Saturday, April 28, 2012
ပြည်တွင်းရှိ အကြီးစား စက်မှုလုပ်ငန်း အချို့တွင် ကိုရီးယား နိုင်ငံမှ လာရောက် ရင်းနှီး မြှုပ်နှံသွားရန် ရှိ
၂၀၁၂ ခုနှစ် HIV/AIDS လုပ်ငန်း စီမံချက်များ အတွက် အဖွဲ့အစည်း အသီးသီး ပူးပေါင်း ဆွေးနွေး
မျက်မမြင်တရုတ်ရှေ့နေအတွက် အမေရိကန်စိုးရိမ်
တရုတ်နိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ မျက်မမြင်ချင်ကွမ်ချင်ဟာ
ဘေဂျင်းက အမေရိကန်သံရုံးမှာ ခိုလှုံနေ တယ်ဆိုတဲ့
သတင်းတွေထွက်ပေါ်နေချိန်မှာပဲ ဒီသတင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေး ဆိုခွင့်ရှိသူ
ဗစ်တိုရီးယားနျူလန်က ဧပြီ ၂၇ ရက်နေ့ က ငြင်းဆိုခဲ့ပါတယ်။
မြောက်ကိုးရီးယား စစ်ရေးပြဒုံးကျည်တွေ အစစ်မဟုတ်
ဒီလအစောပိုင်းက မြောက်ကိုးရီးယား တပ်မတော်စစ်ရေးပြပွဲမှာ ပါဝင်ပြသခဲ့တဲ့
ပဲ့ထိန်းတပ် ဒုံးကျည်တွေဟာ အစစ်မဟုတ်ဘူးလို့ ဂျာမန် လက်နက်သုတေသီနှစ်ဦးက
ပြောဆိုလိုက်ပါတယ်။
မွန် ငြိမ်းအဖွဲ့ခေါင်းဆောင် အိမ်ပိုင်ဆိုင်မှု တရားရင်ဆိုင်
မော်လမြိုင်မြို့ပေါ်ရှိ မွန်ငြိမ်းချမ်းရေးအဖွဲ့ (မြိတ်ဒေသ) ခေါင်းဆောင် နိုင်စိုက်ချမ်း၏နေအိမ်ကို
အိမ်ပိုင်ဆိုင်မှု ပြဿနာဖြင့် ဗုဒ္ဓဟူးနေ့က အာဏာပိုင်နှင့် ရဲများက လာရောက်
ဝိုင်းရံပြီး ချိတ်ပိတ်
ရန် ကြိုးစားခဲ့ကြောင်း နိုင်စိုက်ချမ်း က ပြောသည်။
ဘန်ကီမွန်းနဲ့ အိန္ဒိယ၀န်ကြီးချုပ် မြန်မာ့အရေး ဆွေးနွေး
မြန်မာနိုင်ငံကို မနက်ဖြန်တနင်္ဂနွေနေ့မှာ ရောက်ရှိမယ့်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ့ ဒီမိုကရေစီရေးအတွက်
နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ဘယ်လိုဝိုင်းဝန်းကူညီသွားကြမလဲဆိုတာနဲ့
ပတ်သက်ပြီး အိန္ဒိယ နိုင်ငံ ခရီးစဉ်အတွင်း ၀န်ကြီးချုပ်မန်မိုဟန်ဆင်းနဲ့
မနေ့က ဆွေးနွေးခဲ့ပါတယ်။
ADB အကြွေးကြေမှ ပြန်ကူမည်
အာရှဖွံ့ဖြိုးရေးဘဏ် ADB သို့ မြန်မာအစိုးရ
ဆပ်ရန်ရှိသည့် ကြွေးငွေ ဒေါ်လာ သန်း ၄၉ဝ ပြန်လည်ပေးဆပ်ပြီးမှသာ နောက်ထပ်
ငွေကြေးအကူအညီများ ပေးနိုင်မည်ဟုဆိုသည်။






