Wednesday, May 16, 2012

Big brother မီးဆိုင်းမှ တစ်ဆင့် မြင်နိုင် ကြားနိုင်ပြီး လိုက်နာရန် စကား ပြောဆိုစေမည်

စွမ်းအင်ချွေတာ နိုင်မည့် လမ်းမီးတိုင် တံဆိပ်သစ် တစ်မျိုးကို အမေရိကန် ပြည်ထောင်စုတွင် မိတ်ဆက်လိုက်ပြီ ဖြစ်ကာ ကာလရှည်ကြာသုံးစွဲနိုင်မည့် အပြင် LED မျက်နှာပြင်ပါ ကြော်ငြာများ လည်း ပါဝင်ပြီး မြို့နေ လူထု၏ နေထိုင် လှုပ်ရှားပုံများကိုလည်း ထောက်လှမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

တစ်ခုလျင် ဒေါ်လာ ၃ ထောင်နှင့် အထက်ရှိမည် ဖြစ်သည့် အဆိုပါ လမ်းမီးတိုင်များမှာ လက်ရှိတွင်  Detroit, Chicago နှင့်Pittsburgh မြို့များတွင်စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကာ နောက်ပိုင်းတွင် နိုင်ငံ
အနှံ့ တဖြည်းဖြည်း တိုးမြှင့် သုံးစွဲသွားမည် ဖြစ်ကြောင်း ABC သတင်းတွင် ဖော်ပြခဲ့သည်။ အဆိုပါ လမ်းမီးတိုင်ကို Illuminating Concepts ကုမ္ပဏီမှ ထုတ်လုပ်ထားခြင်း ဖြစ်ကာ ယင်းစနစ် အတွင်း ပြည်ထဲရေး အဖွဲ့မှ ပြည်သူများ လုံခြုံရေး အတွက် လည်း နည်းပညာသစ်များ မိတ်ဆက်ထားကြောင်း သိရသည်။

မီးတိုင် တစ်ခုချင်းစီတွင် မိုက်ခရိုပရော့စက်ဆာ တစ်ခုစီ ပါဝင်ပြီး  iPhone ကဲ့သို့ ကြိုးမဲ့ ဆက်သွယ်ရေး လုပ်ငန်း ကို လုပ်ဆောင်နိုင်မည့် အပြင် လူများ၏ လှုပ်ရှား သွားလာပုံကို ဓါတ်ပုံ ဖမ်းယူထားနိုင်ကာ အနားတွင် ဖြတ်သွားခိုက် ပြောကြားနေမှုများကိုလည်း မှတ်သား ထားနိုင်ပြီး အသံဖြင့်ပင် အမိန့်ပေးစေ ခိုင်းစေနိုင်ကြောင်းလည်း သိရသည်။ ယခု မီးတိုင်ကို ထုတ်လုပ်သူ ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်သော Ron Harwood မှ ပြောရာ၌ ယခုလို စနစ်ကို လွန်ခဲ့သည့် ၉/ ၁၁ အရေးအခင်း နောက်ပိုင်းတွင် စဉ်းစားမိခဲ့ခြင်း ဖြစ်ပြီး ပြည်ထဲရေး အဖွဲ့နှင့် ပူးပေါင်းကာ ပြည်သူများ အကြား သတင်း အချက်အလက် ပိုမို ရရှိစေပြီး ပိုမို လုံခြုံစေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
MRTV4

No comments:

Post a Comment