Wednesday, May 30, 2012

လက်ဘနွန်နယ်စပ်တွင့် ဆီရီးယား တို့ လုံခြုံရေး တိုးမြှင့်ထား

ဆီရီးယားအစိုးရဟာ နိုင်ငံအရှေ့ ဘက်လက်ဘနွန် နိုင်ငံနဲ့နယ်စပ်ဒေမှာ ပြီးခဲ့တဲ့ ၂၄နာရီအတွင်း လုံခြုံရေးတွေ တိုးမြှင့်ချထားခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ဆီရီးယားနိုင်ငံအတွင်းကို လက်နက်တွေ မှောင်ခိုတင်သွင်းမှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားမှုတစ်ခု ဖြစ်နိုင်ကြောင်း လက်ဘနွန်နိုင်ငံ ဘက်မှ ပြောကြားခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံဘက်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ပြောကြားချက်အရ ဆီရီးယား သံချပ်ကားယာဉ်တွေဟာ လက်ဘနွန်နိုင်ငံနဲ့ နယ်စပ်တစ်လျှောက်မှာ နေရာယူထားပြီး မှောင်ခိုကူးရာမှာ အသုံးပြုနိုင်ခြေရှိတဲ့ နှစ်နိုင်ငံ ဆက်သွယ်ထားတဲ့ နယ်စပ်ဖြတ်လမ်းတွေ အားလုံးကို စောင့်ကြည့်နေကြောင်း သိရပါတယ်။

ဒါ့အပြင် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ ၀င်တွေကလည်း ကင်းလှည့်စောင့်ကြည့်မှုတွေကို အရင်ကထက် ပိုမိုတင်းကြပ်စွာ လုပ်ဆောင်လျက် ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း နယ်စပ်အစောင့် တပ်ဖွဲ့က မှောင်ခိုသမား သုံးဦးကို ပစ်ခတ် ဖမ်းဆီးခဲ့တဲ့အတွက် ၁ဦးသေ၊ ၁ဦးဒဏ်ရာရာခဲ့ပြီး ကျန် ၁ဦးကတော့ ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
MRTV4 

No comments:

Post a Comment