Saturday, March 24, 2012

 ထိုင်ဝမ်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကို ချန်ရွှေဗျန်းမျှော်လင့်

ထိုင်ဝမ်သမ္မတဟောင်း ချန်ရွှေဗျန်းသည်ထောင်မှ လွတ်ရန်စိတ်အား ထက်သန်နေပြီးဖြစ်နိုင်ပါက သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ကိုကြိုဆိုမည်ဖြစ်ကြောင်းအဓိကအတိုက်အခံ ခေါင်းဆောင်တစ်ဦးက
 ပြောကြားခဲ့သည်။
လွတ်ငြိမ်းချမ်းသာခွင့်တစ်ခုသည် ခြစားမှုကြောင့် အကျဉ်းကျခံရသည်ကို ၀န်ခံရာရောက်သည်ဟု သမ္မတဟောင်းက မယူဆကြောင်း  ချန်အစိုးရအဖွဲ့မှ အမျိုးသားပေါ်လစီ အကြံပေးအရာရှိဟောင်းဟွမ်ယူးစွေ က ပြောကြားခဲ့သည်။
လွန်ခဲ့သည့်နှစ် နှောင်းပိုင်းက Taipei Penitentiary ရှိ သမ္မတဟောင်းထံသို့ သွားရောက်တွေ့ဆုံစဉ် ချန်၏ ပြောကြားချက်ကို ကိုးကား၍ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား အများအပြားမှာ အပြစ်မရှိကြောင်း ဟွမ်က ပြောကြားခဲ့သည်။
ချန်၏သား ချီချွန်ကမူ သမ္မတ မာယင်ကျိုး၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဖခင်ဖြစ်သူ လွတ်မြောက်ရေး အယူအဆကို ပယ်ချခဲ့ပြီး နောက်တစ် ကြိမ် တရားခွင်စစ်ဆေးမှုဖြင့် လွတ်မြောက်ရေးကို လိုလားကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ သို့သော်လည်း နောက်တစ်ကြိမ်တရားခွင်စစ် ဆေးနိုင်ရေး မျှော်လင့်ချက်မှာ နည်းပါးကြောင်း ချန်က သိရှိနေသည်ဟု ထိုင်ဝမ်၏ တရားရေးဆိုင်ရာ မမျှတမှုနှင့် ပတ်သက်သည့် ဖိုရမ်တစ်ခုတွင် ဟွမ်က ပြောကြားခဲ့သည်။

ချန်သည် အပြစ်ရှိကြောင်း တွေ့ရသည့် ခြစားမှုတစ်ခုအတွက် ထောင်ဒဏ် ၁၉ နှစ် ကျခံနေရပြီး နောက်ထပ် အမှုအနည်းငယ်အတွက် နောက်ဆုံးပြစ်ဒဏ်ချမှတ်မှုများကို စောင့်နေရသည်။ အသက် ၆၁ နှစ်အရွယ်ရှိ ချန်သည် အသက် ၈၅ နှစ် ၀န်းကျင်ရှိသည့်တိုင် ထောင်မှ လွတ်မြောက်ရန် မလွယ်ကူပေ။ အကယ်၍ ကမ်းလှမ်းလာပါက သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကို လက်ခံရန် ၎င်း၏ မိတ်ဆွေအများအပြားက ချန်ကို တွန်းအားပေးနေကြောင်း ဟွမ်က ပြောကြားခဲ့သည်။

သို့သော်လည်း မာယင်ကျိုး အစိုးရလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ရရန် သို့မဟုတ် အမှုပြန်လည်စစ်ဆေးရန် မဖြစ်နိုင်ကြောင်း ဟွမ်က ပြောကြားခဲ့သည်။
Ref:China Post

No comments:

Post a Comment