Tuesday, February 21, 2012

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမဲဆန္ဒနယ်ကို ပါတီစည်းရုံးရေးထွက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တတိယမြောက်အဖြစ် ဒီနေ့ ကော့မှူးမြို့နယ်ကို ပါတီစည်းရုံးရေး ခရီးထွက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်
ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ကော့မှုးမြို့နယ် မဲဆန္ဒနယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒီနေ့မနက် ကော့မှူးမြို့နယ် အဖျောက်ကျေးရွာနဲ့ ၀ါးဘလောက်သောက် ကျေးရွာတွေကို မဲဆွယ်စည်းရုံးရေးအတွက် သွားရောက်တာဖြစ်ပြီး ထောင်နဲ့ချီတဲ့ လူအုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်တရားဟောပွဲကို လာရောက်ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကို လိုက်ပါသွားတဲ့ သတင်းထောက်တွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးဒေသဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးချင်တဲ့အကြောင်း မိန့်ခွန်းပြောကြားခဲ့တယ်လို့ ရန်ကုန်သတင်းထောက်က ဆိုပါတယ်။
“ကော့မှူးမှာ ဖွံ့ဖြိုးတိုးတက်လာဖို့ကို လုပ်ပေးချင်တယ်။ လုပ်ပေးဖို့အတွက်ကို ကြံ့ခိုင်ရေးက သူတို့ ပထမထုတ်ချေးထားတဲ့ငွေတွေကို ပြန်ပြီးတော့ သိမ်းသွားတယ်ဆိုတာ ကြားတယ်။ သူတို့အနေနဲ့ကြတော့  ကြံ့ခိုင်ရေးလည်း မခွဲခြားဘူး။ ကျနော်တို့ ဘယ်လိုပြောမလဲဆိုတော့ ဘယ်ပါတီဝင်မဆို သူ့ဆီလာပြီး အကူအညီတောင်းရင် သူပြန်ပြီးကူညီမယ်ဆိုပြီး ပြောသွားတယ်။ သူက ချေးတယ်ပေါ့။ အခုပြန်သိမ်းသွားတာ ခံလိုက်ရတဲ့အတွက် အဆင်မပြေဘူးဆိုရင် သူပြန်ချေးမယ်ဆိုတဲ့ လေးသံမျိုး။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဦးဆုံးအကြိမ်အဖြစ် ကော့မှူးမြို့နယ်နဲ့ ၀ါသင်္ခကျေးရွာ၊ ဒုတိယအကြိမ်အဖြစ် ကျိုက်ထော်ကျေးရွာနဲ့ အခု တတိယအကြိမ်အဖြစ် အဖျောက်နဲ့ ၀ါးဘလောက်သောက် ကျေးရွာတွေကို သွားရောက်ခဲ့တာပါ။ 
From DVB

No comments:

Post a Comment