Monday, March 26, 2012

လှည်းတန်း ခုံးကျော်တံတား တည်ဆောက်ရန် အကြို အင်ဂျင်နီယာလုပ်ငန်းများ ပြုလုပ်

လှည်းတန်း ခုံးကျော်တံတား တည်ဆောက်ရန်အတွက် အကြို အင်ဂျင်နီယာလုပ်ငန်းများကို ပြု လုပ်နေကြောင်း ယင်းတံတားအား တာဝန်ယူ တည်ဆောက်လျက်ရှိသည့် ရွှေတောင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

လှည်းတန်း ခုံးကျော်တံတားအတွက် အကြို အင်ဂျင်နီယာလုပ်ငန်းများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ခုံးကျော်တံတား တည်ဆောက်မည့် ဧရိယာရှိ ပြည်လမ်း (ရန်ကုန်တက္ကသိုလ်ဝင်းနှင့် ကပ်လျက်)အား ချဲ့ထွင်မှု ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။ ယင်းလုပ်ငန်းများကို အင်ဂျင်နီယာနှင့် အလုပ်သမား စုစုပေါင်း ၃၀၀ ကျော်ကို အသုံးပြုထားပြီး လုပ်ငန်းများအား လမ်းညွှန်မှုကို ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီက ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
''ခုံးကျော်တံတား ဆောက်ဖို့အတွက် အကြို အင်ဂျင်နီယာလုပ်ငန်းတွေကို ပြုလုပ်နေပါတယ်။ တံတားတည်ဆောက်တဲ့ လုပ်ငန်းအပိုင်းကိုတော့ ကျွန်တော်တို့ ရွှေတောင်ကုမ္ပဏီက ပြုလုပ်တာဖြစ်ပြီး လုပ်ငန်းအား လမ်းညွှန်မှုအပိုင်းကိုတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ အခု အကြို အင်ဂျင်နီယာလုပ်ငန်းကတော့ တော်တော်လေး ပြီးနေပါပြီ''ဟု ရွှေတောင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ထို့အတူ ရွှေဂုံတိုင်မီးပွိုင့်တွင်လည်း ခုံးကျော်တံတား တည်ဆောက်ရန်အတွက် မြေစမ်းသပ်မှုနှင့် တိုင်းတာမှုလုပ်ငန်းများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
EMG

No comments:

Post a Comment