Saturday, March 3, 2012

တရုတ်နိုင်ငံတွင် ဓာတုစက်ရုံပေါက်ကွဲမှုကြောင့် လူ ၁၃ ဦးသေဆုံး

တရုတ်နိုင်ငံမြောက်ပိုင်းရှိ ဓာတုစက်ရုံတစ်ရုံတွင် ဖေဖော်ဝါရီလ ၂၈ နေ့က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူပေါင်း ၁၄ ဦးသေဆုံးကာ လူ ၄၃ ဦးဒဏ်ရာရရှိခဲ့သည်။

ယင်းစက်ရုံသည် ဟီပေပြည်နယ် မြို့တော်ရှီကျားရွှမ်တွင်တည်ရှိပြီး အဆိုပါပေါက်ကွဲမှုသည် အနီးဝန်းကျင် ရှိ ရွာပေါင်းသုံးရွာအထိပါ ပျံ့နှံခဲ့သည်ဟု ဆင်ဟွာသတင်းဌာနမှ ထုတ်ပြန်ခဲ့၍ ဓာတ်ပုံများတွင်လည်း ပေါက်ကွဲ မှုဖြစ်ပွားရာအနီးဝန်းကျင်တွင် အပျက်အစီးများဖုံးလွှမ်းနေခဲ့ကြောင်း တွေ့ရသည်။
တရုတ်အစိုးရသည်အလုပ်ခွင် စည်းမျဉ်းများ၊ မတော်တဆဖြစ်မှုများ လျော့ကျလာအောင် လုပ်ဆောင်ပေးမည်ဟု ကတိများအထပ်ထပ်အခါခါ ပေးခဲ့သော်လည်း နိုင်ငံအတွင်းရှိ အလုပ်ခွင်လုံခြုံရေး အဆင့်အတန်းသည် ဆက်လက်နိမ့်ကျလျက်ရှိသည်။ ၂၀၁၁ ပထမကိုးလပတ်အတွင်း လုပ်ငန်းခွင်ဆိုင်ရာမတော်တဆမှုများကြောင့် လူ ၅၀၀၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း တရုတ်အာဏာပိုင်များက အစောပိုင်းက ထုတ်ပြန်ခဲ့သည်။
Ref:AFP

No comments:

Post a Comment