Sunday, March 4, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေ စိုးရိမ်ဖွယ်ရာ မရှိ

ယနေ့ မန္တလေး အောင်ပင်လယ်ကွင်းတွင် လူထုအား ဆယ်မိနစ်ခန့် စကားပြောပြီးနောက် ခေတ္တ အနားယူခွင့် တောင်းခံခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ်ရာ မရှိကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ပါတီစည်းရုံးရေးအတွက် ဒေသအနှံ့အပြားသို့ မရပ်မနား ခရီးသွားလာမှုနှင့် ရာသီဥတု ပြောင်းလဲမှုများကြောင့် အနည်းငယ် ခရီးပန်းသွား၍ အနားယူခဲ့ရခြင်းသာ ဖြစ်ကြောင်း၊ မနက်ဖြန် စစ်ကိုင်း ခရီးစဉ်ကို ပုံမှန်အတိုင်း သွားရောက်နိုင်မည် ဖြစ်ကြောင်း၊ ယခုသတင်း ရေးသားဖော်ပြချိန်တွင် မန္တလေး မြို့ခံများက ဂုဏ်ပြုညစာစားပွဲဖြင့် ဧည့်ခံနေကြောင်း ၎င်းက ဆက် လက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့ မနောကွင်းတွင် အချိန်တစ်နာရီ နီးပါးကြာ ဟောပြောခဲ့ပြီး ပါတီစည်းရုံးရေး တစ်လျှောက်တွင် အချိန်အကြာဆုံး ဟောပြောမှုအဖြစ် မှတ်တမ်းတင်ခဲ့သည်။

Ref; The Voice Weekly

No comments:

Post a Comment