Tuesday, May 15, 2012

မြန်မာလက်ရေးမူ စနစ်ပါသည့် တရုတ်နိုင်ငံထုတ် ကျောက်သင်ပုန်း ကို ကွန်ပျူတာနှင့် တွဲဖက်အသုံးပြုနိုင်မည်



ပထမဦးဆုံး တီထွင်ထားတဲ့ i Pad ကိုပုံစံတူပြုလုပ်ထားတဲ့ မြန်မာလက်ရေးမူစနစ်ပါတဲ့ တရုတ်နိုင်ငံထုတ် ကျောက်သင်ပုန်းဟာ ကွန်ပျူတာနဲ့ တွဲဖက်အသုံးပြု ရာမှာ  ဖြစ်တယ် လို့ မြန်မာလက်ရေးမူ စနစ် ကျောက်သင်ပုန်း နဲ့ ဘဏ်သုံး စက်ပစ္စည်း မိတ်ဆက်ပွဲ အခမ်းအနားမှ သိရှိရပါတယ်။ အဆိုပါ လက်ရေးမူ စနစ် ကျောက်သင်ပုန်း ဟာ လုပ်ငန်းခွင်မှာ မြန်မာ ရုံးလုပ်ငန်းသုံး စာပေးစာယူ ပြုလုပ်နိုင်ပြီး နေအိမ်မှာလည်း မိမိရဲ့ မိသားစု သူငယ်ချင်း မိတ်ဆွေများကို စက္ကူပေါ်မှာ စာရေးပြသလို ဆက်သွယ်မှုများ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

အဲ့ဒီ လက်ရေးမူ စနစ် ကျောက်သင်ပုန်းဟာ Internet, e-mail ကိုအသုံးပြုနိုင်ပြီး မြန်မာစာလက်ရေးတို ကို တိကျစွာ ဖတ်ယူနိုင်ခြင်း ၊ ပင်ကိုယ် လက်ရေးဟန် ကိုလည်းလေ့လာ ဖတ်ယူ နိုင်စွမ်း ရှိတယ်လို့လည်း သိရပါတယ်။ အဆိုပါ လက်ရေးမူစနစ် ကျောက်သင်ပုန်းကို Window XP, Window Vista eJY Window-7 စနစ်ပါဝင်တဲ့ ကွန်ပျူတာတွေနဲ့ တွဲဖက်အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာလက်ရေးမူစနစ် ကျောက်သင်ပုန်းဟာ ကျပ် ကိုးသောင်းခြောက်ထောင် ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
MRTV4

No comments:

Post a Comment