Saturday, March 31, 2012

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် ဝါးသိင်္ခကျေးရွာသို့ ရောက်ရှိလာပြီ



ဒေါ်အောင်ဆန်းစုကြည်သည်ယနေ့ည၆နာရီ၄၅မိနစ်ခန့်တွင်ဝါးသိင်္ခကျေးရွာသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း အဆိုပါ ကျေးရွာ၌ စောင့်ဆိုင်း သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

 ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ၎င်း၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းပါ လိုက်ပါသွားပြီး ကျန်းမာရေး အခြေအနေအရ ပြင်ပဧည့်သည်များကို ည ၈ နာရီခွဲခန့် အထိသာ တွေ့ဆုံနိုင်ဖွယ် ရှိကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခွန်သာမြင့်က ပြောကြားသည်။

ကော့မှူးမြို့နယ်သို့ သွားရာ လမ်းတွင် တွံတေးမြို့နယ် အစပ်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဆွယ် စည်းရုံးရေးကားများနှင့် တွေ့ဆုံခဲ့သော်လည်း အနှောက်အယှက်၊ ခိုက်ရန်ဖြစ်ပွားခြင်း တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ၎င်းက ထပ်မံ သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ၎င်း၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းပါ လိုက်ပါသွားပြီး ကျန်းမာရေး အခြေအနေအရ ပြင်ပဧည့်သည်များကို ည ၈ နာရီခွဲခန့် အထိသာ တွေ့ဆုံနိုင်ဖွယ် ရှိကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခွန်သာမြင့်က ပြောကြားသည်။

The Voice Weekly


No comments:

Post a Comment