Monday, April 2, 2012

ငါတို့အားလုံးရဲ့ အမေနှင့် NLD အပြတ်အသတ်အောင်ပွဲခံခဲ့ပါပြီ...



အားလုံးချစ်တဲ့ အမေ နိုင်သွားပါပြီလို့ ..
အဖွဲ့ချုပ်က တရားဝင်ကြေညာလိုက်ပြီ။
မင်္ဂလာပါအမေ။

ဖုန်းမော်ရွှေ ကုန်းအော်နေလဲ လွှတ်တော်ထဲရောက်သွားပြီ
အနီရောင်ပုလဲ
 လားရှိုးမြို့ ကိုယ်စားလှယ်
ရေကြည်မြို့နယ်
ဒေါက်တာလှမြတ်သွေး
ကြံ့တွေကို သနားတယ်တဲ့..
အသာလုပ်ပါ စစ်ကိုင်းသားတွေရယ်....

စစ်ကိုင်းတိုင်းက အမတ်မင်း ဒေါက်တာမြင့်နိုင်ပါ
လွှတ်တော်သို့ ၀င်မည်

အန်ကန်ကြီး ဦးပေါခင်
နွားထိုးကြီးမြို့နယ်အမတ်
ပခုက္ကူသားတွေက လွှတ်တော်ကို အတင်းပို့တယ်
ပြည်သူကြိုက်တဲ့ ဦးပိုက်
မရမ်းကုန်းမှာ ကြံ့စိတ်ပျက်အောင်လုပ်တဲ့ ဒေါက်တာမေ၀င်းမြင့်
လှည်းကူးလဲ ကျွဲကူးရေပါဖြစ်ပြီ

(ဆိုင်လားမဆိုင်လားတော့ မသိဘူး။ ကာရံမိအောင်လို့) :P
စိတ်ထားဖြူတဲ့ ..အန်တီဖြူ
တောင်ညွန့်နယ်မှာ အနိုင်ယူ
ဒဂုံဆိပ်ကမ်း.. အနီရောင်လွှမ်းခဲ့ပြီ။
ဂုဏ်ယူပါတယ် ဒေါက်တာမျိုးအောင်

မဟာအောင်မြေဟာ .. မဟာအောင်မြေဖြစ်ခဲ့ပြီ

မန္တလေးသားတွေပေးတဲ့ NLD အနိုင်


သုံးခွက လူတွေကို
ပြုံးပြလိုက်ချင်တယ်.. နည်းနည်းဝေးနေလို့.. :P

သုံးခွလွှတ်တော်အမတ် ဒေါ်စုစုလွင်ပါ။
ဂုဏ်ယူပါတယ် အန်တီ
ဘာာာာာာာ နေပြည်တော်လဲ...
အဲဒီနေပြည်တော်မှာပဲ .. ဒီလူငယ်လေး နိုင်ခဲ့တာ...

ဇေယျာသော်.. လွှတ်တော်အမတ်
နေပြည်တော်အနိုင်ပါ
လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူပါတယ် အစ်မစန္ဒာ
ဒီတစ်ခါ .. အစ်မ ပြုံးရမယ့် အလှည့်ပါ။
စစ်ကိုင်းရဲ့ မျှော်လင့်ချက်
ဒီမိုကရေစီ (အစစ်) အတွက်...

အမတ်မင်း ဦးခင်မောင်သိန်း
ဦးမန်းဂျော်နီ
လှမ်းနော်အတည်
ပြည်သူ့ လွှတ်တော်ဆီ
ကျောက်ပန်းတောင်းလည်း လက်ခမောင်းခတ်လို့ရပြီ မိတ်ဆွေတို့...

အမတ်မင်းဒေါက်တာဇော်မြင့်မောင်ပါ
ပြင်ဦးလွင်ရဲ့ အမတ်
NLD ရဲ့ သူရဲကောင်း
ဖျာပုံက ကမ္ဘာတုန်မယ့် ပြည်သူ့သစ္စာ

အမတ်မင်း ဦးသိန်းဆွေပါ

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅၇)

ငါးခါပြန် ထောင်ထွက်ကို မြင်ဖူးလား
မမြင်ဖူးရင် ကြည့်ထား...
ပြည်သူအတွက်ဆို ထောင်ထဲက တစ်သက်လုံးမထွက်ဘူးဆိုတဲ့လူတွေ
NLD မှာ အများကြီး။

လောင်းလုံက အမတ်မင်းပါ။
အတိုင်းမသိ ဂုဏ်ယူပါတယ် ဦးအောင်စိုး။
နှစ်ပေါင်းများစွာ ငွေနောက်မလိုက်ဘဲ
ဆင်းရဲသားတွေအတွက် အသက်ရှင်ခဲ့တဲ့ ဒေါက်တာမကြီးပါ။

ကလောမြို့ရဲ့ ဆင်းရဲသား ရပ်ကွက်တွေမှာ သူ့နာမည်သတင်း အလွန်မွှေးပါတယ်။

ဒေါက်တာသန်းငွေ NLD ပါခင်ဗျာ..။
သနပ်ပင်က NLD အမတ်
ဦးမြင့်ဦးဖြစ်ပါတယ်။

သနပ်ပင်သားများအား ဂုဏ်ယူပါတယ်ဗျာ.
တောင်ငူက ပြည်သူတွေပေးတဲ့ ဆန္ဒ
ဦးအောင်စိုးမြင့် ရတယ်။
ဦးဝင်းထိန်
မိတ္ထိလာအမတ်မင်း

သူစိုက်သလောက် သူပြန်ရိတ်သိမ်းခွင့်ရပြီပေါ့..
နေပြည်တော်အနိုင်တွေက ပိုချိုတယ် ..ပရိသတ်..
ဘယ့်နှယ့်လဲ ... သဘောပါသလားဟေ့... ။ :P

ဦးမင်းသူပါခင်ဗျာ..
ရွှေမြိုင်သူ ..ရွှေမြိုင်သားတွေ တမေးထဲ မေးနေတဲ့..
မော်လမြိုင်အမတ် ဒေါ်ခင်ဌေးကြွယ်ဆိုတာလားခင်ဗျာ..
နိုင်ငံလင်းဖြစ်သည်။
လွှတ်တော်အမတ်ဖြစ်သည်။
NLD မှဖြစ်သည်။
နေပြည်တော်မှ နိုင်သည်။ 

  
၈၈ ကတည်းက နိုင်ငံရေးဇာတ်ခုံပေါ်မှာ
NLD ရဲ့ အရေးပါတဲ့ ဇာတ်ရုပ်အဖြစ် လှုပ်ရှားခဲ့သူပါ။

သစ္စာကြီးသော၊ စွဲမြဲသော ဦးကျော်မင်းကိုမှ
လက်ပံတန်းပြည်သူတွေကလည်း ယုံကြည်ပါတယ်တဲ့။
ကဲ.. လွှတ်တော်ကို တက်ပါပြီ။

(အိပ်တော့ မငိုက်နဲ့နော်) :P
မင်းကင်းမဲဆန္ဒနယ်က ဒေါ်ခင်မွှေးလွင်ပါ။

၁၉၈၈ ကတည်းက နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ပြီး
၁၉၉၀ ကတည်းက NLD အတွက် အလုပ်လုပ်ပေးခဲ့သူပါ။
အခုတော့ သူနဲ့ ထိုက်တန်တဲ့ အမတ်ခုံတစ်နေရာ လွှတ်တော်ထဲမှာ ရပါပြီဗျာ။
ဟုတ်ကဲ့.. ဆယ်တန်းအောင်ပါတယ်ခင်ဗျ
ဟုတ်ကဲ့ .. ဘွဲ့လည်းရပါတယ်ခင်ဗျ ...
ခင်ဗျာ... B.Sc(Chem) ဘွဲ့ပါခင်ဗျ..
အင်္ဂလိပ်စာပြပေးတဲ့ ဆရာပါခင်ဗျာ..
ဟုတ်ကဲ့ .. ထန်းတစ်ပင် အုတ်တွင်းက ပြည်သူ့အရွေးချယ်ခံ
ဦးမင်းဦးပါခင်ဗျ... :P
၁၉၉၀ မှာ ဓနုဖြူနယ်ကနေ အမတ်တစ်ခါဖြစ်ဖူးပါတယ်။

အခု ၂၀၁၂ မှာတော့ ပုသိမ်ကနေ အမတ်ဖြစ်ပါတယ်။
မတူညီတဲ့ ဒေသနှစ်ခုကနေ အမတ်နှစ်ခါဖြစ်တဲ့ ဦးဝင်းမြင့်ပါ။

ဂုဏ်ယူပါတယ်ခင်ဗျာ။
ဘိတ်သားတွေ .. စကားဝဲတယ်.. သစ္စာမလဲဘူး။
NLD ဆို .. NLD ပဲ..

ဒေါ်တင်တင်ရီ
ကျွန်းစုလွှတ်တော်အမတ်
၁၉၉၀ မှာ တစ်ခါနိုင်ဖူးတယ်။
အဲဒီတုန်းကတော့ လွှတ်တော် မတက်လိုက်ရဘူးပေါ့။
အခု ၂၀၁၂ မှာ တစ်ခါ ထပ်နိုင်တယ်။
ဒီတစ်ခါတော့ လွှတ်တော်တက်ဖို့ သေချာပါပြီ။

အန်ကန် ဦးကျော်မြင့်
မြန်အောင်လွှတ်တော်အမတ်ဖြစ်ပါတယ်။
2010 မှာ မနိုင်ခဲ့ပေမယ့်
2012 မှာ နိုင်ခဲ့ပါပြီ။

မအူပင်က ဦးစိန်ဝင်းဟန်ပါ။


တံတားဦးမှာ သတင်းယူနေတဲ့ သူငယ်ချင်းသတင်းထောက်က
အစောပိုင်းမှာ အခြေအနေမကောင်းဘူးပြောလို့ စိတ်ပူနေသေးတယ်။
နောက်ဆုံးတော့လဲ ရွှေဘက ရွှေဘ ပါပဲ။


ဒေါ်ခင်သန္တာ
တံတားဦးက ငယ်ငယ်ရွယ်ရွယ်လွှတ်တော်အမက်ပါ
(ငယ်တယ်ဆိုပေမယ့် ဆယ်တန်းလည်း အောင်ပြီးသားနော်)
ဥပဒေနဲ့ ဘွဲ့ရထားတာ.
Ref; Linn Yaung (Facebook) 

No comments:

Post a Comment