Monday, March 12, 2012

 မြန်မာနိုင်ငံ တစ်နိုင်ငံလုံး လိုလိုတွင် နေ့အပူချိန်များ လက်ရှိထက် တိုးလာမည်ဟု သိရ PDF

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးလိုလို တွင် နေ့အပူချိန်များ လက်ရှိ အပူချိန်ထက် တိုးလာမည်ဖြစ်ကြောင်း Myanmar Climate Change Watch တွင် ဖော်ပြချက်ထားများ အရ သိရှိရသည်။
၂၀၁၂ ခုနှစ်မတ်လပထမပတ်  နှင့်ဒုတိယပတ်အတွင်း နှိုင်းယှဉ်ကြည့်ပါက မတ်လ ဒုတိယပတ်အတွင်း နေ့အပူချိန်များ ပိုမိုမြင့်တက် လာခဲ့ကြောင်းလည်း သိရှိရသည်။
၂၀၁၂ခုနှစ် မတ်လ ၉ ရက်နေ့ တွင် ထုတ်ပြန်ချက်များအရ ရန်ကုန် မြို့၏ အပူချိန်မှာ ၃၈ ဒီဂရီစင်တီ ဂရိတ်ထိခဲ့ကြောင်း၊ မတ်လ ၅ ရက် နေ့ ထုတ်ပြန်ထားချက်များ အရ ရန်ကုန်မြို့၏ အမြင့်ဆုံးအပူချိန်မှာ ၃၅ ဒီဂရီ စင်တီဂရိတ် ဖြစ်သောကြောင့် ရက်ပိုင်းအတွင်း ၃ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်ခဲ့ကြောင်းလည်း သိရှိရသည်။
အလားတူ မန္တလေးမြို့၏ အမြင့်ဆုံး အပူချိန်မှာ ၃၀ ဒီဂရီ စင်တီဂရိတ်မှ ၃၅ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်လာခဲ့ကြောင်းလည်း သိရှိရသည်။
Ref; EMG

No comments:

Post a Comment