Tuesday, February 14, 2012

ရန်ကုန်လေဆိပ်တွင်းသို့ ၀င်ရောက်မည့်ခရီးသည်နှင့် ယာဉ်များ ၀င်ကြေးပေးရန်မလိုဘဲ ၀င်ထွက်သွားလာနိုင် ပြီဟုသိရ

ရန်ကုန်လေဆိပ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်းသို့ ၀င်ရောက်မည့် ခရီးသည်များနှင့် ယာဉ်များအ တွက် ၀င်ကြေးပေးရန်မလိုဘဲ ၀င်ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း ရန်ကုန်လေဆိပ်တာဝန်ရှိသူ တစ်ဦး၏ ပြော ကြားချက်အရ သိရှိရပါသည်။

ယခင်က ပြည်ပထွက်ခွာမည့်သူများအား လိုက်ပါပို့ဆောင်ပေးမည့်သူများနှင့် ပြည်ပမှပြန်လည် ရောက်ရှိလာသူများကို ကြိုဆိုမည့်သူမားသည် လေဆိပ်အတွင်းသို့ ၀င်ရောက်ရန်လျှောက်လွှာဖြည့်သွင်း၍ ၀င် ကြေးပေးဆောင်ပြီးမှသာလျှင် ၀င်ရောက်ခွင့်ရရှိခဲ့သည်။ ထို့အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း သို့ ၀င်ရောက်မည့်ယာဉ်များသည်လည်း သတ်မှတ်ယာဉ်ဝင်ကြေးကိုပေးဆောင်ပြီးမှသာလျှင် ၀င်ရောက်ခွင့်ရရှိ ခဲ့သည်။

ယခုတွင်မူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်းသို့ ၀င်ရောက်မည့်ခရီးသည်များနှင့် ယာဉ် များအတွက် မည်သည့်ဝင်ကြေးမှ ပေးရန်မလိုတော့ကြောင်း လေဆိပ်ဝင်ပေါက်များတွင် ကြေညာထားပါသည်။

" ခရီးသည်တွေ လေဆိပ်ထဲကို အလွယ်တကူဝင်ထွက်သွားလာနိုင်ဖို့အတွက် အခုလိုဖြေ လျော့မှုတွေကို ပြုလုပ်ရတာပါ။ ဒါ့အပြင် လေဆိပ်ထဲမှာ ခရီးသည်တွေစောင့်ဆိုင်းဖို့ နေရာထိုင်ခင်းအဆင်ပြေဖို့ အတွက်လည်း စီစဉ်ထားပါတယ်။ ခရီးသည်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေအားလုံးကို စိစစ် ပြုပြင်သွားမှာပါ" ဟု ရန်ကုန်လေဆိပ်တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ထို့ပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၀င်ရောက်လာမည့် နိုင်ငံခြားသားခရီးသည်များ အားကူညီရန် ကောင်တာများကိုလည်း ၂၀၁၁ ခုနှစ်ကတည်းက ထားရှိပေးထားကြောင်း ၊ ၂၀၁၁ ခုနှစ်၌ ရန် ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ပြည်တွင်း၊ ပြည်ပခရီးစဉ်များ၌ ခရီးသည် ၂၄ သိန်းကျော်သွားလာမှုရှိခဲ့ ကြောင်း သိရှိရပါသည်။
်From EMG

No comments:

Post a Comment