Saturday, March 3, 2012

အီရန်အဏုမြူဗုံး ထုတ်လုပ်နေမှုနှင့် ပတ်သက်ပြီး အမေရိကန်ထောက်လှမ်းရေးက ခိုင်မာသည့် အထောက်အထား မတွေ့ရှိသေးကြောင်း နယူးယောက်တိုင်းမ်သတင်းစာ ဖော်ပြ


အဏုမြူဗုံးတစ်လုံး ထုတ်လုပ်ရန်အီရန်က ဆုံးဖြတ်ချက်ချထားပြီဟု ယူဆနိုင်သောခိုင်မာသည့်အထောက် အထားမတွေ့ရသေးဟု အမေရိကန်ထောက်လှမ်းရေး လေ့လာသုံးသပ်သူများက ယုံကြည်နေသည်ဟု နယူး ယောက်တိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။

အီရန်သည် ယူရေနီယမ်သန့်စင်မှုစီမံကိန်းကို အရှိန်မြှင့်လုပ်ဆောင် နေသည်ဟု အပြည်ပြည်ဆိုင်ရာအဏု မြူစွမ်းအင်အေဂျင်စီ(IAEA)က ဖေ ဖော်ဝါရီလ ၂၄ရက်တွင် အသစ်ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ဖော်ပြခဲ့သော်လည်း နျူလက်နက်ထုတ်ရန် မဆောင်ရွက်သေးဟု အမေရိကန် ထောက်လှမ်းရေးအဖွဲ့များက ယူဆနေကြခြင်းဖြစ်သည်ဟု သတင်းစာက ဖော်ပြသည်။
အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဂျိမ်းစ်အာရ်ကလက် ပါဂျူနီယာက အီရန်သည် နျူလက်နက်ရရှိရေးနည်းလမ်းကို ရွေးချယ်ဖွယ်ရှိသော်လည်း နျူလက်နက်ရရှိရေးအတွက် တွန်းအားပေးလုပ်ဆောင်ရန် ဆုံးဖြတ်ချက်မချရသေးကြောင်း ဇန်န၀ါရီလ ၃၁ ရက်က အထက်လွှတ်တော်၌ ပြောကြားခဲ့ပြီး စီအိုင်အေညွှန်ကြားရေးမှူး ဒေးဗစ်အိတ်ခ်ျပီထရော့စ်ကလည်း ယင်းအတိုင်း ပြောကြားခဲ့သည်။ အမေရိကန်ကာကွယ်ရေး ၀န်ကြီး လီယွန်ပန်နက်တာနှင့် အမေရိကန် စစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ မာတင်ဒမ်ဆေးကလည်း မကြာသေးမီက ယင်းအတိုင်း ပြောကြားခဲ့ကြသည်။  အမေရိကန်ထောက်လှမ်းရေးတို့၏ အယူအဆအပေါ် အစ္စရေးတာဝန်ရှိသူများက ယုံကြည်မှုမရှိဘဲ ထောက်လှမ်းရေးအစီရင်ခံစာ မှန်ကန်မှု ရှိ၊မရှိ မေးခွန်းထုတ်ခဲ့သည်။

နျူထိပ်ဖူးတစ်ခုထုတ်လုပ်ရန် အီရန်အတွက် အလွန်လွယ်ကူနေပြီး အချိန်တိုအတွင်း အဏုမြူဗုံးရသွားနိုင်ကြောင်း စီအိုင်အေအစီရင်ခံစာကို ဝေဖန်သူများက ထောက်ပြခဲ့ ...
ဂျေရုစလင်နှင့် ဥရောပနိုင်ငံ အချို့ရှိ ထောက်လှမ်းရေးအဖွဲ့အချို့ ကမူ အီရန်သည်နျူလက်နက်ဖန်တီး နိုင်ရေးအတွက် အလွန်ခက်ခဲသည့် ယူရေနီယမ်သန့်စင်မှုလုပ်ငန်းများကို လုပ်ဆောင်နိုင်နေပြီဖြစ်ကြောင်း ထောက်ပြခဲ့သည်။ IAEA အစီရင်ခံစာများတွင်လည်း အီရန်သည် မြေအောက်လျို့ဝှက်နျူကလီးယား အဆောက်အဦတို့တွင် ယူရေနီယမ် သန့်စင်မှုလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဟု ဖော်ပြခဲ့သည်။ နျူထိပ်ဖူးတစ်ခု ထုတ်လုပ်ရန် အီရန်အတွက် အလွန်လွယ်ကူနေပြီး အချိန်တိုအတွင်း အဏုမြူဗုံးရသွားနိုင်ကြောင်း စီအိုင်အေ အစီရင်ခံစာကို ဝေဖန်သူများက ထောက်ပြခဲ့သည်။ စီအိုင်အေက ယင်းကဲ့သို့ ထုတ်ပြန်နေခြင်းမှာ အီရတ်တွင် ဖျက်အားပြင်းလက်နက်များရှိခဲ့သည်ဟု မှားယွင်းကောက်ချက်စွဲခဲ့မှုအတွက် ပြန်လည်အဖတ်ဆည်နေခြင်း ဖြစ်ဖွယ်ရှိသည်ဟုလည်း ၎င်းတို့က ဝေဖန်ခဲ့သည်။
အိန္ဒိယနှင့် ပါကစ္စတန်သည် နျူလက်နက်စမ်းသပ်မှုများကို ၁၉၉၈ ခုနှစ်တွင် အမှန်တကယ် မလုပ်ဆောင်မီ နှစ်ပေါင်းများစွာ နျူလက်နက်စီမံကိန်းကို လျို့ဝှက်ပြင်ဆင်လုပ်ဆောင်နေခဲ့ကြောင်း လေ့လာသူအချို့က ဥပမာပေး ထောက်ပြခဲ့သည်။
Ref:NewYork Times

No comments:

Post a Comment