Wednesday, May 23, 2012

ပြည်တွင်း စီးပွားရေး ကဏ္ဍ အချို့တွင် ရင်းနှီး မြှုပ်နှံရန် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့ လာရောက် ဆွေးနွေး

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်သို့ ဂျပန် နိုင်ငံမှ Mr-Shigeru OYAMA ခေါင်းဆောင်တဲ့
ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံမှ စီးပွားရေး ကဏ္ဍ အချို့မှာ ရင်းနှီး မြှုပ်နှံဖို့ အတွက် ပြည်တွင်းရှိ  ကိုယ်စားလှယ် အချို့နဲ့ မေလ ၂၂ ရက်နေ့က လာရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။ ဒီလို ဆွေးနွေးရာမှာ ဆောက်လုပ်ရေး၊ ရေသန့်စင်ခြင်း လုပ်ငန်း၊ Computer and IT ပညာရပ် အကြောင်း၊ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်း၊ ခရီးသွား လုပ်ငန်းနဲ့ ရုပ်သံ ထုတ်လွှင့်ခြင်း လုပ်ငန်း အစရှိတဲ့ လုပ်ငန်းရပ် များကို ဆွေးနွေး ခဲ့ပါတယ်။

ဒီလို ဆွေးနွေးမှု များအပြင် ပြည်တွင်းမှာ ရင်းနှီး မြှုပ်နှံမှုတွေ ရှေ့ဆက် လုပ်ဆောင် သွားဖို့ အတွက်လည်း စီစဉ် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သီလ၀ါ စက်မှုဇုန် စီမံကိန်းမှာ ဂျပန်နိုင်ငံမှ စတင် လုပ်ဆောင် နေမှု၊ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်သွားဖို့ အတွက်လည်း ရှိတယ်လို့ သိရပါတယ်။ ဒီလို တွေ့ဆုံ ဆွေးနွေးပွဲကို မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် တွေနှင့် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ် ၁၀ ဦး တက်ရောက် ဆွေးနွေး ခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။
MRTV4

No comments:

Post a Comment