Thursday, February 23, 2012

ဒေါ်အောင်ဆန်းစုကြည် မိုးကောင်းမြို့ ကိုရောက်ရှိ လူထု တခဲနက်ကြိုဆို

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့မွန်းလွဲပိုင်း ၃ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် မိုးကောင်းမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ မိုးကောင်းသို့ ခရီးစဉ် တစ်လျှောက်တွင် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် KIA တပ်ဖွဲ့ဝင်များမှ လုံခြုံရေး လိုက်ပါဆောင်ရွက် ပေးခဲ့ကြကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ မိုးကောင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆိုကြသည့် လူထု ပရိတ်သတ်မှာ နမ္မတီးမြို့ထက်ပင် ပိုမိုများပြားပြီး တိုင်းရင်းသားပေါင်းစုံနှင့် လူမျိုးခြားများပါ လာရောက်ကြိုဆိုကြကြောင်း ၎င်းက ဆက်လက် သတင်းပေးပို့သည်။
မိုးကောင်းမြို့သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေပြီဖြစ်ပြီး ကျောင်းသားလူငယ်များ၊ မြို့သူမြိုသားများမှ ကြိုဆိုကြသည်ဟု မြစ်ကြီးနား NLD ဥက္ကဋ္ဌ ဦးနေဝင်းက မဇ္ဈိမကို ပြောသည်။

“ကလေးတွေ၊ လူကြီးတွေကော၊ ကျောင်းသားတွေကော၊ ကျောင်းဝတ်စုံလေးတွေနဲ့ အကုန်လုံး တခဲနက် ကြိုဆို
နေကြတယ်ဗျ။ လူကလည်း တော်တော်များပါတယ် ခင်ဗျာ့ တော်တော်များပါတယ်။ လမ်းတလျောက် အရှည်ကြီး
ပဲဗျ လူကတော့ လေးငါး ခြောက်သောင်းကျော်ရှိမယ်ဗျ။ ကြိုဆိုနေကြတာ တခဲနက်ပဲ။” ဟု ဦးနေဝင်းက ပြောသည်။

ဦးနေဝင်း၏ ဖုန်းဖြင့် ဖြေကြားမှုတွင် မိုးကောင်းလူထုမှ “အမေစု ကျန်းမာပါစေ၊ အမေစု ကျန်းမာပါစေ” ဟု ဆန္ဒပြု ဆုတောင်းသံများလည်း ကြားနေရသည်။
  From မဇ္ဈိမ

No comments:

Post a Comment