Monday, May 21, 2012

 ၂၀၁၂ ခုနှစ် ပထမလေးလတာ ကာလအတွင်း မြန်မာနိုင်ငံကူး လက်မှတ် ခြောက်သောင်းနီးပါး ထုတ်ပေးခဲ့ပြီး ဖေဖော်ဝါရီလတွင် အများဆုံးထုတ်ပေးခဲ့


မြန်မာနိုင်ငံကူး လက်မှတ် လာရောက်လျှောက်ထားသူများကို တွေ့ရစဉ်

၂၀၁၂ ခုနှစ် ပထမလေးလတာ ကာလအတွင်း မြန်မာနိုင်ငံကူးလက်မှတ် ခြောက်သောင်းနီးပါး ထုတ်ပေးခဲ့ပြီး ဖေဖော်ဝါရီလတွင် လက်မှတ် အများဆုံး ထုတ်ပေးခဲ့ရကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ မှ သတင်းရရှိသည်။
ယခုနှစ် ဇန်န၀ါရီလမှ ဧပြီလ အထိ မြန်မာနိုင်ငံကူး လက်မှတ် ၅၉၉၆၄ ခုထုတ်ပေးနိုင်ခဲ့ပြီး ဖေဖော်ဝါရီလတွင် ၁၈၆၅၉ ခုဖြင့် အများဆုံးထုတ်ပေးခဲ့ရကြောင်းနှင့် ထိုသို့ ထုတ်ပေးရာတွင် အမျိုးသား ၃၄၉၄၅ ဦး၊ အမျိုးသမီး ၂၅၀၁၉ ဦးပါဝင်ကြောင်း သိရှိရပါသည်။
အလားတူ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ယာယီမြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးများမှလည်း ယာယီမြန်မာနိုင်ငံကူး လက်မှတ်အရေအတွက် ခုနစ်သိန်းကျော် ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ယာယီ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေး မှုကိုတာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ ရနောင်းမြို့များတွင် ထုတ်ပေးလျက် ရှိပြီး၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၀ ရက် နေ့မှ ၂၀၁၂ ခုနှစ် မေလ ၃ ရက် အထိယာယီ မြန်မာနိုင်ငံကူး လက်မှတ် စာအုပ် ၇၈၇၇၈၁ ထုတ်ပေးခဲ့ ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရာတွင် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပုံမှန် မြန်မာနိုင်ငံကူး လက်မှတ် လျှောက်ထားသူများအား တစ်လအစား ၂၁ ရက်ဖြင့် မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးခဲ့ကြောင်း နှင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ အလုပ်သမား နိုင်ငံကူးလက်မှတ် သက်တမ်းကို ယခင်သုံးနှစ်မှ လေးနှစ်သတ်မှတ်ခြင်း၊ သင်္ဘောသားနိုင်ငံကူး လက်မှတ် သက်တမ်းတိုး လျှောက်ထားမှုများအား ယခင်တစ်လမှ နှစ်ပတ်ဖြင့် ထုတ်ပေးခြင်းနှင့် သင်္ဘောသား အသစ် နိုင်ငံကူးလက်မှတ်များအား ၂၁ ရက်ဖြင့် ထုတ်ပေးခြင်းစသည်ဖြင့် ဖြေလျှော့ပေးခဲ့ကြောင်း သိရှိရသည်။
EMG

No comments:

Post a Comment