Wednesday, May 30, 2012

အသင်းမှ ထွက်ခွာတော့မည့် ယာကူဘူ

ဘလက်ဘန်း အသင်းရဲ့ တိုက်စစ်မှူး ယာကူဘူဟာ အသင်းမှ ထွက်ခွာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ယာကူဘူ အသင်းမှ ထွက်ခွာဖို့ အတွက်နည်းပြ ဖြစ်သူ စတိဗ်ကိန်းကို အတည်ပြု ပြောကြားခဲ့ပြီ ဖြစ်ပြီး ဘလက်ဘန်း အသင်း အနေနဲ့ အင်္ဂလန် ချန်ပီယံရှစ်ကို တန်းဆင်းခဲ့တာကြောင့် အခုလို အသင်းမှ ထွက်ခွာဖို့ စီစဉ်လာရတာပဲ ဖြစ်ပါတယ်။

ဘလက်ဘန်း အသင်းရဲ့ တိုက်စစ်မှူး ယာကူဘူ အနေနဲ့ အင်္ဂလန် ချန်ပီယံရှစ်မှာ လိုက်ပါ မကစားလိုတာကြောင့် အသင်းမှ ထွက်ခွာမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ် အသင်း တစ်သင်းမှာ ကစားခွင့်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ယာကူဘူဟာ ပြီးခဲ့တဲ့ ရာသီက ဘလက်ဘန်း အသင်းနဲ့ သွင်းဂိုး ၁၇ ဂိုး အထိ ရရှိအောင် သွင်းယူနိုင်ခဲ့ပေမယ့် ဘလက်ဘန်း အသင်းကိုတော့ ပရီးမီးယားလိဂ်မှာ ဆက်ရှိအောင် မကူညီနိုင် ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုချိန်မှာ ပရီးမီယားလိဂ်ကို တန်းတက် လာခဲ့တဲ့ ရီးဒင်း အသင်းနဲ့ ဆောက်သမ်တန် အသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် ယာကူဘူရဲ့ လစာ အခြေအနေနဲ့ ပြောင်းရွေ့ကြေးတို့ကို စောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။

ယာကူဘူဟာ ပိုစ့်မောက် ၊ မစ်ဒဲလ်ဘရော့ အဲဗာတန် အစရှိတဲ့ အသင်းတွေမှာ ကစားခဲ့ဖူးသူ ဖြစ်ပြီး ဘလက်ဘန်း အသင်းကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ အဲဗာတန် အသင်းကနေ ပြောင်းရွေ့ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယာကူဘူဟာ နိုက်ဂျီးရီးယား လက်ရွေးစင် အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး တစ်ဦလည်း ဖြစ်ပြီး နိုက်ဂျီးရီးယား အသင်းနဲ့အတူ ၅၇ ပွဲ ပါဝင် ကစားထားကာ ၂၁ ဂိုး အထိ သွင်းယူပေးထားကြောင်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment