Monday, February 27, 2012

 ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်း ၀န်ထမ်းကြီးမြေကွက်ဖော်ထုတ်ခြင်း စီမံကိန်းကို ကုမ္ပဏီသုံးခုက အကောင်အထည်ဖော် ဆောင်ရွက်နေ

 

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်း ၀န်ထမ်းကြီးမြေကွက်ဖော်ထုတ်ခြင်း 
စီမံကိန်းအတွက် အမှိုက်များရှင်းလင်းနေစဉ်
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်း ၀န်ထမ်းကြီးမြေကွက်ဖော်ထုတ်ခြင်းစီမံကိန်းအား ကုမ္ပဏီသုံးခုက အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းသတင်းရရှိပါသည်။

အဆိုပါ ၀န်ထမ်းကြီးမြေကွက်များကို Great Wall  ဆောက်လုပ်ရေး၊  AM ဆောက်လုပ်ရေးနှင့် KMB ဆောက်လုပ်ရေးတို့ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ လက်ရှိတွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာလမ်းနှင့် ဒုဌ၀တီလမ်းအနီး အဆင့်မြင့်အိမ်ရာ ၁၉၆ ဧကစီမံကိန်းမြေကွက်များ ဖော်ထုတ်ခြင်းအတွက် သဲဖို့နေခြင်းနှင့် မြနန္ဒာလမ်းနှင့် ကမ်းနားလမ်းအတွင်းရှိ အမှိုက်များကို ရှင်းလင်းနေခြင်းများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
''ကျွန်တော်တို့ ကုမ္ပဏီသုံးခုက ၀န်ထမ်းကြီးမြေကွက်ဖော်ထုတ်တဲ့ စီမံကိန်းအတွက်မြေကွက်တွေ ဖော်ထုတ်ပေးရုံသတ်သတ်ပဲ လုပ်ပေးတာ။ ဒီနှစ်မိုးရာသီအကုန်လောက်တော့ မြေကွက်တွေ ဖော်ထုတ်ပေးမှုပြီးနိုင်လိမ့် မယ်ထင်တယ်။မြေကွက်တွေဖော်ပြီးသွားရင် မြို့ရွာနဲ့အိုးအိမ်ဦးစီးဌာနကို ဒီမြေကွက်တွေ အကုန်အပ်ကြရမှာပါ။ ဒီမြေကွက်တွေကို ရာထူးကြီးတဲ့ အစိုးရ၀န်ထမ်းတွေကိုချပေးဖို့အတွက် လုပ်ဆောင်တာလို့ သိထားပါတယ်'' ဟုယင်းစီမံကိန်းတွင် ပါဝင်လုပ်ဆောင် နေသည့်  AM ဆောက်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။
Ref; EMG


No comments:

Post a Comment