Friday, March 9, 2012

အစိုးရ နှင့် ABSDF တို့ ရန်ကုန်မြို့မှာ တွေ့ဆုံမည်

 မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်များဧပြီလပထမပတ်အတွင်းရန်ကုန်မြို့၌ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးကြ
မည်ဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောသည်။
“တွေ့ဆုံဆွေးနွေးခြင်း ကနေတဆင့် အင်အားစု အားလုံး ပါဝင်နိုင်တဲ့ တွေ့ဆုံမှုဖြစ်အောင် ကြိုးပမ်းမှာပါ၊ ဆွေးနွေးပွဲ အတွက် သွားရောက် ပြင်ဆင်တာပေါ့။ ခရီးသွားလာရေး အစီအစဉ်တကျဖြစ်ဖို့ ကြိုသွားညှိတဲ့ သဘောပါ”ဟု ဦးမျိုးဝင်းက ပြောသည်။

ABSDF တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) ရဲဘော်မြင့်ဦး အပါအဝင် အဖွဲ့ဝင် ခြောက်ဦးနှင့် အစိုးရဘက်က ဒုဗိုလ်မှူးကြီး (ငြိမ်း) စောခင်စိုး ဦးဆောင်သော ကိုယ်စားလှယ်များ မတ်လ ၈ ရက်နေ့တွင် ဘားအံမြို့၌ တွေ့ဆုံရန် ဗုဒ္ဓဟူးနေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ ထွက်ခွာသွားခြင်း ဖြစ်သည်။

ကျောင်းသားတပ်မတော် ခေါ် ABSDF ကို ၁၉၈၈ ခုနှစ် လူထုအုံကြွမှုဖြစ်ပွားပြီးနောက် နယ်စပ်သို့ ရောက်ရှိလာကြ
သော တိုင်းရင်းသားပေါင်းစုံ ကျောင်းသားလူငယ်များဖြင့် ထိုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။
Ref; မဇ္စျိမ

No comments:

Post a Comment