Thursday, May 24, 2012

မလေးရှားနိုင်ငံအတွင်း ရေနေ သဘာဝဥယျာဉ်များ တိုးပွားလာရန် စီစဉ်



မလေးရှား သဘာဝအရင်းအမြစ်နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းဝန်ကြီးဌာနက နိုင်ငံအတွင်း လက်ရှိ ရေနေသဘာဝဥယျာဉ် ၄၂ခုရှိနေရာမှ ၂၀၂၀ခုနှစ်မတိုင်မီ အရေအတွက် ၅၀အထိ တိုးပွားလာအောင် စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီ့အတွက် ရေနေသဘာဝဥယျာဉ်ဌာနက လတ်တလောမှာ ဒေသခံ အစိုးရတွေနဲ့ပူးပေါင်းပြီး ကျွန်းတွေကို ပင်လယ် ကာကွယ်ရေးနေရာများ အဖြစ် ပြန်တမ်းထုတ်ဖို့ ဆောင်ရွက်နေပါတယ်။ ကေဒါ ပြည်နယ်အစိုးရက ကျွန်း ၃ကျွန်း၊ ပီရက်ခ် ပြည်နယ်အစိုးရက ကက်ပလွမ် ဆမ်ဘီလန်ရှိ ကျွန်းအမြောက်အမြားနဲ့ ဆာဘာ ပြည်နယ် အစိုးရကလည်းတခြား ကျွန်းတွေကို ထောက်ပံ့ပေးဖို့ သဘောတူထားကြောင်း သိရပါတယ်။

ဒီလို ရေနေ သဘာဝဥယျာဉ်တွေ များပြားလာဖို့ စီစဉ်တာဟာ ၂၀၁၀ခုနှစ်က ထားရှိခဲ့တဲ့ ဇီဝမျိုးကွဲညီလာခံရဲ့ ဦးတည်ချက်ကို ဖော်ဆောင်မယ့် ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ မလေးရှား သဘာဝအရင်းအမြစ်နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုတိယ၀န်ကြီး ဂျိုးဇက် ကာရက်က ပြောပါတယ်။ လက်ရှိ မလေးရှား ရေနေ သဘာဝဥယျာဉ်တွေမှာ ငါးမျိုးစိတ် တစ်ထောင့်တစ်ရာ၊ သန္တာမျိုးစိတ် ၅၅၀နဲ့ တခြားရေနေသတ္တ၀ါမျိုးစိတ် ၂၀၀ခန့် ထားရှိ ထားတယ်လို့ သိရှိရပါတယ်။
MRTV4

No comments:

Post a Comment