Thursday, May 24, 2012

၂၀၂၀အိုလံပစ်ပွဲတော်ကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့်ရရန် ဂျပန် မျှော်လင့်



ဂျပန်နိုင်ငံအစိုးရရဲ့ ၂၀၂၀အိုလံပစ်ပွဲတော်ကို တိုကျိုမြို့မှာ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပမယ့် အစီအစဉ်ဟာ ၂၀၁၆ခုနှစ်ပွဲအတွက် လျှောက်ထားချက်ထက်ပိုပြီး အခြေအနေ ကောင်းနိုင်တယ်လို့ ဂျပန်အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ ဆူနဲကာဇူ တာကဲဒါက ပြောကြား ခဲ့ပါတယ်။ ဥက္ကဋ္ဌ တာကဲဒါဟာ ဒီကနေ့မှာ ကျင်းပမယ့် နိုင်ငံတကာ အိုလံပစ်ကော်မတီ အမှုဆောင်ဘုတ် အဖွဲ့အစည်းအဝေးကို တက်ရောက်ဖို့ ကနေဒါနိုင်ငံ ကွေ့ဘက်မြို့ကို ရောက်ရှိ နေစဉ် အဆိုပါ ထင်မြင်ချက်ကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဘုတ်အဖွဲ့ဟာ ၂၀၂၀နွေရာသီ အိုလံပစ် အားကစားပွဲတော်ကို လက်ခံကျင်းပခွင့်ရဖို့ မျှော်လင့်ထားကြတဲ့ မြို့အသီးသီးရဲ့ လျှောက်လွှာတွေကို စစ်ဆေးတော့မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ ၂၀၁၆ခုနှစ်မှာ အိုလံပစ် ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပဖို့ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရ ပြီးနောက် ၂၀၂၀ခုနှစ်မှာ လက်ခံကျင်းပခွင့်ရဖို့ အကြိတ်အနယ် ပြင်ဆင်နေပါတယ်။ ဂျပန်နိုင်ငံ အပြင် တူရကီ၊ အဇာဘိုင်ဂျန်၊ ကာတာနဲ့ စပိန်နိုင်ငံတို့ကလည်း အဲ့ဒီ ၂၀၂၀အိုလံပစ် အားကစားပွဲတော်ကို လက်ခံကျင်းပခွင့်ရဖို့ လျှောက်ထားကြကြောင်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment