Friday, May 25, 2012

အိုလံပစ် မီးရူးတိုင် သယ်ဆောင်ရာမှာ ပါဝင်ခဲ့သည့် ဒရော့ဘာ

ချဲလ်ဆီး အသင်းရဲ့တိုက်စစ်မှူး ဒရော့ဘာဟာ ၂၀၁၂ လန်ဒန်အိုလံပစ်အတွက်မီးရူးတိုင်သယ်ဆောင်ရာမှာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ချဲလ်ဆီး အသင်းရဲ့တိုက်စစ်မှူး ဒရော့ဘာဟာ အင်္ဂလန် နိုင်ငံမှာ လည့်လည် သယ်ဆောင်နေပြီ ဖြစ်တဲ့ အိုလံပစ် မီးရူးတိုင် သယ်ဆောင်ရာ လမ်းကြောင်းမှာ တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင်ခဲ့တ ဖြစ်ပြီး ဆွန်ဒန်မြို့ကို ဖြတ်ကျော်ရာ လမ်းအပိုင်းမှာ သယ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒရော့ဘာရဲ့ ဘေးမှာ ပရိသတ် အစုအဝေးဟာလည်း ခြံရံလိုက်ပါ လာခဲ့ကြပြီး အများစုဟာ ချဲလ်ဆီး အသင်း ၀တ်စုံကို ၀တ်ဆင်ထားတဲ့ ချဲလ်ဆီး အသင်းရဲ့ ပရိသတ်များလည်း ဖြစ်ပါတယ်။ ဒရော့ဘာဟာ ၂၀၁၂လန်ဒန်အိုလံပစ်စာတန်းပါအဖြူရောင်ဝတ်စုံကိုဝတ်ဆင်ကာမီးရူးတိုင်ကိုသယ်ဆောင်လာခဲ့တာ ဖြစ်ပြီး ပရိသတ်များကို လည်း လက်ပြ နှုတ်ဆက်ခဲ့တာကို တွေ့ရပါတယ်။ ဒရော့ဘာဟာ မီးရူးတိုင်ကို ဆွန်ဒန်မြို့ အလယ်အထိ သယ်ဆောင်လာခဲ့တာ ဖြစ်ပြီး အိုလံပစ် မီရူးတိုင် သယ်ဆောင်ရေး အဖွဲ့ဝင်များက ၀န်းရံ လိုက်ပါ လာခဲ့ပါတယ်။ ဒရော့ဘာဟာ ချဲလ်ဆီး အသင်း ပရိသတ်များရဲ့ အော်ဟစ် အားပေးခြင်း ခံခဲ့ရပြီး ဒရော့ဘာဟာ မကြာမီမှာ အသင်းမှ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့သူလည်း ဖြစ်ပါတယ်။

ဒရော့ဘာဟာ တရုတ်ကလပ် ရှန်ဟိုင်း ရှန်ဟွာ အသင်းကို ထွက်ခွာဖို့ အတွက် ချဲလ်ဆီး အသင်းမှ ထွက်မှာဖြစ်ပြီး ချဲလ်ဆီး အသင်းအတွက်  ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဆုဖလား ရရှိရေးမှာ အဓိက နေရာက ပါဝင် စွမ်းဆောင် ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒရော့ဘာဟာ ချဲလ်ဆီး အသင်းရဲ့ ဗိုလ်လုပွဲ ပွဲစဉ်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး ချဲလ်ဆီး အသင်းရဲ့ ဗိုလ်လုပွဲ ၉ ပွဲကို ပါဝင် ကစားထားရာမှာ ၉ ဂိုး အထိ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment