Wednesday, February 22, 2012
ဒေါ်အောင်ဆန်းစုကြည် ၏ မိသားစုဝင် အမိုး ဒေါ်သန်းသန်းလေးရဲ့ ဝမ်းသာစကား
အမိုး ဒေါ်သန်းသန်းလေး
ဒေါ်အောင်ဆန်းစုကြည် ၏ မိသားစုဝင်များ
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့ နယ်၊ ၀ါးသင်္ခ ကျေးရွာ မှာ ဒေါ်သန်းသန်းလေး အိမ်တွင် အိမ်ထောင်စု သန်းခေါင်စာရင်းဝင်ခဲ့သည်။ အခုလို သန်း ခေါင်စာရင်း ၀င်ခဲ့တဲ့ အတွက် မိသားစုဝင်ဖြစ်ကြတဲ့ အမိုး ဒေါ်သန်းသန်းလေး ရဲ့ ဝမ်းသာ ပီတိသံကို မေးကြည့်ရာ " " ဒီအိမ်မှာက မိသားစုဝင် စုစုပေါင်း ( ၉ ) ယောက်ရှိပါတယ်။ အကြီးဆုံးက ရီရီလွင်၊ ကျော်ဦးလွင်၊ နော်ကူးမ၊ ကျော်စွာမင်း၊ နော်ဖောလ၊ မယ်ပွား၊ မီးမီးပွား တို့ ဖြစ်ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် တိုးလာပြီ။ အဲဒီအပေါ်မှာလည်း အရမ်းဝမ်းသာသလိုကျေးဇူးလည်း
တင်တယ်၊ ၀ါသင်္ခရွာအနေနဲ့လည်း ဂုဏ်ယူတယ်၊ ၀မ်းလည်းသာသလို အားလည်းပေးကြတယ်၊ ကရင်တွေပီပီ တစ်ဦးချင်းမဟုတ်ပဲ အားလုံးတစ်ညီတစ်ညွတ်တည်း အားပေးကြတယ်၊ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည် တစ်ကြိမ်ပဲရောက်ဖူးသေးတယ်၊ သူ့ ကိုတွေ့ တွေ့ ချင်းအရမ်းဝမ်းသာတယ်၊ သူကလည်း ဒီအိမ်မှာ မိသားစုဝင်ဖြစ်တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ အဲဒီနေ့ က သူအများကြီးပြောတယ်” လို့ ပြောပါတယ်။ ဆက်လက်ပြီး ဒေါ်သန်းသန်းလေးက ပိုးကရင်ဘာသာစကားဖြင့် “ဆခုတ်ဆတား” (ကျေးဇူးတင်ပါတယ်) လို့  ပေါ်ပြူလာဂျာနယ်ကို ပြောကြားခဲ့ပါတယ်။
From ပေါ်ပြူလာဂျာနယ်
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment