Sunday, April 29, 2012

မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဓါတ်ပုံ (Google Images)
မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယခုည(ဧပြီလ ၂၈ ရက်နေ့) ၉ နာရီ ၄၀ မိနစ်ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်းEleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။

ဖောက်ခွဲသူမှာ ခန့်မှန်ခြေ အသက် ၂၀ ၀န်းကျင်အရွယ်ဖြစ်ပြီး ရှေ့မှသွားသော ရဲကားအား နောက်မှ ဆိုင်ကယ်နှင့်လိုက်၍ ဗုံးဖောက်ခွဲမှုပြုလုပ်ရာမှ အဆိုပါဗုံးမှာ လူငယ်၏ ပါးစပ်ထဲတွင်ပင် ပေါက်ကွဲသွားပြီး ထိုသူသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖောက်ခွဲသူတွင် M20 ပစ်စတို တစ်လက်ပါလာပြီး ကျည်ထိုးပြီးသားဖြစ်နေကြောင်းနှင့် အခြား ကျည်ဆံ ၆ တောင့်ကိုလည်း ၎င်းအနီးတွင်တွေ့ရှိရကြောင်း ဗုံးဖောက်ခွဲသူစီးနင်းလာသည့် ဆိုင်ကယ်မှာ CZL 125 GLN ဖြစ်ပြီး မူဆယ် ပြည်တောင်စုလမ်းမကြီးပေါ်ရှိ  ဆင်ရတနာဟိုတယ်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း ဖောက်ခွဲခဲ့သူမှာ သေဆုံးသွားခဲ့ပြီး မျက်နှာတစ်ခုလုံး ပျက်စီးသွားသောကြောင့် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်းနှင့် ယခုတစ်ကြိမ်ဆိုလျှင် ဧပြီလအတွင်း ဒုတိယအကြိမ်မြောက် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပြီး ပထမတစ်ကြိမ်က မူဆယ် ၁၀၅ မိုင် ယာဉ်စစ်ဆေးရေးဂိတ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Eleven Media Group သတင်းအရ သိရှိရသည်။
MNN

No comments:

Post a Comment