Wednesday, March 14, 2012

 ကြားဖြတ်ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ထားမှု မြန်မာ-အမေရိကန်ဆွေးနွေး

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ ကြိုတင် ပြင်ဆင်ထားမှုများနှင့် စပ်လျဉ်း၍ မြန်မာ-အမေရိကန်တို့ မတ်လ ၁၂ ရက်နေ့က နေပြည်တော်တွင် ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် မြန်မာနိုင်ငံတွင် ရောက်ရှိနေသော   အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်နှင့် မတ်လ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်မျှတ၍ ဒီမိုကရေစီ နည်းလမ်းများနှင့်အညီ ကျင်းပနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ထားရှိမှုများကိုလည်းကောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်သည် မတ်လ ၁၁ ရက်နေ့မှ ၁၇ နေ့ရက်အထိ လာရောက်သည့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များသို့ သွားရောက်မည်ဖြစ်သည်။
Ref; EMG

No comments:

Post a Comment