Sunday, March 25, 2012

လာမည့်ရွေးကောက်ပွဲတွင် အမတ်နေရာ သုံးပုံနှစ်ပုံရရေး ခက်ခဲမည်ဟု မလေးဝန်ကြီးချုပ်ဝန်ခံ

လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် အာဏာရ ညွန့်ပေါင်းပါတီက လွှတ်တော်အမတ် နေရာသုံးပုံ နှစ်ပုံ ရရှိရေးမှာ ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ် နာဂျစ်ရာဇတ်က မတ်လ ၁၉ ရက်တွင် ပထမဆုံးအကြိမ် ၀န်ခံပြောကြားခဲ့သည်။

လာမည့် ရွေးကောက်ပွဲ ရလဒ်များမှာ မပြတ်မသားဖြစ်ပြီး လွှတ်တော်တွင်း ပါတီများအကြား ပြိုင်ဆိုင်မှုပြင်းထန်ခြင်းနှင့်အတူ မည်သည့်ဘက်ကမျှ အပြည့်အ၀ လွှမ်းမိုးနိုင်ခြင်းမရှိသည့် ပါလီမန်(Hung Parli-ment) ဖြစ်သွားနိုင်ကြောင်း ကွာလာလမ်ပူရှိ ပြည်ပသတင်းထောက်များကလပ်၏ အခမ်းအနားတွင် ပြည် တွင်း၊ ပြည်ပဂျာနယ်လစ် ၂၀၀ ခန့် ကို နာဂျစ်က ပြောကြားခဲ့သည်။
''ကျွန်တော်တို့ အမတ်နေရာသုံး ပုံနှစ်ပုံ ရချင်ပါတယ်။ မလိုချင်ဘူးလို့ပြောရင် ကျွန်တော်လိမ်တာပဲ။ သုံးပုံနှစ်ပုံရဖို့က ကြီးမားတဲ့ စိန်ခေါ်ချက်ပဲ'' ဟု နာဂျစ်က ပြောကြားခဲ့သည်။ ''အခုအခြေအနေက ပြောင်းလဲသွားပြီ။ လူမှုကွန်ရက် မီဒီယာတွေက အားကောင်းနေပြီ။ သတင်း အချက်အလက်တွေကို လက်ဝါးကြီးအုပ်လို့ မရတော့ဘူး။ ပြည်သူတွေက ပညာပိုတတ်တယ်''ဟု ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။
မလေးရှားလွှတ်တော်သည် မည်သည့်ဘက်ကမျှ အပြည့်အ၀ အသာမရသည့် ပါလီမန်ပုံစံမျိုး ယခင်ကဖြစ်ခဲ့ဖူးခြင်းမရှိဘဲ နာဂျစ်၏ ဘာရီဆန်နေရှင်နယ် ညွန့်ပေါင်းကသာ အဓိက လွှမ်းမိုးထားခဲ့သည်။

မလေးရှားတွင် ၁၃ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်သည်။ ဘာရီဆန်နေရှင်နယ် ညွန့်ပေါင်းသည် ပြည်နယ် ငါးခုတွင် အတိုက်အခံတို့ကို အရေးနိမ့်ထားသလို ၂၀၀၈ ခုနှစ်အထွေ ထွေရွေးကောက်ပွဲတွင် ကာလရှည် အမတ်နေရာ သုံးပုံ နှစ်ပုံ ရရှိထားမှုကို စွန့်လွှတ်ခဲ့ရသည်။ 
Ref:CNA

No comments:

Post a Comment