Thursday, May 3, 2012

လွှတ်တော်အတွင်းမှာ ခွပ်ဒေါင်းတို့ ပျံသန်းဖို့ တောင်ပံစခတ်ပါပြီ

ပထမအကြိမ်ပြည့်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် NLD မှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၄)ဦးတို့ ကတိသစ္စာပြုပါပြီ။

ပြည်သူလူထုစောင့်စားမျှော်လင့်နေသောအများကြိုက်ခေါင်းဆောင်ဖြစ်သည့်   ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၃)ဦးတို့သည်  ကတိသစ္စာပြုလွှာပါစာသားများနှင့် ပတ်သတ်ပြီး လွှတ်တော်သို့ဝင်ရောက်ရန် အခက်အခဲဖြစ်နေရာမှ ပြည်သူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းနိုင်စေရန်အတွက် ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ တက်ရောက်ပြီး ကတိသစ္စာပြုခဲ့
တာဖြစ်ပါတယ်။

    ပြည့်သူ့ လွှတ်တော်အစည်းအဝေး ကျင်းပသည့် ယနေ့ (၂.၅.၂၀၁၂)ရက် နေ့ နံနက် (၉း၃၀)အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၄)ဦးတို့ ပြည်သူ့လွှတ်တော်အစည်းအဝေးခမ်းမ သို့ရောက်ရှိလာရာ အခြားပါတီများမှ ကိုယ်စားလှယ်တော်ကြီးများက လှိုက်လှုက်လှဲလှဲ ၀မ်းပမ်းတသာ ကြိုဆိုနှုတ်ဆက်သည်ကို တွေ့ရပါတယ်။

    အခြားပါတီများမှ ကိုယ်စားလှယ်တော်ကြီးများက လှိုက်လှုက်လှဲလှဲ ၀မ်းပမ်းတသာ ကြိုဆိုကြပေမယ့်လည်း တစ်ချို့သော ပါတီကိုယ်စားလှယ်များကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မီဒီယာသမားများ ၀ိုင်းနေတော့သိသိသာသာ မျက်နှာလေးတွေငယ် နေတာကိုလည်း တွေ့ရသလို လွှတ်တော်မှာ မျက်နှာမမြင်ခင်တုံးက ပြောချင်ရာ ပြောတဲ့ လူတစ်ချို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘေးမှာ မျက်နှာကြီး ပြုံးဖြီးဖြီးနဲ့လည်း တွေ့ရပါတယ်။

    NLD မှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာ(၃၇)နေရာ ရရှိခဲ့ပြီး ဦးဇေယျာသော်၊ ဦးဖြိုးမင်းသိန်းနှင့် ဒေါ်စန္ဒာမင်းတို့မှာ နိုင်ငံခြားသို့ ခရီးလွန်နေသဖြင့် ကတိသစ္စာပြုရာတွင် တက်ရောက်နိုင်ခြင်းမရှိသေးကြောင်းလည်း သိရပါတယ်။






နေပြည်တော်သတင်းထောက် (Myanmar News Now)

No comments:

Post a Comment