Wednesday, February 29, 2012

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ဆွေးနွေးပွဲများမှ အင်မတန်ထိရောက်အောင်မြင်သော အကျိုးရလဒ်များ ရရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Wu Bangguo ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၆ ရက်အထိ
သွားရောက်ခဲ့သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆွေးနွေးပွဲများမှ အင် မတန်မှ ထိရောက်အောင်မြင်သော အကျိုးရလဒ်များ ရရှိခဲ့ပါကြောင်း ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆွေးနွေးပွဲများမှ အင်မတန်မှ ထိရောက်အောင်မြင်သော အကျိုးရလဒ်များ ရရှိခဲ့ပါကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီနှင့် မြန်မာနိုင်ငံမှ အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှစ်ရပ်အ ကြား ဆက်ဆံရေးတိုးမြှင့်နိုင်ရေးကိစ္စများ အလေးထားဆွေးနွေးခဲ့ပါကြောင်း၊ အောင်မြင်သည့်ဆွေးနွေးမှု၊ ကောင်းမွန်သည့် အမြင်ချင်းဖလှယ်မှုများ ရရှိခဲ့ပါကြောင်းတို့ကို တရုတ်တာဝန်ရှိသူများနှင့် ဆွေးနွေးပွဲတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်အတွင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်များသည် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသားကော်မတီဥက္ကဋ္ဌ ကျာချင့်လင်၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချန်ဘင်းဒီ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးကော်မတီဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးရုံး အတွင်းရေးမှူး၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဖွဲ့စည်းရေးဝန်ကြီးဌာန ၀န်ကြီး Li Yuan Chao  ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ Wu Bangguo  ၊ ဒုတိယဥက္ကဋ္ဌ Lu Yong Xiang တို့နှင့် သီးခြား စီတွေ့ဆုံကာ နှစ်နိုင်ငံလွှတ်တော်များကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စစ်ရေး၊ ဘာသာရေး နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် ရေးသာမက ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများတွင်ပါ ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
Ref; EMG

No comments:

Post a Comment