Friday, March 30, 2012
ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ
သည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဟု မခေါ်ဆိုနိုင်ကြောင်း ပြောဆိုလိုက်သည်။
ကချင်ပြည်နယ် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး ကူညီမည်ဟု KIO ပြော
ရှမ်းမြောက်ပိုင်း ပေါက်ကွဲမှုများ ရွေးကောက်ပွဲ မထိခိုက်နိုင်
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သော်လည်း တနင်္ဂနွေနေ့ ကြားဖြတ်ရွေးကောက်ပွဲများအား ဆက်လက်ကျင်းပသွားဖွယ် ရှိကြောင်း ရှမ်းပြည်နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဘတ်ဂျက်ငွေမရှိသေး
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ လိုအပ်တဲ့ ဘတ်ဂျက်ငွေ မရှိတာကြောင့် လတ်တလောမှာ သမ္မတရုံးရဲ့ အထောက်အပံ့နဲ့ ဆက်လက်ရပ်တည်သွားမှာ ဖြစ်တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောပါတယ်။
လွှတ်တော်အသီးသီး၏ အဖွဲ့စည်းများ ပြည်ထောင်စုအဆင့် မဟုတ်ဟု သတ်မှတ်
အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့မှ ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွင် ထည့်သွင်းထားခြင်းသည် ဖွဲ့စည်းပုံ အခြေခံ
Envoy ဂျာနယ်၏ လုပ်ကြံသတင်းနှင့် ပါတ်သတ်၍ အဆိုတော် လေးဖြူ ကြေညာချက်
လေးဖြူနှင့် Iron Cross ပရိသတ်များသို့ ................
‘စနစ်ဆိုးနဲ့ စစ်ဂျိုးခွါစို့’ အိန္ဒိယသံချပ် ထွက်ရှိ
အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ ၁၄ ခွေမြောက်ဖြစ်သည့် ‘စနစ်ဆိုးနဲ့ စစ်ဂျိုးခွါစို့’ သံချပ်ခွေအား ကြာသပတေးနေ့ နံနက် ၁၁ နာရီက နယူးဒေလီမြို့တွင် စတင်ဖြန့်ချိလိုက်သည်။
ရန်ကုန်မြို့တွင် အလှည့်ကျ လျှပ်စစ်မီးပေးစနစ်ကို ဧပြီလ ၂ ရက်နေ့တွင် ပြန်လည်စတင်မည် လူနေရပ်ကွက်များအတွက် တစ်ရက်လျှင် ၆နာရီမီးလာ ၆နာရီမီးပြန်ပျက်မည့်စနစ်ဖြင့် ဇူလိုင်လအထိ လျှပ်စစ်မီးပေးသွားမည်
ရန်ကုန်မြို့တွင် အလှည့်ကျမီးပေးစနစ်ကို ၂၀၁၂ခုနှစ်၊ဧပြီလ ၂ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ အတွင်းရေး မှူး ဦးမောင်မောင်လတ်က ပြောကြားခဲ့သည်။
ရုပ်ရှင်အစည်းအရုံးကို ၁၂နှစ်ကျော်ကြာ ငှားရမ်းထားသည့် ၀ဇီရာရုပ်ရှင်ရုံ(၁)နှင့် (၂)အား မတ်လ ၃၁ ရက်နေ့တွင် ပြန်လည်အပ်နှံရန် ညွှန်ကြားချက်ကို မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ၁၂ နှစ်ကျော်ကြာ ငှားရမ်းထားသည့် ၀ဇီရာရုပ်ရှင်ရုံ(၁)နှင့်
(၂)အား မတ်လ ၃၁ ရက်နေ့တွင် ပြန်လည်အပ်နှံ၍ ဧပြီလ ၁ ရက်နေ့တွင် ပိတ်သိမ်းသွားမည့်
‹
›
Home
View web version