက် အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​ အတွက် စာ​ရေး​၊​ စာတင် ​တောင်း​ဆိုရုံမျှဖြင့်​ မရနိုင်​တော့​ဘဲ ​တောင်း​ဆိုမှု အဆင့်​ဆင့်​ ပြုလုပ်ရ​တော့​မယ်လို့​ အရှင်ဝီရသူက မိန့်​ကြား​လိုက်ပါတယ်။

အမေရိကန် မြောက်ကိုရီးယား အချိန်ပို ဆွေးနွေး

မြောက်ကိုရီးယား နျူကလီးယား အရေးနဲ့ ပတ်သက်လို့ အကျေအလည် လေးလေးနက်နက် ဆွေးနွေးဖြစ်တယ်လို့ ပြောဆိုခဲ့အပြီး နောက်တနေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာပဲ အမေရိကန်နဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေ အချိန်ပို ဆက်လက် ညှိနှိုင်းနေကြပါတယ်။

မြစ်ဆုံ​ရေကာတာစီမံကိန်း​အနီး​တွင် ရွာသား​များ​ ပြန်လည်အ​ခြေချ

ကချင်ပြည်နယ် မြစ်ကြီး​နား​မြို့​ ​မြောက်ဘက် မြစ်ဆုံ​ဒေသမှာ ​ရေကာတာ စီမံကိန်း​ကြောင့်​ ​ပြောင်း​ရွှေ့​ခဲ့​ရတဲ့​ ရွာသား​ရာ​ပေါင်း​များ​စွာက သူတို့​ရဲ့​ မူလရွာမှာ ပြန်လည်အ​ခြေချ​နေကြပြီလို့​ သိရပါတယ်။
လော​လောဆယ် ရပ်ဆိုင်း​ထား​တဲ့​ မြစ်ဆုံစီမံကိန်း​ရဲ့​ ​တောင်ဘက် ၁ မိုင်အကွာမှာရှိတဲ့​ ​တောင်ထွက်ရွာက မိသား​စု​တွေဟာ၊​ ၂၀၁၀ နှစ်ကုန်ပိုင်း​က ၇ မိုင်အကွာကို အဓမ္မ အ​ပြောင်း​ခံခဲ့​ရပြီး​တဲ့​နောက် အခု​တော့​ နဂို​နေရာကို ပြန်လာတာကြတာပါ။

နယ်စပ်လုံခြုံရန် သူရ ဦး​ရွှေမန်း​ကို တရုတ် ​တောင်း​ဆို

 
မြန်မာအစိုး​ရအ​နေနဲ့​ နယ်စပ်​ဒေသလုံခြုံ​ရေး​ကို ​သေချာ​အောင် ​ဆောင်ရွက်ဖို့​တရုတ်အစိုး​ရက ​တောင်း​ဆိုလိုက်ပါတယ်။

ငြိမ်း​ချမ်း​ရေး​အတွက် အား​လုံး​ပူး​ပေါင်း​ဆောင်ရွက်ရင် ​အောင်မြင်ပါလိမ့်​မယ်

ဗိုလ်မှူး စိုင်းလောဝ်ဆိုင်



ပြီး​ခဲ့​တဲ့​ လပိုင်း​ကမှ အစိုး​ရနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ ငြိမ်း​ချမ်း​ရေး​ သ​ဘောတူထား​တဲ့​ ရှမ်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ/ ရှမ်း​ပြည်တပ်မ​တော် (အာစီအက်စ်အက်စ်/အက်စ်အက်စ်​အေ) တပ်​တွေနဲ့​ အစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေ ထပ်မံ ဖြစ်ပွား​နေပါတယ်။

အမျိုးသားများ မ၀င်ရ၊ အဆိုတော်ရဲ့ ဒုက္ခ

အမျိုးသားများ မ၀င်ရ
အမျိုးသား ခရီးသည်များ ၀င်ခွင့်မရတာကတော့ အမျိုးသမီး ဘတ်စ်ကားတွေပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ဘတ်စ်ကား ကျပ်ကျပ်တွေကြောင့် စိတ်ညစ်နေရတဲ့ ရန်ကုန်မြို့နေအမျိုးသမီးများအတွက် သီးသန့် ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေပါ။

အမျိုးသမီးခရီးသည်တင် ဘတ်စ်ကား (ဓာတ်ပုံ - 7 Day သတင်းဂျာနယ်)
မိန်းမဘတ်စ်ကားလို့ တချို့က အမည်ပြောင် ပေးထားတဲ့ အမျိုးသမီးခရီးသည်တင် ဘတ်စ်ကားတွေကို ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့ကစပြီး စမ်းသပ် မိတ်ဆက်ရာကနေ တနင်္လာနေ့မှာတော့ ပုံမှန်ပြေးဆွဲမှုကို အစပြုခဲ့တာ ဖြစ်ပါတယ်။

NLD ရှုံးလျှင် ပြဿနာပေါ်နိုင်ဟု ကြံ့ခိုင်ရေးပါတီ ဆို

ကြားဖြတ် ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရှုံးနိမ့်ပါက ပြဿနာ ဖြစ်ပေါ်နိုင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)၏ ရွေးကောက်ပွဲ အောင်နိုင်ရေး အစည်းအဝေး မှတ်တမ်း၌ ရေးသားထားသည်။

ကြံ့ခိုင်ရေးပါတီက မဲဆွယ်ရေးအတွက် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလတွင် စောင်ရေးတသိန်း အခမဲ့ ရိုက်နှိပ်ဖြန့်ဝေသည့် ဝါဒဖြန့် ပါတီသတင်းလွှာ (ဓာတ်ပုံ - ဧရာဝတီ)

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေ

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ယူနန်နိုင်ငံခြားရေးရုံး
 ညွှန်ကြားရေးမှူးချုပ်၊ယူနန်ပြည်နယ် ပြည်နယ်ပြည်သူ့ကွန်ဂရက်
 နိုင်ငြာံခးရေးဌာနမှူးတို့နှင့် တွေ့ဆုံဆွေးနွေးနေစဉ်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Wu Bangguo ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ထွက်ခွာလာခဲ့ပြီး ယခုအခါတရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။