Monday, May 28, 2012

ဆုဖလား မရရှိပါက အသင်းမှ ထွက်ခွာဖွယ် ရှိသည့် ဗန်ပါစီ

ဟော်လန် တိုက်စစ်မှူး ဗန်ပါစီက ဆုဖလား ရရှိမှသာ အသင်းမှာ ဆက်ရှိနေဖို့ ဆန္ဒရှိကြောင်း အာဆင်နယ် အသင်းကို ပြောကြားခဲ့ပါတယ်။ ဗန်ပါစီ နဲ့အာဆင်နယ် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ လာမယ့် နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ မန်စီးတီး အသင်းက ဗန်ပါစီကို တစ်ပတ်လုပ်ခ ပေါင် နှစ်သိန်း အပါအ၀င် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ နဲ့ ခေါ်ယူဖို့  ပြင်ဆင်နေတာ တွေ့ရပါတယ်။

အာဆင်နယ် အသင်းဟာ ကိုလုံး တိုက်စစ်မှူး ပိုဒေါ့စကီး နဲ့ မောင့်ပယ်လီယာ ကစားသမား ဂီရော့တို့ကို ခေါ်ယူထားပြီး ဗန်ပါစီကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ပစ်မှတ် ထားနေပါတယ်။ အာဆင်နယ် အသင်းဟာ ဗန်ပါစီကို စာချုပ်သစ် မချုပ်ဆိုနိုင်ပါက လာမယ့် နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖွယ် ရှိပါတယ်။ အာဆင်နယ် အသင်းက ဗန်ပါစီရဲ့ အသင်းပြောင်းဖို့ ရည်ရွယ်ချက်က ငွေကြေးကြောင့် မဟုတ်ကြောင်း ၊ မိမိတို့ အသင်းဟာ လာမယ့် နွေရာသီမှာ ဆုဖလား ဆွတ်ခူးနိုင်မယ့် အခြေအနေ မရှိရင် သူ့အနေနဲ့ အသင်းပြောင်းဖွယ် ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဗန်ပါစီဟာ ပြီးခဲ့တဲ့ ရာသီက ဂိုး ၃၀ သွင်းယူပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ် အသင်း ချန်ပီယံလိဂ် ၀င်ခွင့် ရရှိခဲ့တဲ့ နေရာမှာ ဗန်ပါစီရဲ့ ခြေစွမ်းက အဓိက ကျခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment