Wednesday, March 14, 2012

 ပြည်တွင်းဘဏ် ၁၁ဘဏ်နှင့် ချိတ်ဆက်ထားပြီး အွန်လိုင်းမှတစ်ဆင့် ငွေပေးချေခြင်း၊ ငွေလွှဲပို့ခြင်း၊ ငွေလက်ခံခြင်း ပြုလုပ်နိုင်သော MyanPay စနစ်စတင်

မြန်မာဘဏ်၁၁ဘဏ်နှင့်ချိတ်ဆက်ထားပြီးအွန်လိုင်းမှတစ်ဆင့်ငွေပေးချေခြင်း၊ ငွေလွှဲပို့ခြင်း၊ ငွေလက်
ခံခြင်းပြုလုပ်နိုင်သော Myan Pay စနစ် (MyanPay Secure Online Payment System -Beta Version)ကို မတ်လ ၁၂ ရက်နေ့မှ စတင်၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

“MyanPay ၀န်ဆောင်မှုက ပြည်တွင်းဘဏ်တွေရဲ့ ငွေလွှဲပို့ဝန်ဆောင်မှုအပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ Third-party Online Payment System (online pay ment gateway) စနစ်ဖြစ်ပါတယ်။ ပြည်တွင်းဘဏ် ၁၁ ဘဏ်နဲ့ ချိတ်ဆက်ထားပြီး စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ရော၊ တစ်ဦးတစ်ယောက်  ချင်းအနေနဲ့ရော အသုံးပြုနိုင်ပါတယ်” ဟု MyanPay ၀န်ဆောင်မှုကို စီမံခန့် ခွဲနေသည့် Myanmar Soft-Gate Technology Co., Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။
MyanPay ၏ Personal Account ဖြင့် တစ်ဦးတစ်ယောက်ချင်း ကိစ္စရပ်များ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဈေးဝယ်ယူခြင်း၊ ငွေပို့ငွေလွှဲခြင်း၊ လှူဒါန်းခြင်းစသည်တို့ လုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း၊ Business Account  သည် စီးပွားရေးလုပ်ငန်းများ အတွက် ဖြစ်ပြီး Personal Account ကဲ့သို့ အသုံးပြုနိုင်မည့်အပြင် Online Business လုပ်ငန်းများ၊ အရောင်း အ၀ယ်လုပ်ငန်းများ စသည်တို့ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ MyanPay ၀န်ဆောင်မှုကို ၀န်ဆောင်ခနှင့် ကျသင့်သည့် အခကြေးငွေ ရယူသွားမည်ဖြစ်ပြီး ငွေပမာဏအပေါ် မူတည်ကာ နှုန်းထား သတ်မှတ်ထားပြီး ရာခိုင်နှုန်းအလိုက် ဈေးနှုန်းအဆင့်ဆင့် လျှော့ချပေးသည့် စနစ်ဖြစ်ကြောင်း သိရပါသည်။
Ref; EMG

No comments:

Post a Comment