Wednesday, March 21, 2012

ကျောက်ဖြူ ပိုက်လိုင်းလျော်ကြေး အုပ်ချုပ်ရေးမှူးအလွဲသုံး

 
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ပျားတဲကျေးရွာတွင် ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားသော လယ်မြေအတွက်ရရှိသည့်လျော်ကြေးအား ကြတ်တိန်ကျေးရွာအုပ်ရေးမှူး ဦးအောင်စိန်ချမ်းက ငွေ ၁၉၉၈၀၀၀ (ဆယ့်ကိုးသိန်းကိုးသောင်းရှစ်ထောင်) ကျပ်ကို အတင်း အဓမ္မထုတ်ယူသွားကြောင်း လယ်မြေပိုင်ရှင် ဒေါ်စံဂိုးမက ပြောကြားပါသည်။


လယ်ယာမြေကွင်းအမှတ် (၄၇၄/၁) ၏ ပိုင်ရှင်မှာ ဒေါ်စံဂိုးမ၏ အမျိုးသား ဦးမောင်ကျန်ချီးဖြစ်ပြီး ၄င်းမှာ လေဖြတ်ရောဂါခံစားနေရပါသဖြင့် မည်သည့် အလုပ်အကိုင်မျှ မလုပ်နိုင်တော့ကြောင်း၊ ထိုမြေအားလျာ်ကြေးပေးရာတွင် ဦးမောင်ကျန်ချီးအမည်ဖြင့် မဟုတ်ဘဲ လုံးဝဆက်စပ်ပတ်သက်မှုမရှိသော ဦးအောင်စိန်ချမ်း (ဘ) ဦးအောင်ထွန်းဦး အမည်ဖြင့်သာ အမည်ပေါက်လာကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

၎င်းထုတ်ယူသွားသောလျော်ကြေးငွေမှ ပမာဏအချို့ကို ပေးရန် တောင်းဆိုရာတွင် ကြတ်တိန် ကျေးရွာအုပ်ရေးမှူး ဦးအောင်စိန်ချမ်းက ငွေလုံးဝမပေးဘဲ ‘ငွေလိုချင်ရင် တိုင်ချင်သည့်နေရာတွင်သွားတိုင်’ ဟု ရိုင်းပြစွာပြောဆိုခဲ့ကြောင်း ဒေါ်စံဂိုးမကပြောကြားခဲ့သည်။
The Voice Weekly

No comments:

Post a Comment