Tuesday, March 20, 2012

ငပုတောမှာ ရှပ်ပြေးရေယာဉ်တိမ်းမှောက်

ဧရာဝတီတိုင်း ပုသိမ်- ငပုတော- သရက်တော ခရီးစဉ် ကို ပြေးဆွဲနေတဲ့ ပုသိမ်သူ  သဘောင်္ (ရှပ်ပြေး-၁၁) ရေယာဉ်ဟာ ငပုတောမြို့နယ် အနီးက ကန်ဆိပ်ရွာမှာ  ဒီကနေ့ နေလယ် ၃ နာရီ
 လောက် က တိမ်းမှောက် နစ်မြုပ်ခဲ့ပါတယ်။

သင်္ဘောပေါ်မှာ ခရီးသွား ၁၀၀ ၀န်းကျင်လောက် ပါလာပြီးတော့  လူအတော် များများ ပျောက်ဆုံး နေတယ်လို့ သိရပါတယ်။ ဆေးရုံကိုလည်း လူတချို့ ရောက်လာတယ် လို့ ဆိုပါတယ်။ ဒေသခံတွေကတော့ ၀န်ပိုတွေကြောင့် မထိန်းနိုင်ပဲ ဖြစ်ရတာ လို့ ပြောနေသလို တချို့ဒေသခံတွေကတော့ ကျောက်ဆောင်နဲ့ တိုက်မိတာလို့ ဆိုပါတယ်။
ဒါပေမယ့်  အဲဒီနေရာမှာ ကျောက်တန်း မရှိဘူးလို့  အခိုင်အမာ ပြောဆို နေကြ ပါတယ်။ ရေယာဉ် မတော်တဆ ဖြစ်ရခြင်း အကြောင်းရင်းနဲ့ သေဆုံးသူ  ရှိ၊ မရှိ သတင်းတွေကတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
Ref; DVB

No comments:

Post a Comment