Monday, March 5, 2012

 နှစ်ဦးအပြန်အလှန် တရားစွဲဆိုထားသည့် အမှုတွင် မြန်မာအမျိုးသမီးဘက်မှ ခရိုင်ရုံးတွင် ပြောင်းလဲစစ်ဆေးရန် လျှောက်ထားခဲ့ပြီး မြို့နယ်တရားရုံးမှ မတ်လ ၁၄ ရက်နှင့် ခရိုင်တရားရုံးမှ မတ်လ ၉ ရက်နေ့တွင် ခေါ်ယူထား

Orchid Hotel မှ မြန်မာအမျိုးသမီး ၀န်ထမ်းတစ်ဦးနှင့် ဂျပန်နိုင်ငံသားတို့နှစ်ဦး အပြန်အလှန် အမှုဖွင့်ပြီး တရားစွဲဆိုထားသည့် ဖြစ်စဉ်တွင် မြန်မာအမျိုးသမီးဘက်မှခရိုင်တရားရုံး၌သာစစ်ဆေးရန် လျှောက်ထား

ခဲ့ပြီး မြို့နယ်တရားမှ မတ်လ ၁၄ ရက်နေ့နှင့် ခရိုင်တရားရုံးမှ မတ်လ ၉ ရက်နေ့တွင် နှစ်ဖက်မှ အကျိုးဆောင်ရှေ့နေများနှင့် တရားလို၊ တရားခံများကို ခေါ်ယူထားကြောင်း သိရသည်။
ပုဇွန်တောင်တရားရုံးမှ နှစ်ဖက်တရားလို တရားခံများနှင့် သက်ဆိုင်သူများကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့၌ အဆိုပါတရားရုံးတွင် စစ်ဆေးရန် ခေါ်ယူခဲ့သော်လည်း မြန်မာအမျိုးသမီးဘက်မှ ခရိုင်ရုံးတွင် စစ်ဆေးရန် လျှောက်ထားခဲ့မှုကြောင့်  မတ်လ ၁၄ ရက်နေ့သို့ ပြောင်းလဲ ခဲ့ကြောင်း သိရသည်။
Orchid Hotel မှ မြန်မာအမျိုးသမီး ၀န်ထမ်းဖြစ်သူ ဒေါ် ..... (၂၄) နှစ်၏ ရှေ့နေဖြစ်သူ ဦးဝင်းနိုင်က '' မြို့နယ်တရားရုံးမှာ စစ်မယ်ဆိုရင် မြန်မာအမျိုးသမီးဘက်က နစ်နာနိုင်တဲ့ အကြောင်းအရာတွေ ရှိတယ်ဆိုတဲ့ အချက်တွေနဲ့ပတ်သက်ပြီးတော့ အရှေ့ပိုင်းခရိုင် တရားရုံးမှာ ပြောင်းပြီးစစ်ဆေးဖို့အတွက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က လျှောက်ထားခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က လျောက်ထားမှုကို ခရိုင်တရားရုံးက လက်ခံခဲ့ပေမဲ့ ပြောင်းလဲစစ်ဖို့ ခွင့်ပြုချက် မကျသေးပါဘူး '' ဟု လက်ရှိ အခြေအနေနှင့်ပတ်သက်၍ သုံးသပ်ပြောကြားခဲ့သည်။
Ref; EMG

No comments:

Post a Comment