Friday, February 3, 2012

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်မှဝင်ရောက်ယှဉ်ပြိုင်ရခြင်းအကြောင်းရင်းကို ထုတ်ဖော်ပြောဆို

ယခင် န.အ.ဖ အစိုးရလက်ထက်တွင် ၀န်ကြီးဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သော ဦးဌေးဦး၏ ဖွဲ့စည်းပုံ
အခြေခံဥပဒေသည် ပြင်ဆင်ရန်မလိုပါဟု ပြောကြားချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟူသော စကားကို ပါတီစည်းရုံးရေးခရီးစဉ်များတွင်  ပြောကြားခဲ့သော
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "ဒါက လူတွေအားလုံး သဘောထားမတူနိုင်ပါဘူး။ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့တဲ့ သူတွေကတော့
ပြင်ချင်တဲ့စိတ်နဲ့ ရေးဆွဲခဲ့မှာမဟုတ်ပါဘူး။ အန်တီတို့က ပြည်သူတွေအတွက် အကျိုးမရှိတာတွေကို ပြင်ချင်တယ်လို့ပြောတာ။ အန်တီတို့ ယုံကြည်ချက်ကြောင့်ပါ" ဟု
သတင်းထောက်တစ်ဦး၏ အမေးကို မှတ်ချက်ပေးပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ရသည့် အကြောင်းအရင်းမှာ

ကရင်တိုင်းရင်းသားများ နေထိုင်ရာဒေသဖြစ်ပြီး ကရင်တိုင်းရင်းသားများနှင့် ပို၍ နီးနီးစပ်စပ် ဆက်ဆံလိုသောကြောင့်ဟု ယနေ့ညနေ ၄း၃၀ နာရီက တက္ကသိုလ်လမ်း

နေအိမ်တွင် ပြုလုပ်ခဲ့သော သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ဓာတ်ပုံ-ဝေယံ

  7Day News Journal

No comments:

Post a Comment