Monday, April 23, 2012

နိုင်ငံရပ်ခြားကိုရောက်နေတဲ့ ဘ၀တူငယ်သူငယ်ချင်းပေမယ့် သတိထားစရာပါ

ထိုင်း နိုင်ငံမှာအလုပ်သွားလုပ်နေတဲ့ကိုအေးလွင်ရဲ့ငယ်သူငယ်ချင်းပေမယ့်သူ့အပေါ်မှာလိမ်လည်သွား
ပုံကိုတစ်ခြားမိတ်ဆွေများသူ့လိုအလိမ်မခံရအောင်သတိပေးတဲ့ ပေးစာလေးကိုမူရင်းအတိုင်းတင်ပေး
လိုက်ပါတယ်။


ရခိုင်ပြည်နယ်၊ မာန်အေင်မြို့နယ်၊ ဘူးရေမျက် ကျေးရွာနေ အဘိုးဦးချီးဘာကြီး၊အဘွား ဒေါ်ဆိတ်ဆီမတို့၏
မြေး။ (အဘနည်မည်(မသိပါ) ထိုင်းနိုင်ငံတွင် လိပ်စာပျောက်ပြီး သေမှန်းရှင်မှန်းမသိရပါ)
 မောင်အောင်ဆန်းမင်း (ခေါ်)ထွန်းဖြူ (ထိုင်းနိုင်ငံ၊ပကျွတ်ခရိုင်၊ကွီဘူရီ နာနတ်သီး စက်ရုံတွင်)
လုပ်ကိုင်ခဲ့သော  မောင်အောင်ဆန်းမင်း (ခေါ်)ထွန်းဖြူ သည် ထိုင်းနိုင်ငံ၊ပကျွတ်ခရိုင် စာလာလိုင်
နာနတ်သီး စက်ရုံတွင် လုပ်ကိုနေသော ကျနော် မောင်အေးလွင်ထံ မှ ဘတ်ငွေ 18999 ဘတ် တန်ဘိုးရှိ
ဗီဒီယို ရိုက်ကူးသည့် ကင်မရာတစ်လုံးအား 27/3/2012 နေ့တွင် ငှားယူသွားပြီး 6/4/2012 နေ့တွင်
မြန်မာနိုင်ငံ သို့ ထွက်ပြေးသွားပါသည်။ မောင်အောင်ဆန်းမင်း (ခေါ်)ထွန်းဖြူ တွင် နောက်ထပ်ပေးစရာ
အကြွေးများလဲ ရှိနေပါသေးတယ်.....ကျနော် မောင်အေးလွင် နှင့် မောင်အောင်ဆန်းမင်း (ခေါ်)ထွန်းဖြူ
သည် တရွာတည်းနေ သူငယ်များဖြစ်ပါသည် ..... မောင်အောင်ဆန်းမင်း (ခေါ်)ထွန်းဖြူ သည် သူ၏ ဇနီးဖြစ်သူ
မွန်မ(မုတုံ)မြို့ သို့ ပြန်သွားကြောင်း မြ၀တီမှ သူငယ်ချင်းတစ်ယောက်၏ ဖုန်းဆက် ပြောလာသောကြောင့်
သိရှိရပါသည်။ မောင်အောင်ဆန်းမင်း (ခေါ်)ထွန်းဖြူ ၏ ထိုင်းနိုင်ငံတွင် သုံးသော ဖုန်းနံပါတ်မှာ 0882304756
ဖြစ်ပါသည်။ မြန်မာနိုင်ငံ မုတုံ မြို့တွင်နေထိုင်သော သူများ အနေနဲ့  မောင်အောင်ဆန်းမင်း (ခေါ်)ထွန်းဖြူ
အား ပေါင်းမိပါက ကျနော် ကဲ့သို့ အလိမ် မခံရအောင် ဒီစာလေးကို ရင်နာနာ နှင့် ရေးမိနေပါသည်
မောင်အောင်ဆန်းမင်း (ခေါ်)ထွန်းဖြူ နှင့် ကျနော်သည် တရွာတည်း ကြီးပြင်းလာသူ များဖြစ်ပါသည်
ထိုကဲ့ သို့ ကြီးပြင်လာသည့် သူငယ်ချင်းဆိုသော အသိကိုတောင် မထောက်ထားသူသည် အခြားသော
သူများအား လိမ်လည်မှာကို တွန့်တိုနေမည် မဟုတ်ပါကြောင်း အားလုံးသိအောင် ဒီစာလေးကို ရေးလိုက်ရပါသည်
မောင်အောင်ဆန်းမင်း (ခေါ်)ထွန်းဖြူ ၏ ဓါတ်ပုံအား တင်ပေးပါဦးမည်
 
အားလုံးကို လေးစားလျှက် မောင်အေးလွင်

Ever November

No comments:

Post a Comment