Tuesday, February 28, 2012

"တို့ရဲ့သစ္စာသီချင်းနဲ့ လူငယ်တွေကို ခွန်အားပေးမယ့် မာရဇ္ဇ"

 
အမျိုးသားရေးနဲ့ ဇာတိသွေးဇာတိမာန် တက်ကြွစေတဲ့ သီချင်းအခွေထဲမှာ မာရဇ္ဇကလည်း သီချင်းတစ်ပုဒ်ရေးဆိုထားပါတယ်။ သူ့သီချင်းရဲ့နာမည်က ‘တို့ရဲ့သစ္စာ’ပါ။ သီချင်းRock အမျိုးအစားပါ။
စာသားအဓိပ္ပာယ်နဲ့ ပတ်သက်ပြီးလည်း မာရဇ္ဇက အခုလို ပြောပြတာ က…”ဘယ်အရာမှ လွယ်လွယ်ကူကူမရကြဘူး ဆိုတာကို သတိပေးထားတာပါ။ ခါးသက်တဲ့ အရှုံးတွေနဲ့ ငါတို့တွေ တစ်ခါသေခဲ့ကြပြီးပြီ။ ဒီအချိန်မှာတော့ အရေးကြီးတယ်။ ဒီအချိန်မှာ ဘယ်လို ဒဏ်ရာမျိုးတွေပဲရရ၊ ဘယ်လို အခက်အခဲတွေပဲ တွေ့တွေ့ ငါတို့တွေ နောက်ဆုတ် လို့မရဘူး ဆိုတာလေးကို အစ်ကိုက ရေးထားတာပါ။ နောက်မဆုတ်ဘဲ ရှေ့ဆက်ချီ တက်ကြဖို့ လှုံ့ဆော်ထားတဲ့ သီချင်းလေးပါ။ ဒီသီချင်းက အစ်ကိုဆိုခဲ့တဲ့ ‘ခြားနားရှားပါး’လို သီချင်းမျိုးနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမဲ့ ဦးတည်ချက်တော့ မတူဘူးပေါ့။ ‘တို့ရဲ့သစ္စာ’ သီချင်း ကတော့ အားမာန် ပါတာပေါ့။ လူငယ်တွေအတွက်လည်း ခွန်အားပေးတဲ့ သီချင်းပေါ့။ ရှေ့မှာ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးပြီ။ ဒါကနောက်ဆုံး အခွင့်အရေးဖြစ်တယ်ပေါ့” လို့ ပြောပါတယ်။ မာရဇ္ဇက အခုလက်တလောမှာတော့ နောက်ထပ်အခွေသစ် တီးဖို့အတွက် Metal Zone နဲ့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
Ref; ပေါ်ပြူလာ
Ref; ပေါ်ပြူလာ


No comments:

Post a Comment