Sunday, February 19, 2012

မန္တလေးတောင် အားကစားကွင်းက အိုင်စီရှိုးပွဲ ပျက်၊ နိုဘိုတယ် ဟိုတယ်တွင် ပြုလုပ်

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၆ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် အိုင်စီအဖွဲ့ တွေ့ဆုံစဉ် (ဓာတ်ပုံ-အိုင်စီ)


ဒီကနေ့ည မန္တလေးတောင် အားကစားကွင်းမှာ ဖျော်ဖြေမယ့် အိုင်းယွန်းခရော့ခ်ရှိုးပွဲကို​နေရာပြောင်းရွှေ့လိုက်တယ်လို့ ​ဒေ​သ​ခံ​တွေ​က​ ​ပြော​ပါ​တယ်​။
နိုဘိုတယ်ဟိုတယ်ကို​ ​ပြောင်းရွှေ့လိုက်ရတာ ဖြစ်ပြီး အဲဒီ အားကစားကွင်းကို အသုံးပြုခွှင့် မရတော့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီအတွက် အသေးစိတ် သိရဖို့ အိုင်စီအဖွဲ့က ကိုခင်မောင်သန်းကို ဆက်​သွယ်​ ​မေးကြည့်ရာမှာတော့ “အဲဒါက ပွဲစီစဉ်သူတွေပဲ သိမှာဗျ။ ကျနော်တို့ နေရာပြောင်းသွားတယ်တဲ့၊ နိုဘိုတယ်ဟိုတယ်ကို ပြောင်းလုပ်တယ်တဲ့​ ကျနော်​ အဲဒါပဲသိတယ်။”လို့ ​ ​ဖြေဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး အဖွဲ့လို့ ပြောလို့ရတဲ့ iron cross(အိုင်စီ)​ ​တေးဂီတအဖွဲ့မှာ လေးဖြူ၊ အငဲ၊ ၀ိုင်းဝိုင်း၊ မျိုးကြီး စတဲ့ နာမည်ကြီး အဆိုတော်တွေ ပါဝင်ပါတယ်။
မန္တလေးတောင် အားကစားကွင်းကို လာမယ့်မတ်လပိုင်းမှာ အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်အတွင်းမှာ​ ​ဟောပြောခွင့် လျှောက်ထားပြီးနောက်ပိုင်း ဒီကနေ့ည ပြုလုပ်မယ့် အိုင်စီရှိုးပွဲ အစီအစဉ်လည်း နဂိုခွင့်ပြုပြီးမှ နေရာ ပြောင်းရွှေ့လိုက်ရတာ ဖြစ်ပါတယ်။ 
အလားတူ ဒီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးခရီးစဉ်ဟာ နေရာ အခက်အခဲကြောင့် ပျက်ခဲ့ရပါတယ်။ ဒီခရီးစဉ်အတွင်း ဗထူးအားကစားကွင်းမှာ ဟောပြောခွင့် မရခဲ့တာပါ။ မြန်မာ့ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က ဗထူးကွင်းကို အားကစားဖွံ့ဖြိုးရေး လုပ်ငန်းနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာပဲ အသုံးပြုလို့ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကြောင့် လက်မခံရခြင်း ဖြစ်တယ်လို့ မီဒီယာတွေမှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီစည်းရုံးရေးခရီးစဉ် မတိုင်ခင် ရက် ၂၀ ကျော်လောက်က အဆိုတော် ၀ိုင်းစုခိုင်သိန်းရဲ့ ရှိုးပွဲကို ဗထူးကွင်းမှာ ကျင်းပခဲ့ပါတယ်။ 
From DVB

No comments:

Post a Comment