Sunday, April 1, 2012

NLD ၏ အောင်ပွဲအသံများ(၂)

NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ အပြတ်အသတ်အနှိင်ရရှိနေပါပြီ။
 မဲဆန္ဒနယ်မြေ                                               ကိုယ်စားလှယ်အမည်
၁။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်                               ဒေါ်ခင်ဆန်းလှိုင်
၂။ နေပြည်တော် ဥတ္တရသီရိ                                 ဦးမင်းသူ

(ဆက်လက်ရရှိတဲ့ သတင်းများကို တင်ပြသွားပါမယ်)
Ever November
Ref; MNN

NLD ၏ အောင်ပွဲအသံများ(၁)

NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ အပြတ်အသတ်အနှိင်ရရှိနေပါပြီ။
 မဲဆန္ဒနယ်မြေ                                               ကိုယ်စားလှယ်အမည်
၁။ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်                          ဦးပေါခင်
၂။ ပဲခူးတိုင်း တောင်ငူမြို့နယ်                                  ဦးအောင်စိုးမြင့်

မန္တလေးကျောက်ပန်းတောင်းရှိ လူဦးရေ ၁၀၀ ကျော်နေသည့်ရွာ ကြိုတင်မဲ ၇၀ ဖြစ်နေ

 မန္တလေး ကျောက်ပန်းတောင်းမြို့နယ် ၊ လက်ပံပြားတိုက်နယ်အုပ်စုခွဲ ၊ စင်မြင်အုပ်စု မြင်သာရွာတွင် မဲပေးနိုင်သူဦးရေမှာ ၁၀၀ ခန့်သာရှိ သော်လည်း အခုအချိန်တွင် ကြိုတင်မဲ ကောက်ယူထားသည်မှာ ၇၀ ကျော်ပြီဖြစ်ကြောင်းသိရသည် ။

NLD အမှန်ခြစ်နေရာတွင် ဖယောင်းများသုတ်ထား

တနင်္ဂနွေနေ့ မနက်ပိုင်းတွင် စတင်ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများ
အပြား၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အတွက် အမှန်ခြစ်ရန် နေရာများတွင် ဖယောင်းများ သုတ်လိမ်းထားသည်ကို တွေ့ရကြောင်း မဲရုံကိုယ်စားလှယ် တာဝန်ကျသူ ပါတီဝင်များက ဆိုသည်။