Tuesday, March 13, 2012

နာရေးကူညီမှုအသင်း တရားဝင်မှတ်ပုံတင်ကျပြီ


နာရေးကူညီမှုအသင်း (ရန်ကုန်)ကို မတ် ၁၂ရက်နေ့က သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး ဌာနက မှတ်ပုံတင် ပြန်လည် ချပေးလိုက်ပြီ ဖြစ်ပါတယ်။

အင်တာနက် ရန်သူများစာရင်း မြန်မာ ပါဝင်

ကမ္ဘာပေါ်မှာ အင်တာနက်ကနေ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ အင်တာနက်ကို လွတ်လွတ်လပ်လပ် အသုံးပြုခွင့်မရှိတဲ့ နိုင်ငံတွေရဲ့စာရင်းကို ၂၀၁၂ ခုနှစ်အတွက် အင်တာနက်ရဲ့ ရန်သူများ ဆိုပြီးတော့ ကမ္ဘာ့မီဒီယာ စောင့်ကြည့်ရေး အဖွဲ့တစ်ခုက ထုတ်ပြန်လိုက်ပါတယ်။

NLD ထိပ်တန်းဦးစားပေး လုပ်ငန်းစဉ် သုံးရပ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီရဲ့ ထိပ်တန်း ဦးစားပေး လုပ်ငန်းစဉ် ၃ ရပ်ဟာ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာနိုင်ငံကို နှစ်ရက်လာရောက်ခဲ့

                                                                       ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်

စင်ကာပူ အိုင်တီကုမ္ပဏီကြီးတစ်ခုက မြန်မာပြည်ဈေးကွက်တွင် အခြေချနိုင်ရန် စီစဉ်နေ

စင်ကာပူနိုင်ငံ၏ အကြီးစား အိုင်တီကုမ္ပဏီများတွင်တစ်ခုအပါအ၀င်ဖြစ်သည့် Acclivis Technologies and SolutionPteLtdကနိုင်ငံတကာတွင်လူသုံးအများဆုံးဖြစ်နေသည့်နည်းပညာပစ္စည်းများကို မြန်မာနိုင်ငံအတွင်း
သို့ တိုးချဲ့ဝင်ရောက်နိုင်ရန်အတွက် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အမျိုးသားသတင်းဆု မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ချီးမြှင့်

မြန်မာနိုင်ငံမှာ ထူးချွန်တဲ့ သတင်းသမားတွေကို ပထမဆုံးအကြိမ် အဖြစ် ပေးအပ် ချီးမြှင့်တဲ့  အမျိုးသားသတင်းဆုရှင်တွေ စာရင်းကို  ဆုချီးမြှင့်ရေး ကော်မတီက  ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

WiMAX အင်တာနက်ကို Prepaid ကတ်စနစ်ဖြင့် စတင်အသုံးပြုနိုင်

WiMAXအင်တာနက်ကိုPrepaidစနစ်ဖြင့်မတ်လအတွင်း၌စတင်အသုံးပြုနိုင်မည်ဖြစ် ကြောင်းသတင်းရရှိသည်။

အမေရိကန်နဲ့ မြန်မာ အလုပ်သမားရေးရာအဖွဲ့နဲ့ တွေ့ဆုံ

အမေရိကန် အလုပ်သမားရေးရာဌာန တာဝန်ရှိသူတချို့ ဟာ မတ် ၁၂ ရက်နေ့ ရန်ကုန်မြို့မှာ အလုပ်သမား အဖွဲ့အစည်းတချို့နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကအလုပ်သမားဥပဒေနဲ့ အလုပ်သမားရေးရာတွေနဲ့ပတ်သက်
ပြီးတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။